Sunday, March 13, 2016

၂၀၁၆ ခုနှစ်၊ မတ်လ ၁၃ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အမှတ်(၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲတပ်ဖွဲ့ဝင် များသည် မတ်လ ၁၃ ရက်နေ့ နံနက် (၃)နာရီခွဲအချိန်ခန့် မကွေးမြို့၊ ကန်သာရပ်ကွက်၊ သစ္စာလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သစ္စာလမ်းအတိုင်း ပြည်တော်သာလမ်းဘက်မှ အထက(၁) လမ်းဘက်သို့ မကွေးမြို့၊ ရန်ဝေးရပ်ကွက်နေသူ ဟန်သာဖြိုး (၂၉)နှစ် မောင်းနှင်လာသော ၁၃ယ/xxxx Super Four Honda CB 400 အနက်ရောင် ဆိုင်ကယ်နှင့် ၎င်းလမ်းအတိုင်း မျက်နှာချင်းဆိုင်မှ မကွေးမြို့၊ ကန်သာ ရပ်ကွက်နေသူ နောင်နောင်ဇော် (၂၇)နှစ် မောင်းနှင်သော ၃၆ယ/xxxxx KENBO 125 အနက်ရောင် ဆိုင်ကယ်တို့ အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိရာ ဟန်သာဖြိုး နှင့် နောင်နောင်ဇော် တို့တွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့၍ မကွေးတိုင်းဒေသကြီး ဆေးရုံသို့ တင်ပို့ကုသစဉ် ဟန်သာဖြိုးမှာ သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဟန်သာဖြိုးနှင့် နောင်နောင်ဇော် တို့အား မကွေးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video