မင်းရွာကျေးရွာတွင် ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီး ဖွင့်ပွဲကျင်းပ
မင်းဘူး ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြိုနယ်
မင်းရွာကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်
၈ နာရီက အဆိုပါကျေးရွာ ထရန်စဖော်မာစိုက်ထူ ထားသည့် ရွာလယ်ကွင်းတွင် ကျင်းပရာ မင်းရွာကျေးရွာ
ကိုယ်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့်
မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်၊ တိုင်းဒေသကြီး လျှပ်စစ် ဒုတိယ အင်ဂျင်နီယာမှူး ဦးထွားညွှန့််နှင့်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးသိန်းဇော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်
ဦးဘုန်းမော်ရွှေက ကိုယ်အားကိုယ်ကိုး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မင်းရွာကျေားရွာ မီးလင်းရေးကော်မတီ
နာယက ဦးဘိုစိန်မှ လျှပ်စစ်မီးလင်း ရေးနှင့်ပတ်သက်၍ပြောကြားရာတွင် ကျေးရွာမီးလင်းရေးကို(၂-၁၀-၂၀၁၂)ရက်နေ့မှ
စတင်ကာ မီးတိုင်များစိုက်ထူခြင်း၊ လျှပ်စစ်မီးကြိုးများသွယ်တန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး
ငွေးကြေးပြည့်စုံလုံ လောက်မှုမရှိ၍ လုပ်ငန်းများရပ်ဆိုင်းထားရာမှ တိုင်း/ခရိုင်/မြို့နယ်အဆင့်
တာဝန်ရှိသူများ ကူညီပံ့ပိုးမှုဖြင့် လုပ်ငန်းများပြန်လည်ဆောင်ရွက်ခဲ့ပြီး မီးလင်းရန်ကျန်ရှိသည့်
အဓိကပစ္စည်း (၂၀၀) KVA ထရန်စဖော်မာနှင့်ဆက်စပ်ပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏
ခေတ္တ ကူညီ ပံ့ပိုးမှုဖြင့် ဆက်လက်ဝယ်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ (၁၉-၂-၂၀၁၆)ရက်နေ့တွင်
စတင်မီးလင်းခဲ့ ရာ ကျေးရွာအိမ်ခြေ(၁၉၇)အိမ်ရှိသည့်အနက် (၈၅)အိမ် လျှပ်စစ်မီးစတင်သုံးစွဲနေပြီဖြစ်ကြောင်း၊
လျှပ်စစ်မီးမရရှိသေးသည့် အိမ်ထောင်စုများအား ဆက်လက်ဆောင်ရွက်တပ်ဆင်ပေးလျှက်ရှိပါ ကြောင်း၊မင်းရွာကျေးရွာမီးလင်းရေးအတွက်
ကုန်ကျငွေစုစုပေါင်း(၅၇၂)သိန်းကျော် ကုန်ကျခဲ့ပြီး ခေတ္တ ကူညီပံ့ပိုးငွေ သိန်း(၇၀)အားပြန်လည်ပေးဆပ်နိုင်ရန်ဆောင်ရွက်လျှက်ရှိပါကြောင်း၊
မင်းရွာ ကျေးရွာတွင်လျှပ်စစ်မီးရရှိနေပြီဖြစ်သည့်အတွက် ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့်
ပေကုန်း၊ ရွှေလောင်း၊လျှော်ဖြူတောကျေး၇ွာများမှလည်း မီးလင်းရေးလုပ်ငန်းကို ကိုယ်အားကိုယ်ကိုးဆောင်
ရွက်မည်ဆိုပါက မီးလင်းနိုင်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ထို့နောက် မင်းရွောကျေးရွာ ကိုယ်အားကိုယ်ကိုး
လျှပ်စစ်မီးဖွင့်ပွဲ အထိမ်းအမှတ် အလံများ ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီိးဝန်ကြီးချုပ်က
လျှပ်စ်မီးလင်းရေးဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖြန်းပေးသည်။ ၄င်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည်
ကျေးရွာအတွင်း လျှပ်စစ် သုံးစွဲမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာပြည်သူများ
လျှပ်စ်မီးကို အန္တရာယ် ကင်းရှင်းစွာ အသုံးပြုဆောင်ရွက်နိုင်ရေး ပညာပေးဟောပြောပွဲများ
ဆောင်ရွက်ပေးရန် တိုင်းဒေသ ကြီး ၀န်ကြီးချုပ်က တာဝန်ရှိသူများအား မှာကြားခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment