ပေါက် ဧပြီ
၂၈
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း ကြက်ငှက်တုတ်ကွေးရောဂါ
ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်မှုတစ်ရပ်အဖြစ် ပေါက်မြို့နယ်စည်ပင်သာယာရေး
အဖွဲ့ပိုင် စည်ပင်သာယာဈေးအတွင်း ရောင်းချလျှက်ရှိသော ကြက်ဥနှင့်ကြက်သားရောင်းချလျှက်
ရှိသည့် ဈေးဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကြက်မွေးမြူရေးခြံ
များအား ကာကွယ်ရေးအတွက် ပိုးသတ်ဆေးပက်ဖျန်းခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့
နှင့်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြ
ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment