၂၀၁၆ ခုနှစ်၊ မတ်လ ၅ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မတ်လ ၄ ရက်နေ့ နေ့ခင်း(၂)နာရီ (၄၅)မိနစ်အချိန်ခန့် မင်းဘူး-စကု ကားလမ်း မိုင်တိုင်အမှတ် (၇/၅)ရှိ နွားကူး ပေါင်းတံတား အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးရာ မင်းဘူး-စကုကားလမ်းအတိုင်း စကုဘက်မှ မင်းဘူးဘက်သို့ မင်းဘူးမြို့နယ်၊ ညောင်ကိုင်းကျေးရွာနေသူ ကျော်ကျော်ဦး (၃၅)နှစ် မောင်းနှင် လာသော နံပါတ်မပါ FENGCI CZI-125 ဖြူနက်ကြားရောင် ဆိုင်ကယ်သည် မျက်နှာချင်းဆိုင်မှ မင်းဘူးမြို့နယ်၊ ညောင်ကိုင်း ကျေးရွာနေသူ မြင့်မော် (၄၂)နှစ် မောင်းနှင်လာသော ယ/xxxxx စူပါကတ်-၁၀၀ ဖြူညို ကြားရောင် ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ တစ်ဘက် ယာဉ်ကြောသို့ ၀င်ရောက် တိုက်မိခဲ့ရာ ကျော်ကျော်ဦးမှာ ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး မြင့်မော်တွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ကျော်ကျော်ဦး အား မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်း ယာဉ်(ပ) ၁၃/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment