၂၅.၃.၂၀၁၆ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မကွေးမြို့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းရှိ ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး အစည်း အဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်း သိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်သန်းသန်းနွယ် မှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား (Heat Storke) အပူချိန်မြင့်မားမှု အန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲတို့မှ တပ်ဖွဲ့ဝင် အရာရှိ(၂၃)ဦး၊ အခြားအဆင့်(၂၁)ဦး၊ စာရေးဝန်ထမ်း(၃)ဦး၊ မိသားစုဝင် (၈၂)ဦး၊ စုစုပေါင်းအင်အား (၁၇၉)ဦး တက်ရောက်ခဲ့ကြောင်း သိရပြီး ဟောပြောပွဲတွင် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်သန်းသန်းနွယ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ ဒေါ်ဥမ္မာအေးမှ (Heat Storke) အပူချိန်မြင့်မားမှု ဖြစ်ပေါ်လာပုံနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစိုးညွန့်မှ မီးလောင်မှု ဖြစ်စဉ်များနှင့် မီးသတ်ဆေးဗူးအသုံးပြုနည်း၊ မီးဘေးအန္တရာယ် ကာကွယ်ရေး ပညာပေး ဟောပြော ဆွေးနွေးခဲ့ကြပြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဌမှ မြို့နယ်ကျန်းမာ ရေးမှူး ဒေါက်တာ ဒေါ်ဥမ္မာအေး နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစိုးညွန့် တို့အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ တက်ရောက်လာကြသော တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များအား (၁)ဦးလျှင် ဓါတ်ဆားတစ်ထုပ်စီနှင့် (Heat Storke) အပူချိန် မြင့်မားမှု အန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင် ဖြန့်ဝေပေးခြင်း များ ပြုလုပ်ခဲ့ပြီး နံနက် ၉ နာရီခွဲ အချိန် ဟောပြောပွဲ ပြီးဆုံးခဲ့ပါကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment