Friday, March 25, 2016

၂၅.၃.၂၀၁၆ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မကွေးမြို့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းရှိ ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး အစည်း အဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်း သိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်သန်းသန်းနွယ် မှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား (Heat Storke) အပူချိန်မြင့်မားမှု အန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 
အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲတို့မှ တပ်ဖွဲ့ဝင် အရာရှိ(၂၃)ဦး၊ အခြားအဆင့်(၂၁)ဦး၊ စာရေးဝန်ထမ်း(၃)ဦး၊ မိသားစုဝင် (၈၂)ဦး၊ စုစုပေါင်းအင်အား (၁၇၉)ဦး တက်ရောက်ခဲ့ကြောင်း သိရပြီး ဟောပြောပွဲတွင် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်သန်းသန်းနွယ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ ဒေါ်ဥမ္မာအေးမှ (Heat Storke) အပူချိန်မြင့်မားမှု ဖြစ်ပေါ်လာပုံနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစိုးညွန့်မှ မီးလောင်မှု ဖြစ်စဉ်များနှင့် မီးသတ်ဆေးဗူးအသုံးပြုနည်း၊ မီးဘေးအန္တရာယ် ကာကွယ်ရေး ပညာပေး ဟောပြော ဆွေးနွေးခဲ့ကြပြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဌမှ မြို့နယ်ကျန်းမာ ရေးမှူး ဒေါက်တာ ဒေါ်ဥမ္မာအေး နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစိုးညွန့် တို့အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ တက်ရောက်လာကြသော တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များအား (၁)ဦးလျှင် ဓါတ်ဆားတစ်ထုပ်စီနှင့် (Heat Storke) အပူချိန် မြင့်မားမှု အန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင် ဖြန့်ဝေပေးခြင်း များ ပြုလုပ်ခဲ့ပြီး နံနက် ၉ နာရီခွဲ အချိန် ဟောပြောပွဲ ပြီးဆုံးခဲ့ပါကြောင်း သတင်း ရရှိပါသည်။






Monday, March 21, 2016

၂၀၁၆ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နေ့လည် (၁)နာရီအချိန်ခန့်တွင် မကွေးမြို့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်း အတွင်းရှိ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေခန်းမ၌ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာ ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပြီး ဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်လွင်၊ ဦးစီးအရာရှိ ပထမတန်း (ဦး/ရေး/ထောက်)၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၊ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ကော်မတီ (၃)ရပ်မှ အဖွဲ့ဝင် (၁၂)ဦး၊ သတင်းမီဒီယာ အဖွဲ့ဝင် (၈)ဦး၊ ရပ်မိရပ်ဖ (၁၈)ဦး၊ စုစုပေါင်းအင်အား (၄၃)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်လွင်မှ ရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ရဲတပ်ဖွဲ့၏ အားနည်းချက်များ ရှိပါက ပြည်သူ လူထုမှ အကြံပြုပြော ကြားပေးရန် လိုအပ်ကြောင်း မကွေးမြို့ပေါ်တွင် တက္ကသိုလ် ကျောင်းသား များ ရှိနေသဖြင့် ကျောင်းသားလူငယ် များအကြား မူးယစ်ဆေးဝါးအန္တရာယ်များ ကြုံတွေ့လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါးသတင်းများ ရရှိပါက ရဲတပ်ဖွဲ့သို့ အမြန်ဆုံး သတင်းပေးစေလိုကြောင်း၊ လက်ရှိအခြေ အနေအရ ယာဉ်တိုက်မှုများမှာ ယခင်ကထက် များပြားလာသဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အရေးယူဆောင်ရွက်မှုထက် ပညာပေးဟောပြောမှုများကို ပိုမိုလုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ မကွေးတိုင်း ဒေသကြီးအနေဖြင့် မြို့ပြများထက် ကျေးလက်တောရွာများတွင် မှုခင်းဖြစ်ပွားမှု ပိုမိုများပြား နေသဖြင့် ကျေးရွာများအထိ ကွင်းဆင်းပြီး မှုခင်းများ ကျဆင်းရေးအတွက် ပညာပေးဟောပြောမှုများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တက်ရောက်လာသော အဖွဲ့များမှ ရဲတပ်ဖွဲ့၏ အားနည်းချက် ၊ အားသာချက် များကို အပြုသဘောဆောင်သော ထောက်ပြဝေဖန် အကြံပြုချက်များ ပေးစေလိုကြောင်း မီဒီယာများအနေဖြင့်လည်း မိမိတို့ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး ပြည်သူများအကျိုးရှိစေမည့် သတင်းအချက်အလက်များကို ရေးသားစေလိုကြောင်း၊ ရဲတပ်ဖွဲ့မှလည်း မီဒီယာများ၏ ပါဝင်ဆောင်ရွက်မှုကို ကြိုဆိုလျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက် လာသူများအနက်မှ မြို့မိမြို့ဖတစ်ဦးဖြစ်သော မကွေးမြို့ပေါ်ရှိ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း နာယက ဦးထွန်းဆိုင် မှလည်း မကွေးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို အားရကျေနပ် ပါကြောင်း၊ ၄င်းတို့အနေဖြင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မကွေးတိုင်းဒေသကြီးအား ဖွံ့ဖြိုးတိုးတက်အောင် အစဉ်တစိုက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ သတင်းမီဒီယာအဖွဲ့များမှလည်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် အားရကျေနပ်လျက် ရှိပါကြောင်း၊ ရဲတပ်ဖွဲ့၏ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများတွင်လည်း ပူးပေါင်း ဆောင်ရွက်လို ပါကြောင်း မီဒီယာအဖွဲ့များကိုယ်စားလှယ် တစ်ဦးမှ ပြန်လည်ဆွေးနွေး ပြောကြား ခဲ့ပြီး ညနေ (၃)နာရီ (၂၀)မိနစ် အချိန် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။



