၂၃.၄.၂၀၁၆ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကြီးမှူး ကျင်းပသည့် (၂၁)ကြိမ်မြောက် စုပေါင်းဒုလ္လဘရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအား မကွေးခရိုင်၊ မကွေးမြို့၊ ဈေးလယ်စိုးရပ်ကွက်၊ ပုည၀တီကျောင်း တိုက် ဘုရားစေတီဝင်းအတွင်း၌ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့မှ တပ်ဖွဲ့ဝင် ဒုလ္လဘရဟန်းလောင်း(၉၂)ပါး၊ တပ်ဖွဲ့ဝင်မိသားစုမှ ရှင်သာမဏေလောင်း (၇)ပါးတို့ဖြင့် စုပေါင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စုပေါင်းဒုလ္လဘရဟန်းခံရှင်ပြုအလှူပွဲအား နံနက် ၇ နာရီအချိန်မှ ၈ နာရီအချိန်ထိ ရှင်လောင်း လှည့်လည်ခြင်း၊ ၉ နာရီ အချိန်မှ ၁၀ နာရီအချိန်ထိ ပုညဝတီကျောင်းတိုက် ဘုရားစေတီဝင်း အတွင်း၌ဆံချခြင်း၊ ၁၁ နာရီအချိန်မှ ၁၁၃၀ အချိန်ထိ ဒုလ္လဘရဟန်းလောင်းများ၊ ရှင်သာမဏေ လောင်းများနှင့် ပုညဝတီကျောင်းတိုက်မှ ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်ခြင်းနှင့် မိသားစုဝင် များအား နေ့လည်စာကျွေးမွေးခြင်း၊ မွန်းတည့် ၁၂ နာရီအချိန်မှ ၁၂ နာရီခွဲအချိန်ထိ ဒုလ္လဘရဟန်း လောင်းများ၊ ရှင်သာမဏေလောင်းများအား ရဟန်း/သာမဏေအဖြစ် သွတ်သွပ်ခြင်းနှင့် နေ့လည် ၁ နာရီအချိန်မှ ညနေ ၆ နာရီအချိန်ထိ ဒုလ္လဘရဟန်းလောင်းများ သိမ်ဝင်ခြင်း အခမ်းအနားတို့ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
နောက်တစ်နေ့ဖြစ်သည့် ၂၄.၄.၂၀၁၆ ရက်နေ့တွင် နံနက် ၈ နာရီအချိန်မှ ၈ နာရီခွဲ အချိန်ထိ သိမ်ဆင်းလောင်းလှူခြင်း၊ နံနက် ၉ နာရီအချိန်မှ ၉ နာရီ ၄၅ မိနစ်အချိန်ထိ အလှူမင်္ဂလာ ရေစက်ချ အမျှပေးဝေခြင်း၊ ရတနာရွှေမိုးငွေမိုးများရွာသွန်း ဖြိုးခြင်း၊ ၁၀ နာရီအချိန်မှ မွန်းတည့် ၁၂ နာရီ အချိန်အထိ ဒုလ္လဘရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများနှင့် ပုညဝတီကျောင်းးတိုက်မှ ဆရာတော်ကြီး များအား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် တပ်ဖွဲ့ဝင်/မိသားစုဝင်နှင့် ဖိတ်ကြား ထားသော ဧည့်သည်တော် များအား နေ့လည်စာတည်ခင်းကျွေးမွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment