၂၀၁၆ ခုနှစ်၊ မတ်လ ၃ ရက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ သရက်ကန်ကျေးရွာနေသူ ဒေါ်မြလွင် (၅၇)နှစ် သည် မတ်လ ၂ ရက်နေ့ နေ့လည် (၁)နာရီခွဲအချိန်ခန့် ၎င်းနေအိမ်တွင် ရှိနေစဉ် တစ်ရွာတည်းနေ မဆွေဝင်းရောက်လာပြီး ဒေါ်မြလွင်၏ မောင်ဖြစ်သူ တစ်ရွာတည်းနေ ဉီးရဲသောင်း (၄၅)နှစ်သည် အရက်သောက်စား မူးယစ်ကာ ကန္တာရပင်များ ခုတ်ထွင်ရှင်းလင်းနေသော တစ်ရွာတည်းနေ ရဲခေါင် (၃၁)နှစ်အား ဆဲဆိုရမ်းကားသဖြင့် ရဲခေါင်မှ မကျေနပ်၍ အရိုးအသွား(၂)ပေ (၃)လက်မခန့်ရှိ သံရိုးတပ် ဓါးမဖြင့် ခုတ်ရာ ဦးရဲသောင်းမှာ ဦးခေါင်းနောက်စေ့ နှင့် လည်ပင်းတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ရဲခေါင်၏အိမ်အနီး လမ်းပေါ် တွင် သေဆုံးနေကြောင်း ပြောပြသိရှိရ သဖြင့် ဉီးရဲသောင်းအား ဓါးဖြင့်ခုတ်သတ်သူ ရဲခေါင်အား အရေးယူပေး ပါရန် ဒေါ်မြလွင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်း (ပ)၁၀/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
Thursday, March 3, 2016
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment