Sunday, March 13, 2016

၂၀၁၆ ခုနှစ်၊ မတ်လ ၁၃ ရက် 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပေါင်းနားရပ်ကွက် နေသူ အောင်မျိုးနိုင် (၂၂)နှစ်သည် ၄င်းနေအိမ် “ရှိန်းရာဇာ”ဒီဂျစ်တယ် ဓါတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေး လုပ်ငန်း ဆိုင်ခန်းအတွင်း ကွန်ပျူတာ စာစီစာရိုက် လုပ်ကိုင်နေစဉ် လျှပ်စစ်မီး ပြတ်တောက်သဖြင့် UPS ကြားခံ ဘက်ထရီနှင့် ချိတ်ဆက် အသုံးပြုစဉ် အပူလွန်ကဲပြီး UPS မီးလောင်ကျွမ်းခဲ့ရာ မီးလောင်ရာသို့ စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ စလင်းမြို့နယ် မီးသတ်ဦးစီးမှူး နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စလင်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေသူ ပြည်သူများ၊ စုစုပေါင်း အင်အား (၃၀)ဦးခန့်တို့မှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် UPS (၁)လုံး (တန်ဖိုး ၅၀၀၀ိ/-) ခန့် ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီးပေါ့ဆစွာ သုံးစွဲသူ အောင်မျိုးနိုင်အား စလင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၂/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video