 

Sunday, March 13, 2016

၂၀၁၆ ခုနှစ်၊ မတ်လ ၁၃ ရက် 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပေါင်းနားရပ်ကွက် နေသူ အောင်မျိုးနိုင် (၂၂)နှစ်သည် ၄င်းနေအိမ် “ရှိန်းရာဇာ”ဒီဂျစ်တယ် ဓါတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေး လုပ်ငန်း ဆိုင်ခန်းအတွင်း ကွန်ပျူတာ စာစီစာရိုက် လုပ်ကိုင်နေစဉ် လျှပ်စစ်မီး ပြတ်တောက်သဖြင့် UPS ကြားခံ ဘက်ထရီနှင့် ချိတ်ဆက် အသုံးပြုစဉ် အပူလွန်ကဲပြီး UPS မီးလောင်ကျွမ်းခဲ့ရာ မီးလောင်ရာသို့ စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ စလင်းမြို့နယ် မီးသတ်ဦးစီးမှူး နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စလင်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေသူ ပြည်သူများ၊ စုစုပေါင်း အင်အား (၃၀)ဦးခန့်တို့မှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် UPS (၁)လုံး (တန်ဖိုး ၅၀၀၀ိ/-) ခန့် ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီးပေါ့ဆစွာ သုံးစွဲသူ အောင်မျိုးနိုင်အား စလင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၂/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။



၂၀၁၆ ခုနှစ်၊ မတ်လ ၁၃ ရက် 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်း နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် မတ်လ ၁၂ ရက်နေ့ ည (၇)နာရီ (၄၅)မိနစ်အချိန်ခန့် ပွင့်ဖြူ-စလင်းကားလမ်း မိုင်တိုင်အမှတ် (၂၇/၅ နှင့် ၂၇/၄) မကျီးရုံကျေးရွာ တောင်ဘက် အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းကားလမ်းအတိုင်း စလင်းဘက်မှ ပွင့်ဖြူဘက်သို့ ပွင့်ဖြူမြို့နယ်၊ ရွှေဘိုရွာသစ်ကျေးရွာနေသူ ဌေးအောင် (၃၇)နှစ် မောင်းနှင်လာသော ၁၀ယ/xxxxx ကန်ဘို ၁၂၅ အစိမ်းရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက် (၃)ပေခန့်အကွာရှိ ထနောင်းပင်အား ၀င်ရောက် တိုက်မိခဲ့ပြီး ဌေးအောင် မှာ ရရှိသောဒဏ်ရာများဖြင့် အခင်းအဖြစ် နေရာတွင် သေဆုံးသွားခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ဌေးအောင်အား ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်း နယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

၂၀၁၆ ခုနှစ်၊ မတ်လ ၁၃ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အမှတ်(၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲတပ်ဖွဲ့ဝင် များသည် မတ်လ ၁၃ ရက်နေ့ နံနက် (၃)နာရီခွဲအချိန်ခန့် မကွေးမြို့၊ ကန်သာရပ်ကွက်၊ သစ္စာလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သစ္စာလမ်းအတိုင်း ပြည်တော်သာလမ်းဘက်မှ အထက(၁) လမ်းဘက်သို့ မကွေးမြို့၊ ရန်ဝေးရပ်ကွက်နေသူ ဟန်သာဖြိုး (၂၉)နှစ် မောင်းနှင်လာသော ၁၃ယ/xxxx Super Four Honda CB 400 အနက်ရောင် ဆိုင်ကယ်နှင့် ၎င်းလမ်းအတိုင်း မျက်နှာချင်းဆိုင်မှ မကွေးမြို့၊ ကန်သာ ရပ်ကွက်နေသူ နောင်နောင်ဇော် (၂၇)နှစ် မောင်းနှင်သော ၃၆ယ/xxxxx KENBO 125 အနက်ရောင် ဆိုင်ကယ်တို့ အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိရာ ဟန်သာဖြိုး နှင့် နောင်နောင်ဇော် တို့တွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့၍ မကွေးတိုင်းဒေသကြီး ဆေးရုံသို့ တင်ပို့ကုသစဉ် ဟန်သာဖြိုးမှာ သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဟန်သာဖြိုးနှင့် နောင်နောင်ဇော် တို့အား မကွေးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

Friday, March 11, 2016



အယ်နီညိုအကျိုးသက်ရောက်မှု ဘော်ပြင်းရွာတွင်ဟောပြော
ဂန့််ဂေါ မတ် ၉
အယ်နီညို အကျိုးသက်ရောက်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို မတ် ၉ ရက် ညနေက ဂန့်ဂေါမြို့နယ် ဘော်ပြင်းရွာ ဓမ္မာရုံတွင်ပြုလုပ်ရာ မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဟောပြောပွဲကျင်းပခြင်းနှင့်စပ်လျှဉ်း၍ ရှင်းလင်းသည်။
အဆိုပါဟောပြောပွဲတွင် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်က အပူဒဏ်အန္တရာယ် အကြောင်းအရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာအေး က အယ်နီညို ရာသီဥတုဖြစ်ပေါ်နိုင်မှုအပေါ် လိုက်နာဆောင်ရွက်ရန်အချက်များနှင့် စိုက်ပျိုးရေးနည်းပညာများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်လွင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသန်းထက်အောင်က မီးသတိပြုရေး တို့ကို ရှင်းလင်းဟောပြောဆွေးနွေးကြကြောင်း နှင့် အလားတူ အသိပညာပေးဟောပြောပွဲကို မတ် ၈ ရက် နေ့လယ်ပိုင်းတွင် ညောင်လယ်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်လည်း ပြုလုပ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဂန့်ဂေါမြို့။


အောင်လံမြို့တွင် နေအိမ်တစ်လုံး မီးလောင်
အောင်လံ မတ် ၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့ တရော်ကုန်းရပ်ကွက်ရှိ မီးရထားလမ်း အနောက်ဘက်
တွင် မတ်လ(၈)ရက်နေ့ နေ့လည်(၃း၀၅)နာရီအချိန်က လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည် ။ ဖြစ်စဉ်မှာ တရော်ကုန်းရပ်ကွက်တွင်နေထိုင်သူ ဦးစန်းယုတို့ မိသားစုသည် နေအိမ်၏ တောင်ဘက်နှင့် အရှေ့တောင်
ဘက်တို့တွင် ဇီးကိုင်းခြောက်များကို စုပုံထားလေ့ရှိပြီး ၊ ၎င်းတို့၏ အရှေ့ဘက်တွင် မီးရထားလမ်းနှင့် လှည်းလမ်းတို့ ရှိရာ လမ်းသွားလမ်းလာများမှလွှင့်ပစ်သော ဆေးလိပ်မီးမှ စတင်လောင်ကျွမ်းခြင်းဖြစ်နိုင်ပြီး ဦးစန်းယု၏ မြေစိုက် ၀ါးကြမ်းခင်း ၀ါးထရံကာ သွပ်မိုး (၃)ပင်အိမ် တန်ဖိုး(၃၀၀၀၀၀)ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ရသည် ။
အခင်းဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကိုနှင့်တပ်ဖွဲ့ဝင်များ
မီးသတ်ဦးစီးမှူး ဦမင်းသိမ်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အရံမီးသတ်တပ်ဖွဲဝင်များ ၊ တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် ဦးအေးကျော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းတို့မှ မြို့နယ်မီးသတ်ယာဉ်(၂)စီး ၊ ရပ်ကွက်မီးသတ်ယာဉ်(၆)စီး စုစုပေါင်း(၈)စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်လွယ်စေတတ်သော အရာဝတ္ထုများကို နေသားတကျမထားပဲဖြစ်စေ ပေါ့လျှော့မှုကြောင့်ဖြစ်စေ ပျက်ကွက်ခဲ့သူ ဦးစန်ယု (ဘ) ဦးညီမောင်အား အောင်လံမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။



အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
မကွေး မတ် ၉
အမျိုးသမီးထုတစ်ရပ်လုံး၏ လူ့အခွင့်အရေးလှုပ်ရှားမှု သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအား မကွေးမြို့၊နန်းထိုက်သူဟိုတယ်၌ ယနေ့နံနက် ၉ နာရီမှ ညနေ၅နာရီ အချိန်ထိ ကျင်းပခဲ့ရာ နယ်ပယ်အဖွဲ့အစည်းအသီးသီးမှ အမျိုးသမီးများ ၊ ဖိတ်ကြားထားသူများ အင်အား( ၁၅၀ )ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရောင်ခြည်သစ် ဒါရိုက်တာ ဒေါ်ခင်လှမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက အဖွင့်အမှာစကားပြောကြားရာတွင် `` နိုင်ငံနဲ့လူမျိုး တိုးတက်ရေးကိစ္စတွေမှာ အမျိုးသမီးတွေဟာ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း ကမ္ဘာတစ်ဝှမ်းမှာ အမျိုးသမီးတွေ ကတော့ ခုချိန်ထိနည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံခံနေရတုန်းပဲဖြစ်ပါတယ်။ ဒီလိုဆက်ဆံခံနေရတာတွေကလည်း အမျိုးသားတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် အမျိုးသမီးအခွင့်အရေးတွေအတွက် အမျိုးသားတွေကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ် ပါတယ်´´ ဟု အကြံပြုပြောကြားခဲ့သည်။
အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ သမိုင်းကြောင်းအား ဒေါ်ခင်သန်းနွယ်ဇင်မှ ရှင်းလင်းပြော ကြားခြင်း ၊ မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ခင်နွဲ့မှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ သ၀ဏ်လွှာအား ဖတ်ကြားခြင်းများ ဆောင်ရွက်ပြီး နယ်ပယ်အဖွဲ့အစည်းအသီးသီးမှ တက်ရောက်လာကြသူများ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် `ကျားမတန်းတူညီမျှရေး အလေးထားလို့ဆောင်ရွက်ပေး´ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခြင်းအား စတင်ခဲ့ပြီး ရောင်ခြည်သစ် စီမံကိန်းမန်နေဂျာ ဒေါ်နော်မာမာချို ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦး ၊ မဇ္ဈိမမီဒီယာမှ ဒါရိုက်တာဒေါ်သင်းသင်းအောင် ၊ Action Aid Myanmar မှ မကွေးဒေသဆိုင်ရာမန်နေဂျာ ဦးအောင်မင်းနိုင် ၊ မကွေးလူငယ်ကွန်ယက်မှ ညှိုနှိုင်းရေးမှူး ဦးအောင်လင်းကြည် တို့ ပါဝင်ဆွေးနွေးမှုများ ဆောင်ရွက် သည်။
ဆက်လက်၍ ဖျော်ဖြေရေး နှင့် ဥာဏ်စမ်းပဟေဋ္ဌိအစီအစဉ်များ ၊ အုပ်စုလိုက်ဆွေးနွေးခြင်းများ ၊ ရွေးကောက်ပွဲ ဆိုင်ရာပြန်လည်မျှဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ She Leads သီချင်းအား သံပြိုင်သီဆိုကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
မကွေး မတ် ၉
၂၀၁၆-ခုနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား(၂၅)မြို့နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို မတ် ၆ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ ညနေ ၃ နာရီက မကွေးမြို့ မေတ္တာလမ်းပေါ်ရှိ 2 to 7 ဘိလိယက်ကလပ် တွင် ကျင်းပရာ ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော မကွေးမြို့နယ်အသင်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက ချီးမြှင့်ပေးအပ်သည်။
အဆိုပါ ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ၀င်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘိလိယက်ပြိုင်ပွဲတွင် ပထမ မကွေး၊ဒုတိယ ဆိပ်ဖြူ နှင့်တတိယ စေတုတ္တရာမြို့နယ် အသင်းများကရရှိခဲ့ကြပြီး၊စနူကာပြိုင်ပွဲတွင် ပထမ မကွေး၊ဒုတိယ မင်းဘူးနှင့် တတိယ မင်းတုန်းမြို့နယ် အသင်းတို့မှရရှိကာ မကွေးတိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ ကော်မတီ ဥက္ကဌ ဦးကျော်ကျော်အောင်(တိုင်းဒေသကြီးဥပဒေအရာရှိ)နှင့်တိုင်းဒေသကြီး အား/ကာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းငွေတို့မှ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)




Sunday, March 6, 2016

၂၀၁၆ ခုနှစ်၊ မတ်လ ၆ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ ပင်းဝကျေးရွာတွင် ၅.၃.၂၀၁၆ ရက်နေ့ ၀၉၁၀ အချိန်ခန့်တွင် ၎င်းရွာနေ ဇော်လင်း (၃၀)နှစ်၏ နေအိမ်မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင် လောင်ကျွမ်းခဲ့ရာ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင် များ၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရွာသူ/သားများမှ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၀၉၃၀ အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူနေ အိမ် ၈ လုံး၊ နွားတင်းကုတ် ၂ လုံး မီးလောင်ဆုံးရှုံးသွားခဲ့ပြီး စုစုပေါင်းတန်ဖိုး ၂၁၃၇၅၀ိ/-ခန့် ပျက်စီး ဆုံးရှုံးခဲ့သဖြင့် မီးအားပေါ့ဆစွှာအသုံးပြုသူ ဇော်လင်းအား ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်း နယ်မြေ ရဲစခန်း (ပ) ၁၈/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သတင်း ရရှိပါသည်။



၂၀၁၆ ခုနှစ်၊ မတ်လ ၆ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူပေါင်းအဖွဲ့သည် ၅.၃.၂၀၁၆ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် သက်သေများနှင့်အတူ ပခုက္ကူမြို့၊ ကားကြီးဝန်းအတွင်း ယာဉ်စစ်ဆေးဆောင် ရွက်နေစဉ် မြမြင့်မိုရ်ကားဂိတ်အနီးတွင် ချောက်မြို့နယ်၊ ဆင်ကကျေးရွာနေ သက်ဦးမောင်(ခ)ဘိုသက် ၂၂နှစ်နှင့် တစ်ရွာတည်းနေ စိုးထိုက်အောင် (၂၄)နှစ် တို့အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးရာ သက်ဦးမောင်(ခ) ကိုသက်ထံမှ ရွှေဆွဲကြိုး ၂ ကုံး၊ ရွှေလက်စွပ် ၂ ကွင်း၊ ရွှေလက်ကောက် ၄ကွင်း၊ လွယ်အိတ်အတွင်းမှ ငွေစက္ကူရောရာ ၆၈,၀၀၀ိ/-၊ စိုးထိုက်အောင်ထံမှ ရွှေဆွဲကြိုး ၁ ကုံး၊ လက်စွပ် (၁)ကွင်း၊ စုစုပေါင်းတန်ဖိုး ၂၀၅,၀၀၀ိ/-ခန့်၊ ငွေသား ၆၈,၀၀၀ိ/-တို့အား ရှာဖွေသိမ်းဆည်းရမိပြီး သက်ဦးမောင်နှင့်စိုးထိုက်အောင်တို့မှ ၎င်းတို့ပိုင်ဆိုင် ကြောင်း အထောက် အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့် နေအိမ်တစ်ခုခုအတွင်းမှ ခိုးယူလာ သည်ဟု မသင်္ကာသဖြင့် ၎င်းတို့ ၂ ဦးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ) ၈၂/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူ ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းတို့မှ အဆိုပါပစ္စည်းများအား ချောက်မြို့နယ်၊ ဆင်ကကျေးရွာနေ ဦးစိုးနိုင်၏နေအိမ်မှ ၄.၃.၂၀၁၆ ရက်နေ့ ညဉ့်အချိန်တွင် ခိုးယူလာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် အမှုအား ၅.၃.၂၀၁၆ ရက်နေ့ တွင် ဒုရဲအုပ် တင့်နိုင်ဝင်းထံမှ ချောက်မြို့မရဲစခန်းအမှုစစ် ဒုရဲအုပ် ချစ်ဆွေမှ အမှုလက်ခံခဲ့ပြီး ချောက်မြို့မရဲစခန်း (ပ) ၃၄/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
 

Saturday, March 5, 2016

၂၀၁၆ ခုနှစ်၊ မတ်လ ၅ ရက် 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မတ်လ ၄ ရက်နေ့ နေ့ခင်း(၂)နာရီ (၄၅)မိနစ်အချိန်ခန့် မင်းဘူး-စကု ကားလမ်း မိုင်တိုင်အမှတ် (၇/၅)ရှိ နွားကူး ပေါင်းတံတား အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးရာ မင်းဘူး-စကုကားလမ်းအတိုင်း စကုဘက်မှ မင်းဘူးဘက်သို့ မင်းဘူးမြို့နယ်၊ ညောင်ကိုင်းကျေးရွာနေသူ ကျော်ကျော်ဦး (၃၅)နှစ် မောင်းနှင် လာသော နံပါတ်မပါ FENGCI CZI-125 ဖြူနက်ကြားရောင် ဆိုင်ကယ်သည် မျက်နှာချင်းဆိုင်မှ မင်းဘူးမြို့နယ်၊ ညောင်ကိုင်း ကျေးရွာနေသူ မြင့်မော် (၄၂)နှစ် မောင်းနှင်လာသော ယ/xxxxx စူပါကတ်-၁၀၀ ဖြူညို ကြားရောင် ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ တစ်ဘက် ယာဉ်ကြောသို့ ၀င်ရောက် တိုက်မိခဲ့ရာ ကျော်ကျော်ဦးမှာ ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး မြင့်မော်တွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ကျော်ကျော်ဦး အား မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်း ယာဉ်(ပ) ၁၃/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

Thursday, March 3, 2016









မကွေး မတ် ၃
မကွေးတိုင်းဒေသကြီး၊မကွေးမြို့၌ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော ၀န်ထမ်းအိမ်ယာသစ်များ ဖွင့်ပွဲအခမ်းအနားအားကို မတ်လ ၁ ရက်နံနက်(၇)နာရီက ပြည်တော်သာ အိမ်ယာ၊ ၀န်ထမ်းအိမ်ယာသစ်ဝင်းတွင် ကျင်းပရာ ၀န်ထမ်း အိမ်ယာသစ်များ ဆိုင်းဘုတ်အား လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး၊ လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ်၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် ဆောက်လုပ်ရေး ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာများ မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက ပြည်တော်သာဝန်ထမ်းအိမ်ယာစခန်း ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တက်ရောက်လာသူများမှ ဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖြန်းပေးခဲ့ကြပြီး ဖွင့်ပွဲအမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခြင်း ၊ ၀န်ထမ်းအိမ်ယာများအတွင်း လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်သည်။
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အတွင်းဆောက်လုပ်ခဲ့သည့် ၀န်ထမ်းအိမ်ယာများမှာ တိုင်းဒေသကြီး ရန်ပုံငွေကျပ်သန်း(၉၉၂.၉၀၀)ဖြင့် ခိုင်ထူးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သည့် အခန်း(၄၈)ခန်းပါ ၄ခန်းတွဲ ၄ထပ်(၃)လုံး ၊ ပြည်ထောင်စုထောက်ပံ့ရန်ပုံငွေကျပ်သန်း (၅၂၉.၅၀၀) ဖြင့် ပြည့်စုံလျှံကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သည့် အခန်း(၃၂)ခန်းပါ ၄ခန်းတွဲ၎ထပ်(၂)လုံး ၊ ပြည်ထောင်စုထောက်ပံ့ရန်ပုံငွေ ကျပ်သန်း (၅၃၃.၅၀၀)ဖြင့် သူရလင်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သည့် အခန်း(၂၄)ခန်းပါ ၄ခန်းတွဲ ၆ထပ်(၁)လုံး ၊ ပြည်ထောင်စုထောက်ပံ့ရန်ပုံငွေ ကျပ်သန်း (၇၇၀.၆၄၀)ဖြင့် နန်းထိုက်ဝင်းကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ် သည့် အခန်း(၄၈)ခန်းပါ ၈ခန်းတွဲ ၆ထပ်(၁)လုံး ဖြစ်ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ ၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဦး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပမ်းဆက်သွယ်ရေး ၀န်ကြီးဦးဝင်းဖေ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအင်ဂျင်နီယာချုပ် ဦးကျော်ကျော် ၊ မကွေးတိုင်ဒေသကြီး မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းနိုင် နှင့် တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီများမှ အကြီအကဲများ ဌာနဆိုင်ရာများ ၊ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)







တိုင်းဒေသကြီး ၀န်ကြီးချုပ် ရေစကြိုမြို့နယ် လူငယ်ကွန်ယက်(Yesagyo youth network)နှင့်မြန်မာ Rescue အဖွဲ့တို့ပူးပေါင်း၍ နိုင်ငံတကာ အဆင့်မီ အသက်ကယ်သင်တန်း ဖွင့်လှစ်ပို့ချမှုအား ကြည့်ရှုအားပေး
မကွေး မတ် ၃
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည် အစိုးရအဖွဲ့ဝင် ၀န်ကြီး များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ
မတ် ၂ ရက်ညနေ ၃ နာရီက ရေစကြိုမြို့ အမှတ် ၈ ရပ်ကွက် ဂူကြီးကျောင်းတိုက် ဓမ္မာရုံတွင် ရေစကြိုမြို့နယ် လူငယ် ကွန်ယက်(Yesagyo youth network)နှင့်မြန်မာ Rescue အဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတကာ အဆင့်မီ အသက်ကယ်သင်တန်း ဖွင့်လှစ်သင်ကြားပို့ချနေမှုအား ကြည့်ရှု အားပေးကာ သင်တန်း အတွက် အလှူငွေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတကာ အဆင့်မီ အသက်ကယ်သင်တန်းကို မတ်လ ၁ ရက်နေ့မှ ၆ရက်နေ့ထိ ၆ ရက်ကြာ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံလူငယ်များ သဘာဝ ဘေးအန္တရာယ်ဖြစ်စဉ်များနှင့်ယာဉ်တိုက်မှု၊မီးဘေး ရေဘေးများတွင် အရေးပေါ် အသက်ကယ်တင် ခြင်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး တစ်ယောက်သယ်နည်း ၅ နည်း၊ နှစ်ယောက် သယ်နည်း ၈ နည်း၊သုံးယောက်သယ်နည်း ၄ နည်း ဘာသာရပ်များ စသည်ဖြင့် သင်ကြားပေးပြီး Myanmar Rescue အသင်း ဥက္ကဌ ဦးလှထွန်းနှင့်နည်းပြဆရာများက စာတွေ့လက်တွေ့ သင်ကြားပြသလျက်ရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
၂၀၁၆ ခုနှစ်၊ မတ်လ ၃ ရက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ သရက်ကန်ကျေးရွာနေသူ ဒေါ်မြလွင် (၅၇)နှစ် သည် မတ်လ ၂ ရက်နေ့ နေ့လည် (၁)နာရီခွဲအချိန်ခန့် ၎င်းနေအိမ်တွင် ရှိနေစဉ် တစ်ရွာတည်းနေ မဆွေဝင်းရောက်လာပြီး ဒေါ်မြလွင်၏ မောင်ဖြစ်သူ တစ်ရွာတည်းနေ ဉီးရဲသောင်း (၄၅)နှစ်သည် အရက်သောက်စား မူးယစ်ကာ ကန္တာရပင်များ ခုတ်ထွင်ရှင်းလင်းနေသော တစ်ရွာတည်းနေ ရဲခေါင် (၃၁)နှစ်အား ဆဲဆိုရမ်းကားသဖြင့် ရဲခေါင်မှ မကျေနပ်၍ အရိုးအသွား(၂)ပေ (၃)လက်မခန့်ရှိ သံရိုးတပ် ဓါးမဖြင့် ခုတ်ရာ ဦးရဲသောင်းမှာ ဦးခေါင်းနောက်စေ့ နှင့် လည်ပင်းတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ရဲခေါင်၏အိမ်အနီး လမ်းပေါ် တွင် သေဆုံးနေကြောင်း ပြောပြသိရှိရ သဖြင့် ဉီးရဲသောင်းအား ဓါးဖြင့်ခုတ်သတ်သူ ရဲခေါင်အား အရေးယူပေး ပါရန် ဒေါ်မြလွင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်း (ပ)၁၀/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

Find Us on Facebook

Popular Posts

Video