Thursday, March 3, 2016
5:14 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
တိုင်းဒေသကြီး ၀န်ကြီးချုပ် ရေစကြိုမြို့နယ် လူငယ်ကွန်ယက်(Yesagyo youth network)နှင့်မြန်မာ Rescue အဖွဲ့တို့ပူးပေါင်း၍ နိုင်ငံတကာ အဆင့်မီ အသက်ကယ်သင်တန်း ဖွင့်လှစ်ပို့ချမှုအား ကြည့်ရှုအားပေး
မကွေး မတ် ၃
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည် အစိုးရအဖွဲ့ဝင် ၀န်ကြီး များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ
မတ် ၂ ရက်ညနေ ၃ နာရီက ရေစကြိုမြို့ အမှတ် ၈ ရပ်ကွက် ဂူကြီးကျောင်းတိုက် ဓမ္မာရုံတွင် ရေစကြိုမြို့နယ် လူငယ် ကွန်ယက်(Yesagyo youth network)နှင့်မြန်မာ Rescue အဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတကာ အဆင့်မီ အသက်ကယ်သင်တန်း ဖွင့်လှစ်သင်ကြားပို့ချနေမှုအား ကြည့်ရှု အားပေးကာ သင်တန်း အတွက် အလှူငွေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတကာ အဆင့်မီ အသက်ကယ်သင်တန်းကို မတ်လ ၁ ရက်နေ့မှ ၆ရက်နေ့ထိ ၆ ရက်ကြာ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံလူငယ်များ သဘာဝ ဘေးအန္တရာယ်ဖြစ်စဉ်များနှင့်ယာဉ်တိုက်မှု၊မီးဘေး ရေဘေးများတွင် အရေးပေါ် အသက်ကယ်တင် ခြင်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး တစ်ယောက်သယ်နည်း ၅ နည်း၊ နှစ်ယောက် သယ်နည်း ၈ နည်း၊သုံးယောက်သယ်နည်း ၄ နည်း ဘာသာရပ်များ စသည်ဖြင့် သင်ကြားပေးပြီး Myanmar Rescue အသင်း ဥက္ကဌ ဦးလှထွန်းနှင့်နည်းပြဆရာများက စာတွေ့လက်တွေ့ သင်ကြားပြသလျက်ရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment