Thursday, December 10, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ (၄)နာရီခွဲအချိန်ခန့် ငဖဲမြို့နယ်၊ သာယာကုန်းကျေးရွာနေ ဦးခင်မောင်ဝင်း (၄၈)နှစ်သည် သာယာကုန်းရွာ၏ အရှေ့ဘက် (၂)မိုင်ခန့်အကွာရှိ မန်းချောင်းအတွင်း ရေနစ်သေဆုံး နေကြောင်း သတင်း အရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ခင်မောင်ဝင်းသည် ရေအနက် (၃)ပေ ခန့်၊ ရေပြင် အကျယ် (၂၀)ပေခန့်ရှိသော မန်းချောင်းအတွင်း တစ်ဦးတည်း ကျင်စက်ဖြင့် ငါးဖမ်းနေ စဉ် ရေထဲသို့ လဲကျ ကာ ရှော့ဖြစ်၍ ဓါတ်လိုက်ပြီး ရေနစ်သေဆုံး နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဓမ္မတာ အတိုင်း ဟုတ်/ မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ငဖဲမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၅ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video