Friday, October 31, 2014
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကျော်စွာကျေးရွာနေသူ မသင်းသင်းလှိုင် (၂၅)နှစ်အား ကျော်စွာကျေးရွာ၊ အမှတ်(၃)ဓါတ်မြေသြဇာစက်ရုံနေသူ မချို(ခ) မခင်ချိုစမ်း (၄၈)နှစ်မှ စည်းရုံးခေါ်ဆောင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့ နေသူ မြတ်လှ(၃၃)နှစ် နှင့် ရန်ကုန်တိုင်းဒေ သကြီး၊ ဆိပ်ကြီးခနောင်တိုမြို့၊ ခနောင်တိုအရှေ့ရပ်ကွက်နေသူ စံဌေး(ခ)မှန်ကြီး (၄၀)နှစ်တို့နှင့် ဆက်သွယ်ပြီး အိမ်အကူလုပ်သားအဖြစ် အလုပ်လုပ်ရန် စင်္ကာပူနိုင်ငံသို့ ပို့ဆောင်စေလွှတ်ပေးခဲ့ပါသည်။
ဖစ်စဉ်နှင့်ပတ်သက်၍ မသင်းသင်းလှိုင်အား ပြည်ပအလုပ်အကိုင်ဆိုင်ရာအကျိုးဆောင်လိုင်စင် မရှိဘဲ အိမ်အကူလုပ်သားအဖြစ် အလုပ်လုပ်ရန် ပို့ဆောင်စေလွှတ်ပေးခဲ့သူ မြတ်လှ၊ စံဌေး(ခ)မှန်ကြီး နှင့် မချို(ခ)မခင်ချိုစမ်း တို့(၃)ဦးအား အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း (ပ)၄၀/၂၀၁၄၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ အရ အမှုဖွင့်ထားရှိပါကြောင်း သတင်းရရှိပါသည်။
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၊ စက်ရုံရပ်ကွက်နေ ဦးနိုင်ဇော် (၄၂)နှစ်သည် ဇာမဏီ အိမ်ဆောက် ပစ္စည်း ရောင်းဝယ်ရေး ဆိုင်တွင်ရှိနေစဉ် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်၊ နေသူ တာဝါတိုင်ဆောက်လုပ်ရေးတာဝန်ခံ ရဲမင်းသိုက် (၃၅) ရောက်ရှိလာပြီး လိုအပ်သော ပစ္စည်းများအား အကြွေးစနစ်ဖြင့်ရောင်းချပေးရန်နှင့် ကုမ္ပဏီမှငွေထုတ်ပြီးက ပေးချေမည်ဖြစ်ကြောင်း စာရွက်စာတမ်းများပြသပြီး ယုံကြည်အောင်ပြောဆို၍ ဆောက်လုပ်ရေးပစ္စည်းဘိုးငွေ-၇၈၃၀၉၀၆ိ/-အား ၁၅.၈.၂၀၁၄ ရက်နေ့တွင် သက်သေများရှေ့စာရင်းစာချုပ် ချုပ်ဆိုရောင်းချခဲ့ပါသည်။
ရဲမင်းသိုက်မှ သတ်မှတ်ရက် ကျော်သည့်တိုင် ပစ္စည်းဘိုးငွေများအား ပေးဆပ်ခြင်းမရှိသည့်အတွက် ကုမ္ပဏီသို့မေးမြန်းစုံစမ်းသောအခါ ငွေထုတ်ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရဲမင်းသိုက်အား အရေးယူပေးပါရန် ဇာမဏီ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ဦးနိုင်ဇော်မှ တရားလိုပြုလုပ်တိုင်တန်း သဖြင့် အောင်လံမြို့မရဲစခန်း(ပ)၁၁၅/၂၀၁၄၊ပြစ်မှုပုဒ်မ ၄၂၀ အရအရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ နေ့လည် ၁ နာရီ ၄၅ အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စလင်းမြို့ နယ်၊ ရေနံစုကျးရွာနေ အောင်ဝင်း (၄၉)နှစ်သည် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် (၁၁/၂၀၁၄)ဖြင့် သက်သေများနှင့် အတူ အောင်ဝင်း ၏ နေအိမ်အတွင်းဝင်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ်ခြေရင်းရှိ သေတ္တာပေါ်မှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့်အတူ လောင်းကြေးငွေ ၂၁၇၀၀ိ/-အား သိမ်းဆည်းရမိ သဖြင့် အောင်ဝင်းအား ဆင်ဖြူကျွန်းနယ်မြေရဲစခန်း (ပ) ၃၀/၂၀၁၄၊ လောင်းကစားပုဒ်မ ၁၅ (က)/၁၆ (က) အရ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ နေ့လည် ၁ နာရီ ၂၀ အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ နွားလှည်းကျေးရွာအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ၄င်းကျေးရွာတွင် လူတစ်ဦးဆိုင်ကယ် အား သော့မပါဘဲ မောင်းနှင်သွားလာနေသဖြင့် မသင်္ကာကြောင်း၊ ကျေးရွာအုပ်ချုပ်ရးမှူးမှပြောပြ၍ သွားရောက်စုံစမ်းခဲ့ပါသည်။ ဆိုင်ကယ်သော့မပါပဲမောင်းနှင်သွားလာနေသူအား နွားလဲကျေးရွာ၊ ရွာလယ် ခြင်းဝိုင်းအနီးတွင် တွေ့ရှိသဖြင့်စစ်မေးရာ ၄င်းဆိုင်ကယ်စီးနင်းလာသူမှာ မင်းလှမြို့နယ်၊ အိုးဘိုကုန်းကျေးရွာနေသူ မောင်ညို (ခ) ကျော်သူဟိန်း၊ (၂၀)နှစ် ဖြစ်ပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရ သဖြင့် ကျော်သူဟိန်းအား ရေနံမနယ်မြေရဲစခန်း (ပ) ၆၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ နေလည် ၁ နာရီ ၂၀ အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်း မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပခုက္ကူမြို့ပြည်သူ့ဆေးရုံကြီးဝန်း အတွင်းသို့ လှည့်ကင်းဆောင်ရွက်နေစဉ် ပခုက္ကူမြို့၊ အမှတ် (၃)ရပ်ကွက်နေ ခိုးမှုဖြင့် မကြာခဏ ထောင်ကျဖူးသူ လှိုင်မိုး(၂၁) နှစ်အား မသင်္ကာဖွယ်တွေ့ရှိရ၍ ခေါ်ယူစစ်မေးရာ ၁၈.၁၀.၂၀၁၄ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့တစ်နေရာရာမှ ဆိုင်ကယ်တစ်စီးခိုးယူလာကြောင်း စစ်ဆေးပ်ါပေါက်သဖြင့် ၄င်း၏ နေအိမ်သို့ သက်သေများအတူ ၀င်ရောက်ရှာဖွေရာ ၁၅ယ/၂၆၃၉၇ HENSIN 110 အစိမ်းရောင်ဆိုင်ကယ် တစ်စီးအားတွေ့ရှိရပါသည်။ ၄င်းဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံတရာပြသနိုင်ခြင်းမရှိသဖြင့် လှိုင်မိုး အား ပခုက္ကူမြို့မရဲစခန်း (ပ) ၃၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ ည ၉ နာရီ ၃၀ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် တွင် လူတစ်ဦးကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ အောင်လံမြို့နယ်၊ မင်ကန်(တောင်)ရွာနေ ဦးခင်မောင်မြင့် (၄၀) နှစ် သည် ရွာ၏ တောင်ဘက် ကပ်လျှက် ကိုက် (၁၀၀)ခန့်အကွာရှိ ဦးမြင့်လွင်၏ယာခင်း အနောက်တောင် ဘက်ဒေါင့်ရှိ အမြင့် (၇)ပေခန့် ရှိသည့် သရက်ပင်သစ်ကိုင်းတွင် အဖြူရောင်ဖျော့ဖျော့နိုင်လွန်ကြိုးဖြင့် ကြိုးကွင်းစွပ်လျက်ပြင်ပ ဒဏ်ရာ တစ်စုံတရာမတွေ့ရှိရဘဲ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။
သေဆုံးသူ ဦးခင်မောင်မြင့်သည် အဆုတ်တီဘီရောဂါရနေ၍ စိတ်ဓါတ်ကျနေကြောင်း ည ၇ နာရီအချိန်ခန့် တွင် နေအိမ်မှ အိမ်သာတက်မည်ပြောပြီး ထွက်သွားစဉ် အချိန်ကြာနေသဖြင့် ဇနီးဖြစ်သူ ဒေါ်အေးချမ်းမှ သွားရောက်ရှာဖွေရာသရက်ပင်တွင်ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရခြင်းဖစ်ကြောင်းသိရှိရပါသည်။
ဖစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန်အတွက် ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၄ ဖြင့် ရေးဖွင့် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ ည ၉ နာရီ ၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ မင်းခရိုင်၊ မင်းဘူးမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ကျောက်တန်းကျေးရွာ၊ ရွာလယ်လမ်းမပေါ်၌ ကျော်လွင် (၃၃) နှစ်၊ ကျောက်တန်းကျေးရွာနေသူသည် အရက်သေစာသောက်စားမူးယစ်ပြီး အရိုး (၁၀)လက်မ၊ အသွား (၂၄) လက်မ၊ ဗျက် (၁)လက်မခန့်ရှိ ဓါးဦးချွန်ဓါးရှည် (၁)ချောင်းအား ကိုင်ဆောင်ရမ်းကားနေ သည်ကို တွေ့ရှိရသဖြင့် သက်သေများရှေ့တွင်သိမ်းဆည်း၍ ကျေးရွာအတွင်းဓါးကိုင်ရမ်းကားသူ ကျော်လွင် အား မင်းဘူးမြို့မြို့မရဲစခန်း (ပ) ၁၄၁/၂၀၁၄၊ လက်နက် ၁၉ (င) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။
Thursday, October 30, 2014
 ဆင်ပေါင်ဝဲ  အောက်ါတိုဘာ ၃၀
    မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ရွာလင်းကျေးရွာ  အခြေခံ
ပညာမူလတန်းကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်များ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီက
အဆိုပါ  ကျောင်းအတွင်း ကျင်းပခဲ့သည်။
    ရှေ့ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဟန်စုယဉ်က အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
 ဒေါ်မျိုးမျိုးသွယ်က စာဖတ်ခြင်း အကျိုးကျေးဇူးများနှင့်မူးယစ်ဆေးဝါး အန္တရာယ်များ
ဆိုင်ရာ သိမှတ်ရာတို့ကို ဟောပြောပေးခဲ့ပြီး စံညီတိုးပွါးရေးအတွက် ကျေးရွာရှိ
 ကော်မတီဝင်များ ရပ်မိရပ်ဖများနှင့်တာဝန်ရှိသူများနှင့် ဆွေးနွေးရာ ကျေးရွာမှ
တာဝန်ရှိသူများနှင့် စာကြည့်တိုက် ကော်မတီဝင်များက  စာကြည့်တိုက်ဆောက်လုပ်ရန် ရည်ရွယ်ထားသည့် မြေနေရာအား သွားရောက် ကြည့်ရှု့ခဲ့သည်။
    ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ၀န်ထမ်းများက နယ်လှည့်စာကြည့်တိုက်
အဖြစ် စာအုပ်များ ခင်းကျင်းပြသဆောင်ရွက်ရာ ကျောင်းသား/ကျောင်းသူများက  စိတ်ဝင်တစား      လာရောက် ဖတ်ရှု့ခဲ့  ကြောင်း သိရသည်။
                                                                                                           မျိုးမျိုး(ဆင်ပေါင်ဝဲ)
  သရက် အောက်တိုဘာ  ၃၀
    မကွေးတိုင်းဒေသကြီး သရက်မြို့၌ ရပ်မိရပ်ဖများ/ ပြည်သူများနှင့် တွေ့ဆုံပြီး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀း၃၀)နာရီက သရက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
    အဆိုပါ ဆွေးနွေးပွဲတွင် သရက်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းရွှေကအဖွင့်အမှာစကားပြောကြားရာတွင်   မကွေးတိုင်းဒေသကြီး အတွင်း သရက်ခရိုင်သည် လူသတ်မှု့ ဒုတိယနေရာတွင် ဖြစ်နေတဲ့ အတွက် မှု့ခင်းကျဆင်း ရေးအတွက် မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် သတင်းပေးပို့ရန် ပြောကြားပေးခဲ့ပြီး သရက်မြို့နယ် ခေတ္တ  မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး နေ၀င်းက မှု့ခင်းကျဆင်းရေးအတွက် လောင်းကစား၊အရက်ပုန်းနှင့် ပြည့်တန်ဆာလုပ်  ငန်းများ လုပ်ကိုင်နေသူများ လူမှောင်ခိုကူးခြင်း လုပ်ကိုင်သူများ ရှိပါက သတင်းပေးကြရန် နှင့် ပြည်သူများက ပူး ပေါင်းပါဝင်ကြရန်  ဆွေးနွေးခဲ့သည်။
    ထို့နောက် သရက်မြို့မ ရဲစခန်းမှူး ဒုရဲမှူး မောင်ဌေးက မူးယစ်ဆေးဝါး အန္တရာယ် တားဆည်းကာကွယ်ရေး နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆွေးနွေးပေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် ပြည်သူများက မရှင်းလင်းသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။                                                                                                 ဇော်ထက်(သရက်)
  သရက် အောက်တိုဘာ  ၃၀
    မကွေးတိုင်းဒေသကြီး သရက်မြို့ သဟာယ စာဖတ်အသင်းမှ ကျေးရွာ စာကြည့်တိုက်
(၁၇)တိုက် အား  စာအုပ်/စာစောင်များ လှူဒါန်းခြင်း အခမ်းအနားကို ၂၀၁၄ခုနှစ် နိုဝင်ဘာ
(၁) ရက်နေ့ နံနက် (၈)နာရီတွင်    အဆိုပါ  စာကြည့်တိုက်အတွင်း ပြုလုပ်သွားမည်ဟု သဟာယစာဖတ်အသင်း အမှု့ဆောင် ကော်မတီ တစ်ဦးထံက သိရသည်။
    အဆိုပါ သဟာယ စာဖတ်အသင်းပိုင် စာအုပ်များအား ဘော်ကျေးရွာ (သုတဘဏ်
 စာကြည့်တိုက်) အပါအ၀င် ကျေးရွာ (၁၇)ရွာရှိ စာကြည့်တိုက်များအား သုတ/ရသ/စာအုပ်
/စာစောင် များအား လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 ဇော်ထက်(သရက်)
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ် လက်ပံကျေးရွာအုပ်စု ရွာလင်းကျေးရွာ၌          မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့်ကွင်းပြပွဲကို ယနေ့နံနက် (၀၈း၀၀)နာရီက တောင်သူဦးမြင့်ဆွေ၏ ကွင်းအမှတ်(၈၅၄)၊ဦးပိုင်အမှတ်(၁၅၆)တွင်ကျင်းပသည်။                                                                                                               ကွင်းပြပွဲတွင် ကွင်းအမှတ်(၈၅၄)၊ဗီယက်နမ်ပုလဲသွယ်စပါးမျိုးစံကွက်ကို ရိတ်သိမ်းရာတစ်ဧက          (၁၅၆.၂၅)တင်းထွက်ရှိကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်တစ်ဦး၏ပြောကြားချက်အရ
သိရသည်။                                                                   
 အဆိုပါ စံကွက်ရိတ်သိမ်းပွဲအပြီးတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအေးနိုင်က ဗီယက်နမ်     ပုလဲသွယ်စပါးမျိုးအား စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုနှင့်ဒေသတို့ကိုက်ညီမှုရှိပြီး (GAP) စနစ်ဖြင့်စနစ်တကျ   စိုက်ပျိုးကြရန်လိုအပ်ကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်တောင်သူများက သဘောကျ နှစ်သက်ကြ၍ ထိုစပါးမျိုးအား မျိုးရယူဆက်လက်ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရှိရသည်။                       
 အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်၊ မြို့နယ်ဖွံ့ဖြိုးတိုက်တက်ရေး           အထောက်အကူပြုကော်မတီ ဥက္ကဌဦးသန်းစိုး၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့ဝင်များ ကျေးရွာရှိ  တောင်သူများတက်ရောက်ကြသည်။                                                                                                                                                                 
နတ်မောက်              အောက်တိုဘာ           ၂၉
    မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တွင် ကျေးရွာနေပြည်သူများဖတ်ရှုနိုင်ရန်
 ပြည်ထောင်စုနေ့စဉ်သတင်းစာလှူဒါန်းပွဲကို အောက်တိုဘာ ၂၉ ရက်နံနက်
၁၀ နာရီက ကုလားရှင်ကျေးရွာ ဘဝအမြင်စာကြည့်တိုက်တွင် လှူဒါန်းပွဲပြုလုပ်ခဲ့သည်။
    အဆိုပါလှူဒါန်းပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကုလားရှင်ကျေးရွာ
စည်းရုံးရေးမှူး ဦးညွန့်ခင် နှင့်အဖွဲ့ဝင်တို့ကသာကီသွေးဂျာနယ်နှင့် ပြည်ထာင်စုနေ့စဉ်
သတင်းစာများကို ပေးအပ်လှူဒါန်း၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဥာဏ်လှနှင့် စာကြည့်တိုက်မှူး ဦးရဲမြင့်တို့က ကျေးရွာအထောက်အကူပြု အဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖတို့၏ ရှေ့တွင်
 လက်ခံရယူခဲ့ကြသည်။
“ဒီလိုကျေးရွာစာကြည့်တိုက်ကို သတင်းစာများလှူဒါန်းရခြင်းဟာ လူငယ်လူကြီး
 ကျောင်းသားကျောင်းသူကလေးများကိုစာပေဗဟုသုတဖတ်ရှုလေ့လာနိုင်စေရန်အတွက်
 ပြည်ထောင်စုနေ့စဉ်သတင်းစာကို အပတ်စဉ် ဖတ်စေရန်နှင့် သာကီသွေးဂျာနယ်ကိုလည်းလစဉ်ဖတ်နိုင်စေရန် ဘဝအမြင်စာကြည့်တိုက်ကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်သည်”ဟု သတင်းစာအလှူရှင် ဦးညွန့်ခင်က
 ပြောကြားသည်။                          လှဝင်း
နတ်မောက်    အောက်တိုဘာ   ၃၀
    မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့၊လယ်ပြင်ရပ်ကွက်ရှိရတနာသိမ်ကုန်းဘိုးဘွားရိပ်သာသို့ ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဇော်နှင့်တာဝန်ရှိသူများလာရောက်ကာ
နေထိုင်လျှက်ရှိသူအဘိုး အဖွားများအတွက် ငွေကြေးအချို့နှင့် စားသောက်ဖွယ်ရာများလှူဒါန်းခဲ့ပြီး အဆောက်အဦးများကိုလည်း လိုအပ် သောပြုပြင်မှုများ ဆောင်ရွက်ရန်စီစဉ်လျှက်ရှိကြောင်း သတင်းရရှိသည်။
         မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဇော်နှင့်ဇနီးဒေါ်ခင်မို့မို့ထွန်းသည်ရိပ်သာအတွင်း
နေထိုင်သူအဘိုးအဘွားများ အတွက်စားဖွယ်များနှင့်အတူငွေကျပ်သုံးသောင်းပေးလှူပြီး အဆောက်အဦးအချို့ပြုပြင်ရန်အတွက်စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊
 မြို့နယ်ကျန်းမာရေးမှူးကိုအကူအညီတောင်းခံပြီး ဗုဒ္ဒဟူးနေ့တိုင်း အပတ်စဉ် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်သွား မည်ဖြစ်ကြောင်း အဘိုးအဘွားများ
ကိုပြောကြားသည်။
       အဆိုပါဘိုးဘွားရိပ်သာကို၁၉၉၂ခုနှစ်၊ဧပြီလ၇ရက်နေ့ကစတင်တည်ထောင်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဋ္ဌာနမှ တ ရားဝင်သတ်မှတ်ထားခြင်းမရှိသေးသော်လည်း ရတနာသိမ်ကုန်းကျောင်းမှ ကျောင်းထိုင်ဆရာတော်များနှင့်ဒေသခံ ပြည်သူအလှူရှင်များ
၏ပံ့ပိုးကူညီမှုများဖြင့်စောင့်ရှောက်မှုများဆောင်ရွက်ပေးနေခြင်းဖြစ်သည်။လက်ရှိပဓာနနာယက ဆရာတော်မှာဦးပညာနန္ဒဖြစ်ပြီးမိမိတို့အဖွဲ့မှလည်းလိုအပ်သောပံ့ပိုးမှုများအစဉ်
ဆက်မပြတ်ဆောင်ရွက်လျှက် ရှိကြောင်း လယ်ပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးထင်လင်းကျော်က
ရှင်းပြသည်။
 လက်ရှိတွင်လာရောက်တည်းခိုသူအဘိုးအဘွား(၈)ဦးရှိပြီးဟောင်းနွမ်းလှသော
အဆောက်အဦများမှာလည်း ပြုပြင်၇န်လိုအပ်နေခြင်းများကြောင့် အလျှင်အမြန်ဆောင်ရွက်ေ
နေကြောင်း၊ အဘိုးအဘွားများ၏စားဝတ်နေရေးအ တွက်ကိုလည်း ဝေယျာဝစ္စအဖွဲ့မှ (၅)ရက်တစ်ကြိမ် အလှူငွေများကောက်ခံကာရရှိသောငွေများဖြင့် ဖြည်းဆည်း ဆောင်ရွက်ပေးနေသလို
၊နေ့လည်စာနှင့်နံနက်စာများကိုစေတနာရှင်များနှင့်မြို့ပေါ်ရှိဘုန်းကြီးကျောင်းများမှပိုလျှံ
ဆွမ်းချိုင့်များဖြင့်လည်းကောင်း၊ညစာအာဟာရအဖြစ်ယာဂု(ဆန်ပြုတ်)ကျွေးမွေးလျှက်ရှိကြောင်းသိရသည်။
       မြို့သစ်မြို့၊ရတနာသိမ်ကုန်းဘိုးဘွားရိပ်သာသို့မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်ဇနီးဒေါ်ခင်သီတာ မြင့်တို့မှလည်း မြို့သစ်မြို့သို့ရောက်သည့်အခါတိုင်း
လာရောက်လှူဒါန်းလေ့ရှိပြီး မြို့သစ်မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးမြင့်သူ
မိသားစုကလည်းလစဉ်လာေ၇ာက်လှူဒါန်းလျှက်ရှိကြောင်း၊လာရောက် နေထိုင်လိုသူ များနှင့် လှူဒါန်းမှုအစုစုကိုကူညီပံ့ပိုး လိုသူများအနေဖြင့် ဦးထင်လင်းကျော်၊ မြို့သစ်မြို့၊ လယ်ပြင်ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ဖုန်း ၀၉/၄၀၁၅၆၁၃၉၄ သို့ဆက်သွယ်နိုင်ပါကြောင်း 
သတင်း ရရှိသည်။     လှဝင်း
မြိုင်   -   အောက်တိုဘာ   -   ၂၇
    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
 ၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့နှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့
ပူးပေါင်း၍ပြည်သူများ နွေ ၊မိုး၊ဆောင်းမီးဘေးကြိုတင်ကာကွယ်စောင့်ရှောက်ရေး အတွက်မြို့ပေါ်နှင့်ကျေးရွာအုပ်စု၊ကျေးရွာများမှအရန်မီးသတ်တပ်ဖွဲ့ဝင်များမွမ်းမံ
သင်တန်းဆင်းပွဲကိုအောက်တိုဘာ(၂၆)ရက်၊နံနက်(၈)နာရီတွင်မြိုင်မြို့၊ပြည်သူ့
အားကစားကွင်း၌ကျင်းပခဲ့ကြောင်းသိရသည်။    သင်တန်းဆင်းပွဲတွင်မြို့နယ်အုပ်ချုပ်ရေးမှူးကသင်တန်းဆင်းစကားပြောကြားပြီး
၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ်မီးသတ်ဦးစီးမှူးတို့ကလုပ်ငန်းဆောင်ရွက်မှုများအား
ရှင်းလင်းပြောကြားကာသင်တန်း၌ဆုရရှိခဲ့သူများအားသက်ဆိုင်ရာတာဝန်ရှိသူများက
ဆုများပေးအပ်ချီးမြှင့်ကြောင်းသိရသည်။(အောင်ကျော်မြင့်)
မကွေး အောက်တိုဘာ ၂၉
        မကွေးတိုင်းဒေသကြီး၊မကွေးမြို့၌ ဒေသတွင်းလိုအပ်ချက်များအရ ခေတ်မီအသုံးအဆောင် များ၊ စက်ကိရိယာများ၊ အီလက်ထရောနစ်ဆိုင်ရာပစ္စည်းများ ရောင်းချသည့်ဈေးကွက်ကောင်းမွန်လျှက် ရှိသော်လည်း ကိုယ်ပိုင်ယာဉ်အသုံးပြုလိုသူများအနေဖြင့် မကွေးကား showroom များတွင်ဝယ်ယူမှုနည်း ပါးနေဆဲဖြစ်ပြီး ရန်ကုန်အရောင်းပြခန်းများတွင်သာ စိတ်ကြိုက်ရွေးချယ်ဝယ်ယူမှုများရှိကြောင်း သိရသည်။
        “မကွေးမှာ ၀ယ်လိုအားနဲ့နေရာအခြေအနေပေါ်မူတည်ပြီး ကားအများကြီးတင်မထားနိုင်ပါ ဘူး ၊ showroom ဖွင့်တဲ့ တစ်နှစ်လောက်အတွင်းမှာ အစီး၆၀ လောက်ရောင်းရပေမယ့် ဒေသခံတွေက တော့ ရန်ကုန်ကိုပဲ ပိုအားသန်နေတာကို တွေ့ရပါတယ် ၊ ဂျပန်ကားသီးသန့်ရောင်းတဲ့အတွက် ပစ္စည်း ကောင်းရမယ်၊ရန်ကုန်ဈေးကွက်ပေါက်ဈေးအတိုင်း ၀ယ်လို့ရမယ်၊ ၆လတစ်ကြိမ် အခမဲ့စစ်ဆေးပေးနေပါ တယ် ”ဟု FARMER AUTO Showroom မကွေးတာဝန်ခံ မှ ပြောသည်။
        “၀န်ဆောင်မှုလည်းတူမယ်၊စိတ်ကြိုက်ရွေးချယ်ဖို့အခွင့်အလမ်းလည်းရမယ် ဆိုရင်တော့ မကွေး ကားအရောင်းပြခန်းတွေအဆင်ပြေနိုင်ပါတယ် ၊  ၀ယ်ဝယ်ချင်းကားတန်ဖိုးရဲ့ ၃၀%ပဲ ပေးရပြီး ၊၁၂ လ နဲ့ ၂၄ လ အရစ်ကျ စနစ်တွေရှိတဲ့အတွက်လည်း အရစ်ကျစနစ်နဲ့ပေးတာကိုသဘောကျသူတွေ ရှိပါတယ် ၊ကျွန်တော်တို့လို အေ၇ာင်တွေ၊ဒီဇိုင်းတွေ ရွေးချင်တဲ့သူတွေကတော့ ရန်ကုန်ကိုပဲသွားနေကြ ဦးမှာပဲ ”  ဟု ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးအောင်သိန်းလင်းမှ ၄င်း၏ထင်မြင်ချက်ကို ပြောသည်။
        လက်ရှိတွင် မကွေးမြို့၌ အရောင်းပြခန်း(၃)ခုသာရှိသေးပြီး နယ်ဝယ်လက်များ၏ အနည်းငယ်သာ အဆိုပါ Showroom များတွင်ဝယ်ယူအသုံးပြုမှုရှိကြောင်း ၊ ဈေးနှုန်းသင့်တင့်သော သိန်း ၆၀နှင့်၇၀ ကြားရှိ Hijet မီနီထရပ်၊သိန်း ၉၀ကျော်ရှိ Nissan AD Vanများအရောင်းသွက်ကြောင်း ၊ Light Truck နှင့် အခြားအိမ်စီးကားအများစုကိုမူ ရန်ကုန်သို့ဆင်းဝယ်နေကြကြောင်း၊ကားပွဲစားတွေလည်း ဈေးကွက်အရ ကားလဲထပ်လုပ်ချင်သူတွေနဲ့ ကွက်ကျန်လောက်သာ အလုပ်ဖြစ်ပြီး ရပ်တည်မှု မရေရာကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။                                                                         ဇေယျတု(မကွေး)
မကွေး အောက်တိုဘာ ၂၈
        ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အဖက်ဖက်မှတိုးတက်လာသော လမ်းပန်းဆက် သွယ်ရေး နှင့်အတူ မြို့နယ်ကျေးရွာများအထိကျယ်ပြန့်ရောက်ရှိလာသော ဆိုင်ကယ်၊ ကား၊ သုံးဘီး၊ ထော်လာဂျီ စက်တပ်ယာဉ်များအသုံးပြုမှု များပြားလာလျှက်ရှိပြီး ယာဉ်မတော်တဆမှုနှုန်းများလည်း မြင့်တက်လာလျှက်ရှိကြောင်း သိရသည်။
        မြန်မာနိုင်ငံ၌ ၂၀၁၁ခုနှစ်တွင် ယာဉ်စီးရေ(၂၃)သိန်းရှိခဲ့ပြီး ၂၀၁၂ခုနှစ်တွင်
(၃၆)သိန်းခန့် ၊ ၂၀၁၃ခုနှစ်တွင် သိန်း(၄၀)ကျော်ခန့်အထိတိုးပွားလာကြောင်း
ဌာနဆိုင်ရာမှတ်တမ်းများအရ သိရသည်။ ထို့အတူ ၂၀၁၁ခုနှစ်တွင် ယာဉ်တိုက်
မှုပေါင်း တစ်သောင်းကျော်၊ ၂၀၁၂ခုနှစ်တွင်ယာဉ်တိုက်မှုပေါင်း တစ်သောင်း
တစ်ထောင်ကျော် ၊၂၀၁၃ခုနှစ်တွင်ယာဉ်တိုက်မှုပေါင်း တစ်သောင်းသုံးထောင်ကျော်
 ဖြစ်ပွားခဲ့ ပြီးယာဉ်အန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့်သေဆုံးမှုများ မြင့်တက်လာခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၂ခုနှစ်က ယာဉ်မတော်တဆထိခိုက်မှုပေါင်း (၁၀၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၁၃ခုနှစ် တွင် (၂၅၉)ကြိမ်အထိ ဖြစ်ပွားခဲ့သည်။
        ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျန်းမာရေးပြဿနာများထက် ယာဉ်တိုက်မှုကြောင့်
 သေဆုံးဒဏ်ရာ ရမှုက ပိုများနေကြောင်း ၊ အသက်(၅)နှစ်မှ(၂၉)နှစ်ကြား ကလေးများနှင့်
လူငယ်များ အများဆုံးသေကြေ နေရခြင်းဖြစ်ကြောင်း ၊ အဆိုပါသေဆုံးမှုနှုန်းများသည် စစ်ပွဲနှင့်ရောဂါဘယများကြောင့် သေဆုံးရခြင်းထက် ပိုများနေကြောင်း WHO နှင့်
ကမ္ဘာ့ဘဏ်တို့မှ ယာဉ်တိုက်မှုဆိုင်ရာ ထုတ်ပြန်ချက်များအရ သိရသည်။
        မကွေးမြို့၌ ၂၀၁၃ခုနှစ်အတွင်း ယာဉ်တိုက်မှု ၁၀၆မှု၊ သေဆုံးသူ ၂၄ဦး ၊ထိခိုက်
ဒဏ်ရာရသူ ၂၁၄ဦး ၊တန်ဖိုးငွေကျပ်၁၅၄၀၉၀၀၀ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး ၂၀၁၄ခုနှစ် ဇန်န၀ါရီလမှစက်တင်ဘာ လကုန်အထိ ယာဉ်တိုက်မှု ၆၈မှု၊ သေဆုံးသူ ၁၃ဦး၊ ထိခိုက်
ဒဏ်ရာရသူ ၁၄၀ဦး ၊ တန်ဖိုးငွေကျပ် ၇၄၆၀၀၀၀ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။မကွေး
တိုင်းဒေသကြီး တစ်ခုလုံးအတွင်း၌ ၂၀၁၃ခုနှစ်အတွင်း ယာဉ် မှုခင်း ၁၀၈၆မှု ၊
 သေဆုံးသူ ၂၈၈ဦး ၊ထိခိုက်ဒဏ်ရာရရှိသူ ၂၁၁၇ဦး ၊တန်ဖိုးငွေကျပ် ၉၀၃၁၄၀၀၀
 ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး ၂၀၁၄ခုနှစ် ဇန်န၀ါရီလ မှ စက်တင်ဘာလကုန်အထိ ယာဉ်မှုခင်း ၉၁၆မှု
၊သေဆုံးသူ ၂၁၉ဦး ၊ထိခိုက်ဒဏ်ရာရရှိသူ ၁၉၅၄ဦး ၊တန်ဖိုးငွေကျပ် ၇၇၀၃၅၀၀၀ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
        ခေတ်ကာလ၏ ပြောင်းလဲတိုးတက်လာမှုကြောင့် ယာဉ်အသုံးပြုမှုကို ပိတ်ပင်တားဆီး၍
ရမည်မဟုတ်ပဲ ယာဉ်အသုံးပြုပြည်သူများအား International Traffic Control Five“E” System (အပြည် ပြည်ဆိုင်ရာ ယာဉ်ထိန်းသိမ်းခြင်းနည်းစနစ် ၅မျိုး ) အရ Education System (ပညာပေးနည်းစနစ်) ၊ Engineering System(အင်ဂျင်နီယာနည်းစနစ်) ၊Enforcement System(စစ်ဆေးအရေးယူဆောင်ရွက် ခြင်းနည်းစနစ်) ၊Emergency Medical Service System (အရေးပေါ် ဆောင်ရွက်ခြင်းနည်းစနစ် ) ၊ Environment System( ပတ်ဝန်းကျင်အခြေအနေဆိုင်ရာများ ထိန်းသိမ်းခြင်းနည်းစနစ်) များအသုံးပြုကာ ယာဉ်အန္တရယ်လျော့ကျရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးယာဉ်ထိန်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်                                                                                                                           ဇေယျတု(မကွေး)
ဆော အောက်တိုဘာ ၂၈
    ဂန့်ဂေါခရိုင် ဆောမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ
 ဆောမြို နှင့် ၁၆ မိုင်ဝေးကွာ၍ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နှင့် ဆက်စပ်လျှက်ရှိသည့် ဆွဲလွဲကျင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် စိမ့်စမ်းရေသွယ်လုပ်ငန်း ဆောင်ရွက်ထားသည်။
    အဆိုပါလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ခွင့်ပြုငွေကျပ်
 ၁၈ ဒသမ ၈၆ သန်း ဖြင့် ဆောင်ရွက်ခြင်းဖြစ်၍ ကျေးရွာနှင့် ၃ မိုင်ဝေးကွာသည့်
ဘုန်းဒိုးချောင်းမှရေကို ၃ လက်မ၊ ၂ လက်မခွဲ၊ ၂ လက်မ ပိုက်များဖြင့်အဆင့်ဆင့်သွယ်ယူရသည်ဟုဆိုသည်။ ကျေးရွာတွင် ရေဂါလံ ၃၆၀၀
ဆန့် အုတ်ရေကန် ဆောက်လုပ်ထားကာ ကျေးရွာတွင် ရေငုတ် ၁၀ ခုတပ်ဆင်ထားသဖြင့်
အဆိုပါကျေးရွာရှိ လူနေအိမ် ၃၄ အိမ်မှ ပြည်သူများသည် သောက်သုံးရေ ရေကြည်ရေသန့်ကို လွယ်လင့်တကူရရှိနေကြပြီဖြစ်သည်။
    “ကျွန်တော်တို့ရွာက ကုန်းတက်၊ကုန်းဆင်းသွားပြီး  သောက်သုံးရေကို ခပ်ယူခဲ့ကြရတာပါ ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးအစီအစဉ်နဲ့ သောက်သုံးရေရရှိအောင်  ဆောင်ရွက်ပေးတဲ့အတွက် များစွာကျေးဇူးတင်ဝမ်းသာ ပါတယ်၊ အမြို့မြို့အနယ်နယ်မှာလဲ အခုလိုသောက်သုံးရေ လွယ်ကူစွာရရှိနေတဲ့သတင်းတွေ ကြားနေရ၊သိနေရ ပါတယ်၊ အင်မတန်ကို မင်္ဂလာရှိတဲ့သတင်းတွေပေါ့ကွယ်” ဟု အဆိုပါကျေးရွာနေပြည်သူတစ်ဦးက ပြောသည်။
ကျော်သန်းဆွေ
ပေါက်   အောက်တိုဘာ   ၂၉
ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ပြည်သူလူထုမှယုံကြည်အားကိုးမှုရရှိစေရန်
တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်နှင့်ပွင့်လင်း မြင်သာမှုရှိစေရန် ရဲလုပ်ငန်းနှင့်ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲကို အေါက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီက ပေါက်မြို့ မြို့နယ် ရဲတပ်ဖွဲ့မှူး သန်းအေးက ၂၀၁၄-ခုနှစ်တွင် ပေါက်မြို့နယ်ရဲတပ်ဖွဲ့၏ရဲလုပ်ငန်းများနှင့် ပတ်သက်၍ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီး ရမိသည့်တရားခံပြေးများ အခြားခရိုင်
အခြား မြို့နယ်များမှ မိမိမြို့နယ်အတွင်း ခိုအောင်း ရောက်ရှိနေသောတရားခံပြေး
ဖမ်းဆီးရမိရေးဆောင်ရွက်မှုနှင့်ဖမ်းဆီးရရှိမှုအခြေအနေတို့ကိုရှင်းလင်းပြောကြားသည်။
   ပေါက်မြို့နယ်အတွင်း ၂၀၁၂-ခုနှစ်မှ၂၀၁၄ခုနှစ်အတွင်းအမှုကြီးအခြားအမှု ကြိုတင်ကာ
 ကွယ်မှုများ သုံးနှစ်တာကာလနှိုင်းယှဉ်၍ရှင်း လင်းပြောကြားပြီး ဖြစ်ပွါးမှုမရှိသေးသောအမှု နှင့်ဖော်ထုတ်ဆဲအမှုများနှင့်ပတ်သက်၍
ပြည်သူလူထုမှပူးပေါင်းကူညီဆေါင်ရွက်ရန်အခြေအနေတို့ကိုဆွေးနွေးတင်ပြရာတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များ ရပ်ကွက်အတွင်းနေပြည်သူများ၏တာဝန် ဝတ္တရားများနှင့် အခွင့်အရေးများ ရပ်ကွက် အုပ်ချုပ်ရေးဥပဒေပါရဲတာဝန်များဖြင့်ပူးပေါင်း
ဆောင်ရွက်ရန် နည်းလမ်းများကို ရှင်းလင်း ဆွေးနွေးသည်။ပေါက်မြို့နယ် ရဲတပ်ဖွဲ့လုပ် ငန်းများနှင့်ပတ်သက်သည့်ရှင်းလင်းဆွေးနွေး ပွဲသို့ မြို့ပေါ်(၄)ရပ်ကွက်ရှိအုပ်ချုပ်ရေးမှူးများ
အမျိုးသမီးရေးရာ မိခင်နှင့်ကလေးအသင်း အဖွဲ့များ အဝေရာလူမှုကူညီရေးအသင်းမှ
အသင်းသား/သူများ ရပ်မိရပ်ဖများနှင့် ဖိတ် ကြားထားသည့် သတင်းမီဒီယာများ
သတင်း ထောက်များ တက်ရောက်ကြကြောင်းသိရှိရ သည်။
ရေနံချောင်း  အောက်တိုဘာ   ၂၉
မကွေတိုင်းဒေသကြီး  ရေနံချောင်းမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များ ကျေးရွာများ လူစည်ကားရာ ဈေး ကျောင်းများ နှင့် လမ်းမပေါ်တို့တွင် သီတင်းကျွတ်ကာလမှ စတင်၍ ဗြောက်အိုးများ ဖောက်ကြရာ အချို့ဗြောက်အိုးများသည် ကြီးမားသော ပေါက်ကွဲသံကြီးများဖြင့်  မြေကြီးများပင် တုန်သွားသောကြောင့်
သက်ကြီးရွယ်အိုများ ကလေးသူငယ်များ ထိတ်လန့်ကြောက်ရွံ့သည့်အပြင်
 မိန်းကလေးများမှာလည်း အိန္ဒြပျက် အရှက်ရသကဲ့သို့  ဗြောက်အိုးဖောက်ခြင်းကြောင့်
မီးဘေးအန္တရာယ် စိုးရိမ်နေရကြောင်း  ထို့ကြောင့်ယခုလာမည့် တန်ဆောင်မုန်းလပြည့်နေ့နှင့် အခြားနေ့များတွင် ဗြောက်အိုးဖောက်ခြင်းများအား ရှောင်ကြဉ်ကြစေလိုကြောင်းနှင့် သက်ဆိုင်ရာများမှလည်း တာမြစ်ပေးစေလိုကြောင်း ဆုံတိုက်ရပ်မှ မခင်စုလှိုင်၏ ပြောပြချက်အရသိရပါသည်။
                            ငြိမ်းငြိမ်းအိ
ကျောက်ထု အောက်တိုဘာ ၂၈
    ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ တောခလွန်ကျေးရွာ လမင်းတစ်ရာ
စာကြည့်တိုက်တွင် အောက်တို ဘာ ၂၅ ရက်က စာပေလေ့လာဖတ်ရှုရေး
ဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲပြုလုပ်သည်။
    အဆိုပါစာအုပ်လှူဒါန်းပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက အမှာစကား
ပြောကြား၍ ကျောက်ထုမြို့ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး
ဦးအေးလင်းက စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများကို ရှင်း လင်းတင်ပြသည်။
ထို့နောက် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ချိုချိုဝင်းက လမင်းတစ်ရာ
စာကြည့်တိုက် အတွက် စာကြည့်တိုက်မှူးထံသို့ စာအုပ်စာစောင် ၅၀ ကျော်ကို
ပေးအပ်လှူဒါန်းကြောင်း သိရသည်။
ကျော်သန်းဆွေ
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် ပခုက္ကူမြို့ မူးယစ်တပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဖမ်းဝရမ်းအမှတ်(၂/၂၀၀၄)ဖြင့် ပခုက္ကူမြို့၊ စက်မှုဇုံရပ်နေ ဖိုးသား (ခ) အောင်ထွန်းဦး (၃၁) နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့သည်။
ဖိုးသား(ခ)အောင်ထွန်းဦးနှင့်အတူ ၄င်းအိမ်တွင် မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသော အမှတ် (၁၁) ရပ်နေ အောင်ဖြိုးမင်း(၂၀)နှစ် နှင့် အမှတ် (၁) ရပ်ကွက်နေ မျိုးသန့်ဦး(၁၉)နှစ်တို့အားတွေ့ရှိ ပြီး အောင်ဖြိုးမင်းမှ မီးဖိုဆောင်အနီးတွင်ဟင်းရည်သောက် စတီးဇလုံအတွင်း၌ ခဲပြားစက္ကူပတ်လျှက် ပလပ်စတစ်အိတ်(၁)လုံးအား လွှင့်ပစ်သည်ကိုတွေ့ရှိ၍ သက်သေများရှေ့ကောက်ယူစစ်ဆေးရာ ၄င်းအိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၂၁)ပြား၊ ကာလတန်ဘိုး-၁၀၅၀၀၀ိ/-အား လည်းကောင်း၊ မီးဖိုအနီးမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် အအေးစုပ်ပိုက် (၃)ချောင်း တပ်လျှက် သောက်ရေသန့်ဗူးခွံ(၁)ခု၊ အပြာရောင်အအေးစုပ်ပိုက် (၁)ချောင်း၊ မီးဖိုဆောင်အမိုး သွပ်ပြားကြားမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ထိပ်တွင်ခဲပြားပတ်လျှက် အ၀ါရောင် အအေးစုပ်ပိုက် (၁)ချောင်းတို့အားတွေ့ရှိ၍ သက်သေများရှေ့သိမ်းဆည်းခဲ့သည်။
 ဖိုးသား(ခ) အောင်ထွန်းဦး၊ အောင်ဖြိုးမင်း၊ မျိုးသန့်ဦးတို့(၃)ဦးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း မူးယစ်(ပ)၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ည ၉ နာရီ ၄၅ အချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းတိုက်နယ်ဆေးရုံသို့ ဆိုင်ကယ်ပေါ်မှပြုတ်ကျသည့် လူနာတစ်ဦး ၊ ရောက်ရှိနေကြောင်းသတင်းအရ ကုန်းဇောင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များ နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် စလင်းမြို့နယ်၊ ရုန်းပင်ကန်ရွာနေ ကျော်ဟန် (၂၅) နှစ် မောင်းနှင်ပြီး နောက်မှ အစ်မအရင်းဖြစ်သူ မ၀င်းဌေး(၃၁)နှစ် နှင့် အစ်မ၀မ်းကွဲဖြစ်သူ မနိုင်နိုင်မော်တို့အား လိုက်ပါစီးနင်းလာသည့် HEMOTR ၁၁၀ အနက်ရောင် ဆိုင်ကယ်သည် ရွာခိုင်ကျေးရွာမှ ရုန်းပင်ကန်ကျေးရွာသို့ မြောက်မုန်းမြောင်းကြီးအတိုင်း မောင်းနှင် လာစဉ် ရွာခိုင်ကျေးရွာ အနောက်ဘက် (၂)ဖာလုံခန့်အကွာတွင် နောက်မှလိုက်ပါသည့် မ၀င်းဌေးနှင့် မနိုင်နိုင်မော် တို့ (၂)ဦးမှာဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့ရာ မ၀င်းဌေးတွင် ယာဘက်ဂျိုစောင်း ဖူးရောင် ပေါက်ပြဲ၊ ယာနား အတွင်းမှ သွေးထွက် (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ ကျော်ဟန် (၂၅)နှစ်အား ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေ ရဲစခန်း ယာဉ်(ပ)၈/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ ပြည်လမ်းပေါ်၌ ယာဉ်ပေါ်မှလူတစ်ဦး ပြုတ်ကျနေကြောင်း သတင်း အရ အောင်လံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
အောင်လံမြို့တောင်ဘက်အထွက် တန်ဘိုးကျေးရွာအနီး ပြည်လမ်းပေါ်တွင် အောင်လံမှ ပြည်သို့ ပြည်မြို့၊ ဆင်တဲရပ်ကွက်နေ ဇင်မင်း(၃၃)နှစ် မောင်းနှင်သည့် MINIBUS အ၀ါရောင် စွယ်တော်ဖူး ခရီးသည်တင် ယာဉ်သည် အတက်အဆင်းတံခါးပေါက်မှန်အားဖွင့်မောင်းစဉ် ယာဉ်ပေါ်မှ ပြည်မြို့၊ ဆင်တဲရပ်ကွက်နေ ယာဉ်နောက်လိုက် ဦးမောင်ကို (၄၃) နှစ်မှာ တံခါးပေါက်မှပြုတ်ကျပြီး ၀ဲနားအတွင်းမှ သွေးထွက်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ဖူးရောင်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သည်။
 ယာဉ်မောင်း ဇင်မင်း (၃၃)နှစ် အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၄၃/၂၀၁၄၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
Wednesday, October 29, 2014
မကွေး  အောက်တိုဘာ   ၂၉
    မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်(၈း၃၀)နာရီက မင်းဘူး(စကု)မြို့နယ် ထနောင်းတောကျေးရွာအုပ်စု ကွင်းအမှတ်(၁၁၈၉) ဦးပိုင်အမှတ်(၁၀၀) တောင်သူဒေါ်ဝင်း၏ မိုးစပါးပုလဲသွယ် စံပြ စိုက်ကွက် ရိတ်သိမ်းပွဲသို့ တက်ရောက်အားပေးခဲ့သည်။
    မိုးစပါးစံပြရိတ်သိမ်းပွဲတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးက သိပံနည်းကျစိုက်ပျိုးနည်းစနစ် များအား တောင်သူများအား အသိပညာပေးပြောကြားခဲ့ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်က မိမိဒေသနှင့်ကိုက်ညီမည့် အထူးအထွက်တိုးမည့် မျိုးစပါးနှင့် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တောင်သူများသိသင့်သိထိုက်သည်များကို ရှင်းလင်းမှာကြားခဲ့ ပြီးတောင်သူများ၏ စံပြရိတ်သိမ်းနေမှုအား လိုက်လံကြည့်ရှုအားပေး၍ တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
    ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ် တောင်သူ ဦးစန်းဝင်း၏ လယ်(၂)ဧကတွင် ဗီယက်နမ်မျိုးပွားစပါး စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးခဲ့ပြီး စလင်းမြို့နယ် တောဆိပ်ကျေးရွာ ပြည့်ပြည့်၀၀ကုမဏီမှ စိုက်ပျိုးထားသည့် ဖရဲ(၉)ဧကနှင့် သခွားမွှေး(၅)ဧက စိုက်ကွင်း၏ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
မကွေး  အောက်တိုဘာ  ၂၇
    မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဆောင်ရွက်မှုဖြင့်
 မြို့တော်အင်္ဂါရပ်နှင့်အညီ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက်
မကွေးမြို့ ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံတွင် မီးပွိုင့်
အားစောင့်ဆိုင်း ဖြတ်သန်းရန်မလိုဘဲ ဗိုလ်ချုပ်လမ်းမှ ပြည်တော်သာ
လမ်းမကြီးသို့ ချိုးကွေ့နိုင်သည့် Free Pathလမ်း ပြုလုပ် လျက်ရှိပါသည်။
    အဆိုပါလမ်းမှာ အကျယ် ၁၂ပေ အရှည် ၁၅၀ပေရှိပြီး မကွေးမြို့နယ်
စည်ပင်သာယာရေးအဖွဲ့မှ ကျပ် (၂၄)သိန်းကျော်အကုန်အကျခံကာ
 ပြုလုပ်နေခြင်းဖြစ်ကြောင်းသိရသည်။
ညီညီ
ပခုက္ကူ   -   အောက်တိုဘာ   -   ၂၉
    ပခုက္ကူမြို့တွင်မူးယစ်ဆေးဝါးများ ရောင်းဝယ် နေကြောင်းသတင်းအရ
ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ၏လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမှအနီးကပ်ကြီးကြပ် လျှက်မြို့မရဲစခန်းမှူးဒုရဲမှူးဝင်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှရဲအုပ်ဝင်းမြင့်၊
ဒုရဲအုပ်ရဲဝင်း နှင့်တပ်ဖွဲ့ဝင်များနယ်ထိန်းတပ်ဖွဲ့ဝင်များ၊ခရိုင်မှုခင်းအကူ
တပ်ဖွဲ့ဝင်များ၊မူးယစ်အထူးအဖွဲ့မှတပ်ကြပ်ကြီးစိုးညွန့်အောင်နှင့်အဖွဲ့တို့သည်
သက်သေများဖြစ်သောအမှတ်(၁၁)ရပ်ကွက်၊အုပ်ချုပ်ရေးမှူး ဦးမင်းသန့် ၊ဆယ်အိမ်မှူးဦးနေလင်းတို့နှင့်အတူသတင်းအရရှာဖွေပုံစံ(၁/၂၀၁၄)ဖြင့်ပခုက္ကူမြို့၊
အမှတ်(၁၁)ရပ်ကွက်၊(၁၉)လမ်း(ရွှေလမ်းမကြီးအနောက်ဘက်)ရှိ ကျော်သန်း(ခ)
ဖိုးထောင်၊(ဘ)ဦးမောင်မြို့၊၏နေအိမ်သို့ဝင်ရောက်ရှာဖွေရာ၎င်း၏နေအိမ်အောက်အဖီ
 ရေတံလျှောက်အတွင်းမှWYစာတမ်းပါပန်းရောင်စိတ်ကြွဆေးပြား(၁၆၆)ပြား
၊နေအိမ်အိပ်ခန်းခြေနင်းခုံအဖြစ်အသုံးပြုထားသည့်သစ်သားတုံးအပေါက် အတွင်းမှ ဆေးပြား(၁၉၇)ပြား၊ နေအိမ်အပ်ခန်းအောက်ရှာဖွေရာမှမြေကြီးအတွင်းဝှက်၍
မြုပ်ထားသောဆေးပြား(၁၁၉၄)ပြား၊စုစုပေါင်း(၁၅၅၇)ပြားကာလတန်ဘိုး(၇၇၈၅၀၀၀ိ/-)
အားတွေ့ရှိသဖြင့်အိမ်ရှင် ကျော်သန်း(ခ)ဖိုးထောင်အားပခုက္ကူမြို့မရဲစခန်းမှမူးယစ်
(ပ)၁/၂၀၁၄၊မူး/စိတ်၁၅/၁၉(က)အရအမှုဖွင့်အရေးယူဆောင်ရွက်ထား
ကြောင်းသိရသည်။ အောင်(မန်းတက္ကသိုလ်)
ပခုက္ကူ   -   အောက်တိုဘာ   -   ၂၉
    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ၌ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဓာတ်အားပျောက်ဆုံးမှု
လျော့နည်းကျဆင်းရေးအတွက် Anolugueမီတာများ၏နေရာတွင် OMR Digital  မီတာများအစားထိုး
တပ်ဆင်နိုင်ရေးစီမံချက်ချမှတ်ဆောင်ရွက်လျှက်ရှိရာမကွေးတိုင်းဒေသကြီး၊ လျှပ်စစ်အင်ဂျင်နီယာဦးသာစိုး
ဦးဆောင်ပြီး ၊ခရိုင်လျှပ်စစ်အင်ဂျင်နီယာဦးဘုန်းနိုင်မှ ကြီးကြပ်ကာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဇေယျာ
မင်းခေါင်းဆောင်သော မြို့နယ်ရုံးအဖွဲ့မှဝန်ထမ်းများသည်အောက်တိုဘာ(၉)ရက်နေ့မှစတင်လျှက်ဆောင်
ရွက်ခဲ့ရာအောက်တိုဘာ(၂၈)ရက်နေ့အထိOMR Digital မီတာပေါင်း(၁၁၃၅)လုံးတပ်ဆင်ပြီးစီးနေပြီဖြစ်
ရာမီတာအလုံး(၁၀၀၀၀)ကျော်ကိုကွန်ကရစ်ဓာတ်တိုင်များ၌တပ်ဆင်ဆောင်ရွက်သွားမည်ဟုသိရသည်။
    ရာသီဥတုဒဏ်ခံနိုင်သော OMR Digital မီတာများကိုတိုင်များပေါ်တွင်တပ်ဆင်အသုံးပြုစေခြင်း
ဖြင့်မီတာဖတ်ရာတွင်ယခင်ကထက်စနစ်တကျပိုမိုမှန်ကန်မြန်ဆန်လာမည်ဖြစ်ပြီး တရားမ၀င်သော
နည်းလမ်းများဖြင့်ဓာတ်အားခိုးယူသုံးစွဲခြင်းများပပျောက်စေပြီး ၊ယူနစ် Losses များကျဆင်းလာမည်
ဖြစ်ကြောင်းသတင်းရရှိသည်။ အောင်(မန်းတက္ကသိုလ်)
ထီးလင်း အောက်တိုဘာ ၂၇
    ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်သို့ လျှပ်စစ်မီးသွယ်တန်းရောက်ရှိနိုင်ရေး ကျောက်ထုမြို့မှ ထီးလင်းမြို့ အထိလျှပ်စစ်မီးကြိုးသွယ်တန်းနိုင်ရေးအတွက် လမ်းအူကြောင်းများ ရှာဖွေရှင်းလင်းခြင်း၊ မီးတိုင်စိုက်ထူရန် တိုင်းတာသတ်မှတ်ခြင်း လုပ်ငန်းများကို စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၂၂ ရက်ထိ ဆောင်ရွက်ကြကြောင်းသိရသည်။
    အဆိုပါလုပ်ငန်းသည် မိုင် ၂၀ ကျော်ကွာဝေးကြောင်းနှင့် လျှပ်စစ်မီးတိုင် ၈၀၀ စိုက်ထူသွယ်တန်းမည် ဖြစ်ကာ ထီးလင်းမြို့တွင် ၆၆ ကေဗွီ ဓာတ်အား(ခွဲ) ရုံ တစ်ခုကိုလည်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
ကျော်သန်းဆွေ
ထီးလင်း အောက်တိုဘာ ၂၇
    မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်တွင် ဝါလကင်းလွတ် သီတင်းကျွတ်ကာလ၌ ဆရာတော် သံဃာတော်များအား ပူဇော်ကန်တော့ခြင်း ၊ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ကြခြင်းတို့ နှစ်စဉ်ဆောင်ရွက်ကြမြဲဖြစ်သည်။
    ထိုသို့ဆောင်ရွက်ကြရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်ဌေးဌေးဝင်းဦးဆောင်သည့်အဖွဲ့သည် အောက်တိုဘာ ၂၅ ရက်က ရပ်ကွက်အသီးသီးရှိ အသက် ၈၀ ကျော် သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာ ရောက် သွားရောက်လျှက် လှူဖွယ်ပစ္စည်းများပေးအပ်ကြကာ ပူဇော်ကန်တော့ကြကြောင်း သိရသည်။
ကျော်သန်းဆွေ
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်းလှမြို့နယ်၊ ကန်တုတ်-ရေနံမ ကားလမ်း တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်၊ ကန်တုတ်-ရေနံမ ကားလမ်းတွင် ရေနံမဘက်မှ ကန်တုတ်ဘက်သို့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ၊ မြောက်ရွာနေ မောင်မောင်(၂၅) နှစ်မောင်းနှင်ပြီး နောက်မှ မြိုင်မြို့နယ်၊ မြို့ခင်းသာ ရပ်နေ မောင်ဇော် (၃၆)နှစ် လိုက်ပါလာသော ၂၆ယ/xxxx အန်ဘို ၁၂၅ အနက်ရောင်ဆိုင်ကယ် သည် ရေနံမမှ ကန်တုတ်ဘက်သို့ ရေနံမရွာနေ စိုးမင်းသူ (၂၈) နှစ် မောင်းနှင်သော ၉ဋ္ဌ/xxxx ထော်လာဂျီ အပြာ ရောင်ယာဉ်အား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တစ်ဖက်ယာဉ်ကြော မှ ရေနံမမြောက်ရွာနေ မျိုးဇင် (၁၉) နှစ် မောင်းနှင်ပြီး နောက်မှ သာပေါင်းမြို့နယ်၊ သန်းကင်း ရွာနေ သန်းမင်းထိုက် (၂၁) နှစ် လိုက်ပါလာသော နံပါတ်မပါ ကန်ဘို ၁၂၅ အနက်ရောင်ဆိုင်ကယ်အား ၀င်ရောက်တိုက်မိခဲ့၍ မျိုးဇင်၏ ဆိုင်ကယ်လဲကျသွားခဲ့စဉ် စိုးမင်းသူမောင်းနှင်သော ထော်လာဂျီ ယာဉ်မှ ၀င်ရောက်ကြိတ်မိခဲ့သည်။
မျိုးဇင်တွင် မျက်နှာပြား၊ ဦးနှောက်ထွက်ဒဏ်ရာရရှိ (သေဆုံး) ၊ သန်းမင်းထိုက်တွင် ဦးနှောက်ထွက် ဒဏ်ရာ ရရှိ (သေဆုံး)သွားခဲ့ပြီး မောင်မောင်နှင့် မောင်ဇော်တို့တွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ အသီသီး ရရှိသည်။
ယာဉ်မဆင်မခြင်မောင်းနှင်သူ မောင်မောင်နှင့် စိုးမင်းသူတို့အား မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲစခန်း ယာဉ်(ပ)၁၉/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၄၀ အချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရဲကင်းစခန်းမှူးနှင့်အဖွဲ့သည် မြောက်ခင်ရန်းကျေးရွာနှင့် သင်တောကျေးရွာ အကြား ဂန့်ဂေါ-ကလေးသွားကားလမ်း မိုင်တိုင်အမှတ် ၃၅/၀နှင့် ၃၅/၁ အကြားတွင် ယာဉ်တိမ်းမှောက် မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။
မြောက်ခင်ရန်းကျေးရွာနှင့် သင်တောကျေးရွာကြားဂန့်ဂေါ-ကလေးသွားကားလမ်း မိုင်တိုင်အမှတ် ၃၅/၀နှင့် ၃၅/၁ အကြားတွင် မြောက်ခင်ရန်းကျေးရွာမှ ကလေးမြို့သို့ဈေးဝယ်ရန် ခရီးသည် (၁၂)ဦး တင်ဆောင် လာသည့် ထန်တလန်မြို့နယ်၊ တီအိုကျေးရွာနေ ယာဉ်မောင်း ပါသဲ(၂၇)နှစ် မောင်းနှင် သော FOTON အမျိုးအစား အဖြူရောင်(၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏၀ဲဘက် ပေ(၄၀) ခန့်ရှိ ရေမြောင်း ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်များအနက် ကျား ၂ ဦး မ ၁ ဦး သေဆုံးပြီး ၊ ကျား ၃ ဦး မ ၆ ဦး တို့တွင် ဖူးရောင်နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ပါသဲ (၂၇)နှစ် အား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်း ယာဉ်(ပ) ၁၅/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ မကွေးမြို့၊ မြို့ပတ်လမ်းနှင့် ရန်နိုင်(၁၇) လမ်းထောင့်တွင် ဒုရဲအုပ် ကျော်သူနှင့်အဖွဲ့သည် သက်သေ အောင်ရတနာရပ်ကွက် ဆယ်အိမ်စုမှူး ဦးလှိုင်ဇေယျာ၊ ဦးထိန်ဝင်းတို့နှင့်အတူ လှည့်ကင်း တာဝန်ဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ လွယ်အိတ်အစိမ်းနှင့်အမျိုးသမီးတစ်ဦးအား တွေ့ရှိ၍ စစ်မေးခဲ့သည်။
ထိုသို့စစ်မေးခဲ့ရာ မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်နေ မဥမ္မာလင်း (၁၉) နှစ် ဖြစ်ကြောင်းသိရှိရပြီး ၄င်း၏လွယ်အိတ်အတွင်းမှ အရှည်(၁၂၅)ပေခန့်ရှိ ဖုန်းကြိုးအနက်ရောင်နှင့် ခဲတံချွန်ဓါး(၁) ချောင်း တို့အား ရှာဖွေတွေ့ရှိ၍ မေးမြန်းရာ ဖုန်းကြိုးအား ၄င်းပိုင်ဆိုင်ကြောင်း အထောက်အထား ခိုင်လုံစွာ ပြောပြနိုင်မှု မရှိသည်ကို တွေ့ရှိရသည်။
၎င်းပစ္စည်းအား တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် မဥမ္မာလင်းအား မကွေးမြို့နယ်၊ မကွေး နယ်မြေရဲစခန်း (ပ)၂၆၈/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ မကွေးမြို့နယ်၊ ညောင်ကန်ကျေးရွာနေ ဦးတင်ဆန်း(၄၅)နှစ်သည် ရွာဦးဘုန်းကြီးကျောင်းတွင် ခန်းနေဆရာတော်နှင့်အတူ ကြွေပြားကပ်လုပ်ငန်းလုပ်ကိုင်နေရာ ဆွမ်းစားကျောင်းဆောင် အသစ် ဆောက်လုပ်နေသော လက်သမား၊ ဦးကျော်ထွန်း၊ ကိုစိုး၊ ကိုမောင်မြင့်၊ ကိုဝင်းလှိုင်တို့လည်း အတူရှိနေစဉ် ဆရာတော်နေထိုင်သော သီးသန့်ကျောင်းဆောင်အတွင်းတွင် အလှူခံရရှိငွေနှင့် ဦးတင်ဆန်းမှ ဆရာတော်ထံ အပ်နှံထားသောငွေများအား ဆရာတော်၏ခရီးဆောင်လက်ဆွဲအိတ် အတွင်းထည့်ကာ ကုတင်ပေါ်တွင်ထားရှိခဲ့ရာ ၂၄.၁၀.၂၀၁၄ ရက်နေ့ နံနက် ၅ နာရီအချိန် အိတ် အတွင်း ထည့်ထားသော ငွေများအားလုံး ပျောက်ဆုံးနေကြောင်းသိရှိရသည်။
ပျောက်ဆုံးမှုနှင့်ပတ်သက်၍စုံစမ်းရာ ဆရာတော်နေထိုင်သည့် ကျောင်းဆောင်အတွင်းသို့ တစ်ရွာ တည်းနေ ငပြည့်တိုး(ခ)ပြည့်တိုးနိုင် (၁၇)နှစ်မှ ၀င်ထွက်သွားလာသည်ကို လက်သမား လုပ်ကိုင် နေသူ များမှ တွေ့မြင်ကြောင်းသိရှိရ၍ ဆက်လက်စုံစမ်းခဲ့ရာ ငပြည့်တိုး(ခ)ပြည့်တိုးနိုင် ခိုးယူသွား ကြောင်း သိရှိခဲ့ရသည်။
ဘုန်းကြီးကျောင်းမှ ငွေများအား ခိုးယူသူ ငပြည့်တိုး (ခ) ပြည့်တိုးနိုင် (၁၇)နှစ်အား အရေးယူပေးရန် ဦးတင်ဆန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မကွေးမြို့နယ်၊ ညောင်ကန်နယ်မြေရဲစခန်း (ပ) ၃၆/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်း ရရှိပါသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ပေါက်မြို့နယ်၊ သမားတော်အုပ်စု၊ လယ်ဘဲ့ (မြောက်စု) ကျေးရွာနေ ဦးဝင်းအောင်မှာ တရားမ၀င် သစ်စက်ထောင်၍ သစ်ခွဲသားများ အရောင်းအ၀ယ်ပြုလုပ်နေကြောင်းသတင်းအရ မကွေးတိုင်းဒေသကြီး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ရေပြာရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ပေါက်မြို့နယ်သစ်တောဦးစီးမှူးနှင့်အဖွဲ့ဝင်များ သက်သေ မကွေးမြို့နေ ဦးမောင်နိုင်၊ ဦးဝင်းကျော်ထွေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် ရှာဖွေခဲ့သည်။
လယ်ဘဲ့(မြောက်စု)ရွာ၊ မဟာထုတိမဟာရာမကျောင်းအနီးတွင် တရားမ၀င် သစ်ခွဲစက်နှင့် တောထုတ် သစ်လုံးများ ခွဲစိတ်ထားသော သစ်သားများနှင့်အတူ ပေါက်မြို့နယ်၊ ညောင်ပင်သာရွာနေ လွှဝိုင်းဆရာ ဦးသန်းလွင်(၃၅)နှစ်အား အခြားသစ်စက်အလုပ်သမားများနှင့်အတူ သစ်လုံးများခွဲနေစဉ် ဖမ်းဆီးခဲ့သည်။
၎င်းတို့ခွဲစိပ်နေသော သစ်ခွဲစက်နှင့်သစ်လုံး၊ သစ်ခွဲသားများမှာ ပေါက်မြို့နယ်၊ သမားတော်ကျေးရွာ အုပ်စု၊ လယ်ဘဲ့(မြောက်စု)ရွာနေ ၀င်းအောင်(၄၅)နှစ်ပိုင်ဆိုင်သော တရားမ၀င် သစ်ခွဲစက်နှင့် သစ်များဖြစ်ကြောင်းပြောပြသိရှိရ၍ သစ်ခွဲစက်အစုံနှင့် ပိတောက်သစ်တန် (၃.၉၂၁၄) တန်၊ တန်ဘိုး (၉၈၀၃၅၀ိ/-) တမလန်းသစ် (၅.၇၀၂၄ )တန်၊ တန်ဘိုး (၁၄၂၅၆၀၀ိ/-)၊ စုစုပေါင်း (၉.၆၂၃၈)တန်၊ စုစုပေါင်းတန်ဘိုး (၂၄၀၅၉၅၀ိ/-)နှင့် သစ်ဖြတ်လွှချိန်းဆွဲ (၁)လတ်၊ လော့ဂျား ၁၁၀ နံပါတ်မပါ ဆိုင်ကယ် (၁)စီးတို့အား သက်သေများရှေ့တွင် သိမ်းဆည်းရမိခဲ့သည်။
လွှဝိုင်းဆရာ သန်းလွင်နှင့် သစ်ပိုင်ရှင် ၀င်းအောင်တို့အား ပေါက်မြို့နယ်၊ ရေပြာနယ်မြေရဲစခန်း (ပ)၇၁/၂၀၁၄၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
Tuesday, October 28, 2014
မကွေး  အောက်တိုဘာ  ၂၈
    မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ GSM - BTS  မိုဘိုင်းစခန်းသည်
၃၀.၁၂.၂၀၁၂ရက်နေ့တွင် MPT Satellite Terminal ဖြင့် တပ်ဆင်အသုံးပြုခဲ့ရာမှ
၂၆.၄.၂၀၁၄ရက်နေ့တွင် Vsat (Very small Aapreture Terminal) သို့
 ပြောင်းလဲတပ်ဆင်အသုံးပြုခဲ့ပါသည်။
    ထိုကဲ့သို့ ပြောင်းလဲချိတ်ဆက်အသုံးပြုနိုင်မှုကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူ(၁၅၀၀)ဦးအထိ အသုံးပြု နိုင်ခဲ့သော်လည်း အင်တာနက်သုံးစွဲရာတွင် အခက်အခဲများရှိနေသဖြင့် ကံပြား(စလင်း)- စေတုတ္တရာ ဖန်မျှင် ကေဘယ်လ် သွယ်တန်းခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ရာ ၆.၁၀.၂၀၁၄ရက်နေ့တွင် ကေဘယ်သွယ်တန်းခြင်း (၁၀၀%)နှင့် တိုင်စိုက်ထူခြင်း(၅၀%)ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
    ဆက်လက်၍ ဖန်မျှင် ကေဘယ်လ်ဆက်ခြင်း၊ Termination ပြုလုပ်ခြင်းလုပ်ငန်းများ
 ပြုလုပ်ပြီးစီး၍ ဆင်ဖြူကျွန်းနှင့် ကံပြားမိုဘိုင်းစခန်း မိုက္ကရိုဝေ့ဗ် Channal တိုးချဲ့ခြင်း၊ ကံပြား(စလင်း)-စေတုတ္တရာ ကေဘယ်လ်ဆက်ကြောင်းချိတ်ဆက်ခြင်း စေတုတ္တရာ
မိုဘိုင်းစခန်းတွင်Vsatမှဖန်မျှင် ကေဘယ်လ်ဆက်ကြောင်းသို့ ရေဒီယိုကူးပြောင်း
ချိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၅.၁၀.၂၀၁၄ ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။
    စေတုတ္တရာမြို့တွင် မိုဘိုင်းတယ်လီဖုန်း(၄၄၀၀)လုံးသုံးစွဲလျက်ရှိပြီး CDMA-450MHz နှင့်
 MC – WiLL မိုဘိုင်းတယ်လီဖုန်းများလည်း ဆက်သွယ်သုံးစွဲရရှိပြီး အင်တာနက်ပါသုံးစွဲနိုင်ပြီဖြစ်၍ ဒေသခံပြည်သူများမှ ၀မ်းသာလျက်ရှိကြောင်း
သိရသည်။
မကွေး  အောက်တိုဘာ   ၂၈
    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာသည်
မင်းဘူး-အမ်း-စစ်တွေနှင့် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီး၏ လမ်းဆုံတွင်
 တည်ရှိပြီး ၄င်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် နေထိုင်ကြသော
 ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ မိုဘိုင်းတယ်လီဖုန်းသုံးစွဲမှု
ပိုမိုအဆင်ပြေစေရေး အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM/UMTS မိုဘိုင်း(၄)သန်းတိုးချဲ့တပ်ဆင်ရေးစီမံကိန်းဖြင့် GSM BTS စခန်းသစ်တည်ဆောက်ပြီး အဝေးဆက်သွယ်မှုအနေဖြင့် MPT Satellite Terminal အသုံးပြု၍ ၃၀.၁၂.၂၀၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သုံးစွဲခဲ့ပါသည်။
    အဝေးဆက်သွယ်မှု MPT Satellite Terminal ၏ Banwidth အရ မိုဘိုင်းတယ်လီဖုန်းများ
 ခေါ်ဆိုမှု ခက်ခဲခြင်း၊ Internet အသုံးပြု၍မရရှိခြင်းတို့ကြောင့် သုံးစွဲမှုပိုမိုအဆင်ပြေစေရေးအတွက် ရွှေစက်တော်-ငဖဲ ဖိုင်ဘာကေဘယ်လ်ဆက်ကြောင်းသစ် တည်ဆောက်ပြီးစီးမှုအပေါ် ငဖဲ-ပဒါန်း Mini link မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းသစ် တည်ဆောင်ပြီး ၂၃.၁၀.၂၀၁၄ရက်နေ့ ညပိုင်းမှ စတင်၍ GSM မိုဘိုင်းတယ်လီဖုန်းများ ဆက်သွယ်မှု ပိုမိုလွယ်ကူလျင်မြန်စွာဖြင့် Internet စနစ်များ အသုံးပြုနိုင်ခြင်းတို့ကြောင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ၀မ်းမြောက်ပျော်ရွှင်လျက်ရှိကြောင်းသိရသည်။
    ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ GSM BTS စခန်းမှ မိုဘိုင်းတယ်လီဖုန်း(၃၄၁၉)လုံးသုံးစွဲလျက်ရှိပြီး CDMA-450MHz MECTekနှင့် MC – WiLL မိုဘိုင်းတယ်လီဖုန်းများလည်း ဆက်သွယ်သုံးစွဲရရှိလျက်ရှိကြောင်း သိရသည်။
မကွေး    အောက်တိုဘာ    ၂၈
ပွင့်လင်းရာသီအမီ ကတ္တရာခင်းဆောင်ရွက်နိုင်ရန် လမ်းချဲ့ထွင်ခြင်း၊တောရှင်းခြင်းနှင့်မြေညှိခြင်း
လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိသည်။
    လက်ရှိမန်းရွှေစက်တော်ဘုရား(၃)မိုင်လမ်းသည် လမ်းကျဉ်းမြောင်းမှုကြောင့် ဘုရားပွဲတော်ကာလ     မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ပုသိမ်-မုံရွာလမ်းမကြီးနှင့် မန်းရွှေစက်တော်ဘုရားကြီး အ၀င်ဆက်သွယ်သော(၃)မိုင်ဖြတ်လမ်းအား (၂)လမ်းသွားအဖြစ် တိုးချဲ့ဖောက်လုပ်ခြင်းလုပ်ငန်းကို  ယာဉ်ကြောပိတ်ဆို့မှုများနှင့်အမြဲကြုံတွေ့နေရပြီးဘုရားဖူးလာပြည်သူများ စိတ်အနှောက်အယှက်ဖြစ် ကြရသည်။ယခုနှစ် ဘုရားပွဲတော်ကာလတွင် ဘုရာဖူးပြည်သူများ စိတ်အေးချမ်းသာစွာဘုရားဖူးမျော်နိုင်ပြီး သွားလာမှုအဆင်ပြေချောမွေ့စေရန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စ်ီမံမှုဖြင့်ရွှေစက်တော်ဘုရားလမ်း ချဲ့ထွင်ကတ္တရာခင်းခြင်းလုပ်ငန်းနှင့်ယာဉ်ရပ်နားကွင်း(၂)ကွင်းတည်ဆောက်ခြင်းလုပ်ငန်းများကိုဆောင်ရွက် လျက်ရှိရာပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှကြီးကြပ်လျက်ကုမ္ပဏီကြီးများမှ စက်ယန္တရားကြီးများဖြင့် မြေသားလမ်းချဲ့ထွင်ခြင်း၊လမ်းအကွေ့အကောက်များ ချောမောပြေပြစ်စေရေး
အတွက် စက်စွမ်းအား အပြည့်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
