Friday, March 11, 2016

မကွေး မတ် ၉
၂၀၁၆-ခုနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား(၂၅)မြို့နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို မတ် ၆ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ ညနေ ၃ နာရီက မကွေးမြို့ မေတ္တာလမ်းပေါ်ရှိ 2 to 7 ဘိလိယက်ကလပ် တွင် ကျင်းပရာ ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော မကွေးမြို့နယ်အသင်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက ချီးမြှင့်ပေးအပ်သည်။
အဆိုပါ ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ၀င်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘိလိယက်ပြိုင်ပွဲတွင် ပထမ မကွေး၊ဒုတိယ ဆိပ်ဖြူ နှင့်တတိယ စေတုတ္တရာမြို့နယ် အသင်းများကရရှိခဲ့ကြပြီး၊စနူကာပြိုင်ပွဲတွင် ပထမ မကွေး၊ဒုတိယ မင်းဘူးနှင့် တတိယ မင်းတုန်းမြို့နယ် အသင်းတို့မှရရှိကာ မကွေးတိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ ကော်မတီ ဥက္ကဌ ဦးကျော်ကျော်အောင်(တိုင်းဒေသကြီးဥပဒေအရာရှိ)နှင့်တိုင်းဒေသကြီး အား/ကာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းငွေတို့မှ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video