Sunday, March 6, 2016

၂၀၁၆ ခုနှစ်၊ မတ်လ ၆ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူပေါင်းအဖွဲ့သည် ၅.၃.၂၀၁၆ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် သက်သေများနှင့်အတူ ပခုက္ကူမြို့၊ ကားကြီးဝန်းအတွင်း ယာဉ်စစ်ဆေးဆောင် ရွက်နေစဉ် မြမြင့်မိုရ်ကားဂိတ်အနီးတွင် ချောက်မြို့နယ်၊ ဆင်ကကျေးရွာနေ သက်ဦးမောင်(ခ)ဘိုသက် ၂၂နှစ်နှင့် တစ်ရွာတည်းနေ စိုးထိုက်အောင် (၂၄)နှစ် တို့အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးရာ သက်ဦးမောင်(ခ) ကိုသက်ထံမှ ရွှေဆွဲကြိုး ၂ ကုံး၊ ရွှေလက်စွပ် ၂ ကွင်း၊ ရွှေလက်ကောက် ၄ကွင်း၊ လွယ်အိတ်အတွင်းမှ ငွေစက္ကူရောရာ ၆၈,၀၀၀ိ/-၊ စိုးထိုက်အောင်ထံမှ ရွှေဆွဲကြိုး ၁ ကုံး၊ လက်စွပ် (၁)ကွင်း၊ စုစုပေါင်းတန်ဖိုး ၂၀၅,၀၀၀ိ/-ခန့်၊ ငွေသား ၆၈,၀၀၀ိ/-တို့အား ရှာဖွေသိမ်းဆည်းရမိပြီး သက်ဦးမောင်နှင့်စိုးထိုက်အောင်တို့မှ ၎င်းတို့ပိုင်ဆိုင် ကြောင်း အထောက် အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့် နေအိမ်တစ်ခုခုအတွင်းမှ ခိုးယူလာ သည်ဟု မသင်္ကာသဖြင့် ၎င်းတို့ ၂ ဦးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ) ၈၂/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူ ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းတို့မှ အဆိုပါပစ္စည်းများအား ချောက်မြို့နယ်၊ ဆင်ကကျေးရွာနေ ဦးစိုးနိုင်၏နေအိမ်မှ ၄.၃.၂၀၁၆ ရက်နေ့ ညဉ့်အချိန်တွင် ခိုးယူလာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် အမှုအား ၅.၃.၂၀၁၆ ရက်နေ့ တွင် ဒုရဲအုပ် တင့်နိုင်ဝင်းထံမှ ချောက်မြို့မရဲစခန်းအမှုစစ် ဒုရဲအုပ် ချစ်ဆွေမှ အမှုလက်ခံခဲ့ပြီး ချောက်မြို့မရဲစခန်း (ပ) ၃၄/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video