    အဆိုပါ မန်းစက်တော်ရာ(၃)မိုင်လမ်း တိုးချဲ့ဖောက်လုပ်ကတ္တရာခင်းခြင်းလုပ်ငန်းနှင့်ယာဉ်ရပ်နား ကွင်း(၂)ကွင်းတည်ဆောက်ခြင်းလုပ်ငန်းကို တာဝန်ရှိပုဂ္ဂိုလ်များမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး  ယင်းလုပ်ငန်းများကို ယခုနှစ်မန်းစက်တော်ရာဘုရားကြီး ဖွင့်ပွဲအမီ အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပုသိမ်-မုံရွာလမ်းမှမန်းရွှေစက်တော်အ၀င်(၈)မိုင်လမ်းကိုလည်း(၁၂)ပေကတ္တရာလမ်းခင်းကျင်းထားရှိရာမှ (၁၈)ပေအကျယ် ကတ္တရာလမ်းအဖြစ် တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။
                                                                                                              သန်းနိုင်ဦး(ငဖဲ)
နတ်မောက်          အောက်တိုဘာ         ၂၈
နတ်မောက်မြို့၌ ၂၀၀၇ ခုနှစ်ဇူလိုင်လက မန္တလေးမြို့မှပင့်ဆောင်လာသည့် မဟာမုနိပုံတူ သောကငြိမ်းအေးဓါတ်ပေါင်းစု မဟာမြတ်မုနိရုပ်ပွါးတော်ကြီးအား
လက်ရှိမူလနေရာမှ အများပြည်သူ အလွယ်တကူဝင်ထွက် ဖူးမြော်နိုင်သည့် နေရာသစ်တစ်ခုသို့ ရွှေ့ပြောင်းကိန်းဝပ်စံပယ်နိုင်ရေးအတွက်
ဘာသာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဒေသခံနတ်မောက်သားတချို့က ကြိုးပမ်းဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
    အဆိုပါလက်ရှိနေရာသည် အဝင်အထွက်လမ်းကျဉ်းမြောင်းခြင်း၊ ပတ်ဝန်းကျင်တွင်
လူနေအိမ်များနှင့် စာသင်ကျောင်း ဘော်ဒါဆောင်များ၊ မဟာစည်သာသနာ့ရိပ်သာကျောင်းနှင့် ဒီပင်္ကကာစာသင်တိုက်များရှိနေခြင်းတို့ကြောင့် ဘုရားကြီးပရဝုဏ်အတွင်း အသံချဲ့စက်များဖြင့် စည်ကားစေရေးဆောင်၇ွက်မရခြင်း၊ လက်ရှိနေရာသည် အတွင်းပိုင်းတွင်ရှိ နေသောကြောင့် ဒေသခံမြို့သူမြို့သားများပင်ဖူးမြော်ရန်မလွယ်ကူ၍ နတ်မောက်မြို့အချက်အချာကြသော နေရာတစ်နေရာ သို့ သက်တော်ကြီးဆရာတော်
အရှင်သူမြတ်တို့၏သြဝါဒကိုခံယူပြီး ရွှေ့ပြောင်းကိန်းဝပ်စံပယ်တော်မူနိုင်ရန်
 ဒေသခံအကျိုး တော်ဆောင်များမှပြောကြားခဲ့သည်။
    သောကငြိမ်းအေး ကြေးဆင်းတုတော်ကြီးအားနတ်မောက်မြို့ရိပ်သာဆရာတော်
ဘုရားကြီးနှင့် ရွှေနတ်ကယ်တောင် ဆရာတော်ကြီးတို့၏ သြဝါဒခံယူပြီး မန္တလေးမြို့မဟာမြတ်မုနိရုပ်ပွါးတော်မြတ်ကြီး ပုဂံညောင်ဦးဒေသမှ ရွှေစည်းခုံစေတီ
 တော်မြတ်ကြီးနှင့် မကွေးမြို့သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီးတို့၏
ရင်ငွေ့တော်တို့ကို ခိုလှုံပြီး နတ်မောက်မြို့ လက်ရှိနေရာတွင် တည်ထားကိုးကွယ်ခဲ့ကြောင်းသိရသည်။အဆိုပါဘု၇ားကြီးတွင်
သီတင်းကျွတ်လပြည့်၊တန်ဆောင်မုန်း လပြည့်၊နေ့ထူးနေ့မြတ်များတွင် ပန်း၊ရေချမ်း၊ဆီမီးကပ်လှူမည့် ဒေသခံပြည်သူများနှင့်ဘုရားဖူးဧည့်သည်များပင်
မလာကြပါဟု ဘုရားကြီးအနီး အသက်(၉၀)ရှိ အဖွားအိုတစ်ဦးမှပြောကြားသည်။
                                            လှဝင်း
ပခုက္ကူ   -   အောက်တိုဘာ   -   ၂၈
    ပခုက္ကူမြို့၊ စေတနာသူ သဘာဝဘေးအန္တရာယ်ကူညီစောင့်ရှောက်ရေးအဖွဲ့မှ အမှတ်(၁၄)ရပ်ကွက်ရှိ
အသက်(၇၅)နှစ်နှင့်အထက် ၊နွမ်းပါးသူအဘိုး၊အဘွား(၂၀)ဦးတို့အားဆန် ၊ ဆီ ၊ ဆား ၊ ကြက်ဥ ၊ ကုလားပဲ
ဆန် ၊ ဆပ်ပြာ နှင့်ငွေသားလှူဒါန်းခြင်းကိုအောက်တိုဘာ (၂၆)ရက်၊ ညနေ(၃)နာရီတွင် ပခုက္ကူမြို့၊အမှတ်(၁၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ် လှူဒါန်းခဲ့ကြောင်းသိရသည်။ အောင်(မန်းတက္ကသိုလ်)
ပခုက္ကူ   -   အောက်တိုဘာ   -   ၂၈
    ပခုက္ကူမြို့၊အမှတ်(၁၄)ရပ်ကွက် ၊မြဧရာလမ်းရှိသီဟိုဠ်ရှင် ဘုရားကြီးပိုင်ဥပဇာမြေပေါ်
ရှိစေတနာဆေးခန်းအားပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း မှ စေတနာဆေးခန်းအားလွဲပြောင်းလက်ခံခဲ့ကြောင်းသိရ
သည်။
    ယခင်က၄င်းဆေးခန်းမှာ၂၀၀၀-၂၀၀၁ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီး၊ 
ရပ်ဆိုင်းထားခဲ့ရာရပ်ကွက်ပြည်သူများ ၏ ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း က
အခမဲ့ဆေးခန်းအဖြစ်တာဝန်ယူဆောင်ရွက်မည်ဟုသိရသည်။
    ယခုစေတနာဆေးခန်းဖွင့်လှစ်မည့်နေရာအားဂေါပကအဖွဲ့
မှဆေးခန်းဖွင့်လှစ်မှုအားတားမြစ်ခဲ့ပြီး၊ သက်ဆိုင်ရာဆေးခန်းဖွင့်
လှစ်ရေးစိတ်ပါဝင်စားသူများက ၁၃-၉-၂၀၁၄ ရက်နေ့ညှိနိုင်းချက်အရ
စေတနာဆေးခန်းအား   မြို့နေဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု
 အောင်(မန်းတက္ကသိုလ်)
ပခုက္ကူ၊အောက်တိုဘာ၂၄
    အောက်တိုဘာ(၂၀)ရက်နေ့က  မြန်မာယူ(၁၉)ဘောလုံးအသင်းနှင့် ကာတာယူ(၁၉)ဘောလုံးအသင်းတို့ အာရှယူ(၁၉)ချန်ပီယံရှစ်အကြိုဗိုလ်လုပွဲစဉ် အဖြစ်ယှဉ်ပြိုင်ကစားနေသည်ကို ကြည့်ရှုအားပေးနေသောပခုက္ကူမြို့မှပရိသတ် တစ်ဦး မြန်မာဘက်မှဦးဆောင်ဂိုးသွင်းလိုက်နိုင်သဖြင့် အော်ဟစ်အားပေးစဉ်
 သေဆုံးသွားကြောင်း ပခုက္ကူဒေသခံများထံမှ သိရှိရသည်။
    ဖြစ်စဉ်အားစုံစမ်းရာ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊အမှတ်(၁၂)ရပ်ကွက်၊
ဝါးထောင်လမ်းတွင်နေသူ ဦးဌေးအောင်သည်  အောက်တိုဘာလ(၂၀)ရက်နေ့
ည(၇)နာရီအချိန်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသည့်
 မြန်မာယူ(၁၉)အသင်းနှင့် ကာတာယူ(၁၉)အသင်းတို့၏အာရှယူ (၁၉) ချန်ပီယံရှစ်
အကြိုဗိုလ်လုပွဲစဉ်အား တီဗွီအစီအစဉ်မှလွှင့်ထုတ်နေသည်ကို ၎င်း၏နေအိမ်အောက်ထပ်ရှိ ပက်လက်ကလားထိုင် တွင် ထိုင်၍ ကြည့်ရှုအားပေးနေစဉ် ပထမပိုင်းပွဲချိန်၌မြန်မာအသင်းမှာ တစ်ဂိုးဂိုးမရှိဖြင့်ဦးဆောင်ဂိုးအသွင်းခံထားရပြီး ဒုတိယပိုင်းပွဲချိန်(၅၅)မိနစ်တွင် ချေပဂိုးတစ်ဂိုးနှင့် ပွဲချိန်(၅၇)မိနစ်တွင် ဦးဆောင်ဂိုးတစ်ဂိုးထပ်မံသွင်းလိုက်နိုင်သောကြောင့် ဝမ်းသာအားရဖြင့် ပက်လက်ကုလားထိုင်ပေါ်ကထ၍အော်ဟစ်အားပေးလိုက်ရာမှကွမ်းသည်းပြီးကုလားထိုင်ပေါ်
သို့လဲကျသေဆုံးသွားခဲ့ခြင်းဖြစ်သည်ဆို၏။
    အသက်(၅၂)နှစ်အရွယ်ရှိသော ဦးဌေးအောင်မှာ ဘောလုံးဝါသနာရှင်တစ်ဦးဖြစ်ပြီးမြန်မာ့ရုပ်သံ မှလွှင့်ထုတ်ပေးသည့်အာရှယူ(၁၉)ချန်ပီယံရှစ်ကမ္ဘာ့ဖလားခြေစစ်ပွဲများဖြစ်သည့် မြန်မာယူ(၁၉)
အသင်း၏ ဘောလုံးပွဲစဉ်များအား မလွတ်တမ်းကြည့်ရှုအား ပေးနေသူတစ်ဦးဖြစ်ကြောင်းသိရသည်။
ထိုနေ့က မြန်မာယူ(၁၉)အသင်းမှာ ကာတာယူ(၁၉)အသင်းအား အချိန်ပိုကစားသည့်အခါတွင်မှအချိန်ပိုပထမပိုင်း၌ တစ်ဂိုးပေးလိုက်ရပြီး (၃ဂိုး၂ဂိုး)ဖြင့်ရှုံးနိမ့်သွားခဲ့ရသော်လည်း မြန်မာယူ(၁၉)အသင်းမှာ ၂၀၁၅ခုနှစ်တွင် နယူးဇီလန်၌ကျင်းပပြုလုပ်မည့် ယူ(၂၀)ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသို့မြန်မာနိုင်ငံဘောလုံးအသင်းအနေဖြင့် ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည့်အသင်းဖြစ်ကြောင်းသိရသည်။
မကွေးသတင်းထောက်   
မကွေးမြသလွန်ဘုရားပွဲတော်ဈေးတန်းတွင် အမျိုးသမီးတစ်ဦး၏လည်ဂုတ်ကိုလက်နှင့်ပုတ်၍ ဆွဲကြိုးဖြုတ်ယူခံလိုက်ရသည့်ဖြစ်ရပ် (၂၂.၁၀.၂၀၁၄)ရက်နေ့ ည(၇)နာရီအချိန်ခန့်က
 ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
    မကွေးမြို့ မြင်သာရပ်ကွက်နေသူ အသက်(၅၁နှစ်)ရှိဒေါ်စိန်ထွေးသည်
တစ်ရပ်ကွက်တည်းနေ ၎င်း၏တူမတော်စပ်သည့် မသက်ထားဝေနှင့်အတူ
 အောက်တိုဘာ(၂၂)ရက်နေ့ ည(၇)နာရီအချိန်ခန့်က မြသလွန်ဘုရားပွဲတော် ပွဲဈေးတန်းသို့ရောက်ရှိခဲ့ပြီး စောင်ဆိုင်မှစောင်ဝယ်ပြီးပြန်ထွက်လာခဲ့ကြစဉ် ရဟတ်နှင့်ဓာတ်ပုံဆိုင်လမ်းကြားသို့အရောက်၌ နောက်မှကပ်ပါလာသူ အသက်(၂၀)ခန့် အရပ်(၅)ပေ(၂)လက္မအရွယ် အသားလတ်အင်္ကျီအညိုကွက်၊ပုဆိုးအပြာကွက် ဝတ်ဆင်ထားသူက ဒေါ်စိန်ထွေး၏ဂုတ်ပိုးအားလက်နှင့်ပုတ်၍
 မြသော်တာလဖက်ရည်ဆိုင်ရှေ့လမ်းအတိုင်း မြသလွန်ဘုရားစောင်းတန်းမုဒ်ဦးရှေ့ရှိ
 ခြင်္သေ့နှစ်ကောင်ရှိရာဘက်ဆီသို့ ထွက်ပြေးသွားသည်ကိုတွေ့မြင်လိုက်ကြရသည်ဆို၏။
    ဒေါ်စိန်ထွေးက မသင်္ကာ၍၎င်း၏လည်ပင်းကိုစမ်းကြည့်လိုက်ရာ လည်ပင်းတွင်ဆွဲထားသည့် ၁၅ပဲရွှေရည် အချိန်(၁)ပဲ(၁)ရွေးရှိ ရွှေသားအဝိုင်းဆွဲပြားပါ အချိန်(၆)ပဲ(၁)ရွေးရှိ သံကြိုးကွင်းဆက် ဆွဲကြိုး(တန်ဘိုးကျပ်၎သိန်းဖိုးခန့်)မှာ မရှိတော့သည်ကိုသိလိုက်ရသဖြင့် ထွက်ပြေးသွားသူ
၏နောက်သို့ပတ်ဝန်းကျင်ရှိလူများအား အော်ဟစ်အကူအညီတောင်း၍လိုက်ကြသော်လည်း
မတွေ့ရှိရတော့ဟုသိရသည်။
    သို့ဖြင့် နောက်တစ်နေ့ (၂၃.၁၀.၂၀၁၄)ရက်နေ့  ညနေ(၃)နာရီအချိန်တွင် မကွေးမြို့မရဲစခန်းသို့ ဆွဲကြိုးဖြတ်ပြေးသူအမည်မသိလူငယ်အား ဖမ်းဆီးအရေးယူပေးပါရန် ဒေါ်စိန်ထွေးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရဲစခန်းမှ (ပ)၂၄၈/၂၀၁၄၊ပြစ်မှုဥပဒေပုဒ်မ၃၇၉(နှိုက်)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
မကွေးသတင်းထောက်
မကွေးမြို့တွင် အမည်မသိဆိုင်ကယ်စီးသမား၏ လုယက်မှုများ မကြာခဏဆိုသလိုဖြစ်ပွား
