မကွေး အောက်တိုဘာ ၂၈
ပွင့်လင်းရာသီအမီ ကတ္တရာခင်းဆောင်ရွက်နိုင်ရန် လမ်းချဲ့ထွင်ခြင်း၊တောရှင်းခြင်းနှင့်မြေညှိခြင်း
လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိသည်။
လက်ရှိမန်းရွှေစက်တော်ဘုရား(၃)မိုင်လမ်းသည် လမ်းကျဉ်းမြောင်းမှုကြောင့် ဘုရားပွဲတော်ကာလ မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ပုသိမ်-မုံရွာလမ်းမကြီးနှင့် မန်းရွှေစက်တော်ဘုရားကြီး အ၀င်ဆက်သွယ်သော(၃)မိုင်ဖြတ်လမ်းအား (၂)လမ်းသွားအဖြစ် တိုးချဲ့ဖောက်လုပ်ခြင်းလုပ်ငန်းကို ယာဉ်ကြောပိတ်ဆို့မှုများနှင့်အမြဲကြုံတွေ့နေရပြီးဘုရားဖူးလာပြည်သူများ စိတ်အနှောက်အယှက်ဖြစ် ကြရသည်။ယခုနှစ် ဘုရားပွဲတော်ကာလတွင် ဘုရာဖူးပြည်သူများ စိတ်အေးချမ်းသာစွာဘုရားဖူးမျော်နိုင်ပြီး သွားလာမှုအဆင်ပြေချောမွေ့စေရန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စ်ီမံမှုဖြင့်ရွှေစက်တော်ဘုရားလမ်း ချဲ့ထွင်ကတ္တရာခင်းခြင်းလုပ်ငန်းနှင့်ယာဉ်ရပ်နားကွင်း(၂)ကွင်းတည်ဆောက်ခြင်းလုပ်ငန်းများကိုဆောင်ရွက် လျက်ရှိရာပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှကြီးကြပ်လျက်ကုမ္ပဏီကြီးများမှ စက်ယန္တရားကြီးများဖြင့် မြေသားလမ်းချဲ့ထွင်ခြင်း၊လမ်းအကွေ့အကောက်များ ချောမောပြေပြစ်စေရေး
အတွက် စက်စွမ်းအား အပြည့်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မန်းစက်တော်ရာ(၃)မိုင်လမ်း တိုးချဲ့ဖောက်လုပ်ကတ္တရာခင်းခြင်းလုပ်ငန်းနှင့်ယာဉ်ရပ်နား ကွင်း(၂)ကွင်းတည်ဆောက်ခြင်းလုပ်ငန်းကို တာဝန်ရှိပုဂ္ဂိုလ်များမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းများကို ယခုနှစ်မန်းစက်တော်ရာဘုရားကြီး ဖွင့်ပွဲအမီ အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပုသိမ်-မုံရွာလမ်းမှမန်းရွှေစက်တော်အ၀င်(၈)မိုင်လမ်းကိုလည်း(၁၂)ပေကတ္တရာလမ်းခင်းကျင်းထားရှိရာမှ (၁၈)ပေအကျယ် ကတ္တရာလမ်းအဖြစ် တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
Tuesday, October 28, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment