Friday, March 11, 2016



အယ်နီညိုအကျိုးသက်ရောက်မှု ဘော်ပြင်းရွာတွင်ဟောပြော
ဂန့််ဂေါ မတ် ၉
အယ်နီညို အကျိုးသက်ရောက်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို မတ် ၉ ရက် ညနေက ဂန့်ဂေါမြို့နယ် ဘော်ပြင်းရွာ ဓမ္မာရုံတွင်ပြုလုပ်ရာ မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဟောပြောပွဲကျင်းပခြင်းနှင့်စပ်လျှဉ်း၍ ရှင်းလင်းသည်။
အဆိုပါဟောပြောပွဲတွင် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်က အပူဒဏ်အန္တရာယ် အကြောင်းအရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာအေး က အယ်နီညို ရာသီဥတုဖြစ်ပေါ်နိုင်မှုအပေါ် လိုက်နာဆောင်ရွက်ရန်အချက်များနှင့် စိုက်ပျိုးရေးနည်းပညာများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်လွင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသန်းထက်အောင်က မီးသတိပြုရေး တို့ကို ရှင်းလင်းဟောပြောဆွေးနွေးကြကြောင်း နှင့် အလားတူ အသိပညာပေးဟောပြောပွဲကို မတ် ၈ ရက် နေ့လယ်ပိုင်းတွင် ညောင်လယ်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်လည်း ပြုလုပ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဂန့်ဂေါမြို့။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video