လျှက်ရှိနေရာ (၂၃.၁၀.၂၀၁၄)ရက်နေ့ကလည်း လမ်းလျှောက်လာသူအမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ်တစ်လုံး လုယူခံလိုက်ရပြန်ကြောင်း သိရှိရသည်။
    ယင်းနေ့ နံနက်(၆)နာရီအချိန်ခန့်က မကွေးမြို့၊ရန်မျိုးအောင်ရပ်ကွက်နေသူ ဒေါ်သန်းသန်း
(၅၅နှစ်)သည် စလင်းမြို့သို့သွားရန် ပြည်တော်သာလမ်းအတိုင်း ကာကြီးကွင်းရှိရာသို့ တစ်ဦးတည်းလမ်းလျှောက်လာစဉ် SM Group သံထည်ပစ္စည်းအရောင်းဆိုင်ရှေ့သို့အရောက်တွင် ၎င်း၏နောက်မှ အမျိုးအစားမသိ၊အနက်ရောင်နံပါတ်မပါ ဆိုင်ကယ်ကိုမောင်းနှင်လာသူ၊အရပ်ရှည်၊အသားညို၊ဆံပင်ကောက်၊ဂုတ်ဝဲထိရှည်၊အသက်(၃၀)ခန့်
၊ပုဆိုးအစိမ်းရောင်၊ဂျာကင်အညိုရောင်ဝတ်ဆင်ထားသူ(လူမြင်လျှင်မှတ်မိ)က ဒေါ်သန်းသန်း၏
ဝဲလက်တွင်ကိုင်ထားသော အလျား(၁)ပေ၊အနံ(၉)လက္မခန့်ရှိ ပိုက်ဆံအိတ်အား လုယူထွက်ပြေးခံလိုက်ရကြောင်းသိရသည်။အဆိုပါပိုက်ဆံအိတ်အတွင်း၌ ၂၀၀တန်ငွေစက္ကူ(၂၀)ရွက်၊၁၀၀၀တန်ငွေစကက္ကူ(၁)ရွက်၊၅၀၀တန်ငွေစက္ကူ(၁၂၀)ရွက်၊
ကမ္ဘောဇဘဏ်ငွေစုစာအုပ်(၁)အုပ်၊ဦးညိုအမည်ပါပင်စင်ကတ်(၁)ခု၊ဒေါ်သန်းသန်းနှင့်
 ဒေါ်ရီရီမြင့်အမည်ပါ နိုင်ငံသားစီစစ်ရေးကတ်(၂)ခု၊အမျိုးအစားမမှတ်မိ တန်ဘိုး(၁၂၀၀၀၀ိ)တန် ဆင်းကတ်ပါအဖြူရောင်ဟမ်းဆက်(၁)လုံး၊စုစုပေါင်းတန်ဘိုးကျပ်(၁၈၅၀၀၀ိ)ပါရှိကြောင်းသိရပြီး ပိုက်ဆံအိတ်ကိုလုယူထွက်ပြေးသွားသူအား ဖမ်းဆီးအရေးယူပေးပါရန် (၂၃.၁၀.၂၀၁၄)ရက်နေ့နံနက် (၇)နာရီ(၄၅)မိနစ်အချိန်တွင် မကွေးမြို့၊နယ်မြေရဲစခန်းသို့ ဒေါ်သန်းသန်းက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မကွေးနယ်မြေရဲစခန်းမှ (ပ)၂၆၁/၂၀၁၄၊ပြစ်မှုဥပဒေပုဒ်မ၃၈၂ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
    ၂၀၁၄ခုနှစ်မတ်လမှစတင်၍ မကွေးမြို့တွင် ဆိုင်ကယ်စီးသမား၏လုယက်မှုမှာ ယခုအကြိမ်နှင့်ပါ
ဆိုလျှင် (၁၀)ကြိမ်ခန့်ထက်မနည်းဖြစ်ပွားလျှက်ရှိနေသဖြင့် မကွေးရဲတပ်ဖွဲ့မှ နည်းလမ်းအမျိုးမျိုးဖြင့် စုံစမ်းဆောင်ရွက်မှုများပြုလုပ်လျှက်ရှိသော်လည်းယခုအချိန်ထိအမှုကျူးလွန်သူများအားဖမ်းဆီးနိုင်ခြင်း
မရှိသေးကြောင်းသိရသည်။
မကွေးသတင်းထောက်
နီဆန်းမော်တော်ယာဉ်နှင့် နယူးအမ်ဘိုဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိကြသဖြင့် ဆိုင်ကယ်စီးသူ သေဆုံးသွားသည့်ဖြစ်ရပ် (၂၃.၁၀.၂၀၁၄)ရက်နေ့က ဆိပ်ဖြူ-ဆောကားလမ်း မိုင်တိုင်အမှတ်၁၀/၅ နှင့် ၁၀/၆အကြားတွင်ဖြစ်ပွားကြောင်းသတင်းရရှိသည်။
    အောက်တိုဘာ(၂၃)ရက် နံနက်(၉)နာရီ(၁၅)မိနစ်အချိန်တွင် ဆိပ်ဖြူမြို့မရဲစခန်းမှ
တပ်ကြပ်ကြီးဌေးတင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်နေစဉ် ဆိပ်ဖြူ-ဆောကားလမ်း၊ထန်းပင်ချောင်းကျေးရွာအနီး၌ ယာဉ်တိုက် မှုဖြစ်ပွားကြောင်းသတင်းအရ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
    စစ်ဆေးတွေ့ရှိချက်အရ ဆောမြို့မှ ဆိပ်ဖြူဘက်သို့ ယာဉ်မောင်း တင်မောင်ဝင်း(၃၃နှစ်)၊ သီရိရပ်ကွက်၊ဆောမြို့နေသူမောင်းနှင်သည့် ဓ/၇၃၉၇ အစိမ်းရောင် နီဆန်းမော်တော်ယာဉ်နှင့် ယင်းလမ်းအတိုင်း မျက်နှာချင်းဆိုင်မှ ဦးစိန်ဝင်းနိုင်(၄၆နှစ်)မောင်းနှင်လာသည့် နယူးအမ်ဘို 125 အနက်ရောင်ဆိုင်ကယ်တို့ မိုင်တိုင်အမှတ်၁၀/၅နှင့် ၁၀/၆ အကြားသို့အရောက်တွင် မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဦးစိန်ဝင်းနိုင်(၄၆) နှစ်(ဖ-ဦးငြိမ်းမောင်)၊ကူရှည်ကျေးရွာ၊ဆိပ်ဖြူမြို့နယ် နေသူမှာ ယာဒူးပွန်းဒဏ်ရာ၊ယာခြေချောင်းပွန်းဒဏ် ရာ၊ ယာတံတောင်ပွန်းပဲ့ဒဏ်ရာ၊ယာမျက်လုံးပေါက်ပြဲဒဏ်ရာ၊ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊နားသွေး ထွက်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်းသိရှိရသည်။
    သို့ဖြင့် ယာဉ်ကိုမဆင်မခြင်မောင်းနှင်သူ တင်မောင်ဝင်းအား အရေးယူပေးပါရန် တပ်ကြပ်ကြီးဌေး တင့်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဆိပ်ဖြူမြို့နယ်၊မြို့မရဲစခန်းမှ ယာဉ်(ပ)၂၀/၂၀၁၄
၊ပြစ်မှုဥပဒေပုဒ် မ ၃၀၄-ကဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
မကွေးသတင်းထောက်
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးမင်းထွန်းသည် တာဝန်မှူးး တာဝန် ဆောင်ရွက်နေစဉ် ရေနံမတောင်ရွာနေ ဦးညီညီရောက်ရှိလာပြီး မင်းလှမြို့နယ်၊ ငနောင်မုန်းရေနံမှော်နေ ၎င်း၏ယောက်ဖဖြစ်သူ ထက်ကိုလွင်အား မကွေးမြို့နယ်၊ ပဌနဂိုလ် ရွာနေသူ ဇော်သန်း(၂၇)နှစ်မှ ၂၀ယ/၆၃၉၇၃၊ ဒါရန်း ၁၂၅ အနက်ရောင်ဆိုင်ကယ်၏ ကာဘာများ အား ဖြုတ်ပေးရန် အကူအညီ တောင်းနေကြောင်း သတင်းပေးပို့သဖြင့် ဒုရဲအုပ် မျိုးမင်းထွန်းနှင့်အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဇော်သန်းမှာ ဆိုင်ကယ်အား၎င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိဘဲ တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်စစ်ဆေး တွေ့ရှိရ၍ ဇော်သန်းအား အရေးယူပေးပါရန် ဒုရဲအုပ် မျိုးမင်းထွန်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲစခန်း(ပ)၆၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ၂၇.၉.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူ ဌာနစုမှ ရဲအုပ်မျိုးနိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဝင်ရောက်ရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ် (၃/၂၀၁၄) ဖြင့် သတင်းအရ မြိုင်မြို့၊ အမှတ် (၃) ရပ်နေ ဌေးဝင်း (၄၆)နှစ်၏ နေအိမ်အားဝင်ရောက် ရှာဖွေခဲ့သည်။
ဌေးဝင်းအားနေအိမ်တွင် အသင့်တွေ့ရပြီး နေအိမ်ခန်းအတွင်းကြိုးတန်းတွင် ချိတ်ထားသည့် ဌေးဝင်း ပိုင်ဆိုင်သော အင်္ကျီလက်တိုအိပ်ကပ်အတွင်းမှ အဖြူရောင်လေးကြောင်းမျဉ်းစက္ကူထုပ်လျှက် WY စာတမ်းပါ မူးယစ်ဆေးဝါးနှင့်စိတ်ကြွရူးသွပ်ဆေးပြား နီညိုရောင်(၁၀)ပြား ကာလတန်ဖိုး ၅၀၀၀၀ိ/-ခန့်အား ရှာဖွေတွေ့ ရှိခဲ့ပြီး နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ သဖြင့် တရားမ၀င်မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိအသုံးပြုသူ ဌေးဝင်းအား မြိုင်မြို့နယ်၊ မြိုင်မြို့မ ရဲစခန်း မူးယစ်(ပ)၁/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ) အရ အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
၎င်းနောက် နေအိမ်ဝိုင်းအတွင်း ရှာဖွေရာ နေအိမ်နောက်ဖေးအဆောင်တွင် ရပ်ထားသည့် ၇က/xxx တိုယိုတာကိုရိုလာ အဖြူရောင်မော်တော်ကား(၁)စီးအားတွေ့ရှိ၍ မေးမြန်းရာ ၂၀၁၄ ခုနှစ် ၄ လပိုင်း ခန့်က ရေနံချောင်းမြို့နေ အမည်မသိသူ တစ်ဦးထံမှ ငွေ(၃၃) သိန်းဖြင့်ဝယ်ယူခဲ့သော တရားမ၀င် မော်တော်ကားဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တရားမ၀င် မော်တော်ယာဉ်အား လက်ဝယ် ထားရှိသူ ဌေးဝင်းအား မြိုင်မြို့နယ်၊ မြို့မရဲစခန်း(ပ)၉၁/၂၀၁၄၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ အရ ထပ်မံအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစုမှ ရဲအုပ်မျိုးနိုင်နှင့်အဖွဲ့သည် မြိုင်မြို့မ ရဲစခန်း မူးယစ်(ပ)၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)အမှုမှ တရားခံ ဌေးဝင်း၏ထွက်ဆိုချက်အရ မြိုင်မြို့နယ် ၊ ကျောက်ဆောင်းကျေးရွာနေ ဒေါ်ခင်လှ(၆၅) နှစ်၏ နေအိမ်တွင်နေထိုင်သည့် သားမက် ဖြစ်သူ ရဲကျော်(၄၀)နှစ်ထံမှ ၀ယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ သက်သေများနှင့်အတူ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ၀င်ရောက် ရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ် ၃/၂၀၁၄ ဖြင့် ဒေါ်ခင်လှ၏ နေအိမ်အားဝင်ရောက် ရှာဖွေခဲ့သည်။
ရဲကျော်အားနေအိမ်တွင် မတွေ့ရှိဘဲ နေအိမ်နောက်ဖေးဝိုင်းကွက်တွင် ဒေါ်ခင်လှအားတွေ့ရှိရပြီး ၎င်းထံမှ ကမ္ဘာလုံး တံဆိပ်ပါ အပြာရောင်ပလပ်စတစ်အိတ်နှင့် ထည့်လျှက် WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ် ဆေးပြား (၇၇) ပြား၊ (၇.၇)ဂရမ်၊ ကာလတန်ဖိုး ၃၈၅၀၀၀ိ/- အား သိမ်းဆည်း ရမိခဲ့ပြီး ဒေါ်ခင်လှ၏ နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ နေအိမ်အောက်ထပ် ကုတင်ပေါ်ရှိ ယွန်းအစ် အတွင်းမှ WY စာတမ်းပါ နီညိုရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂)ပြား ကာလတန်ဖိုး ၁၀၀၀၀ိ/-နှင့် ငွေ စက္ကူ ၂၀၀ိ/၊ စုစုပေါင်းတန်ဖိုး ၃၉၅၂၀၀ိ/-သိမ်းဆည်းရမိသဖြင့် တရားမ၀င်မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိ ရောင်း ချသူ ဒေါ်ခင်လှနှင့် ရဲကျော်တို့အား မြိုင်မြို့နယ်၊ မြို့မရဲစခန်း မူးယစ်(ပ) ၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။
Find Us on Facebook
Popular Posts
Video