ဆော အောက်တိုဘာ ၂၈
ဂန့်ဂေါခရိုင် ဆောမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ
ဆောမြို နှင့် ၁၆ မိုင်ဝေးကွာ၍ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နှင့် ဆက်စပ်လျှက်ရှိသည့် ဆွဲလွဲကျင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် စိမ့်စမ်းရေသွယ်လုပ်ငန်း ဆောင်ရွက်ထားသည်။
အဆိုပါလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ခွင့်ပြုငွေကျပ်
၁၈ ဒသမ ၈၆ သန်း ဖြင့် ဆောင်ရွက်ခြင်းဖြစ်၍ ကျေးရွာနှင့် ၃ မိုင်ဝေးကွာသည့်
ဘုန်းဒိုးချောင်းမှရေကို ၃ လက်မ၊ ၂ လက်မခွဲ၊ ၂ လက်မ ပိုက်များဖြင့်အဆင့်ဆင့်သွယ်ယူရသည်ဟုဆိုသည်။ ကျေးရွာတွင် ရေဂါလံ ၃၆၀၀
ဆန့် အုတ်ရေကန် ဆောက်လုပ်ထားကာ ကျေးရွာတွင် ရေငုတ် ၁၀ ခုတပ်ဆင်ထားသဖြင့်
အဆိုပါကျေးရွာရှိ လူနေအိမ် ၃၄ အိမ်မှ ပြည်သူများသည် သောက်သုံးရေ ရေကြည်ရေသန့်ကို လွယ်လင့်တကူရရှိနေကြပြီဖြစ်သည်။
“ကျွန်တော်တို့ရွာက ကုန်းတက်၊ကုန်းဆင်းသွားပြီး သောက်သုံးရေကို ခပ်ယူခဲ့ကြရတာပါ ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးအစီအစဉ်နဲ့ သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးတဲ့အတွက် များစွာကျေးဇူးတင်ဝမ်းသာ ပါတယ်၊ အမြို့မြို့အနယ်နယ်မှာလဲ အခုလိုသောက်သုံးရေ လွယ်ကူစွာရရှိနေတဲ့သတင်းတွေ ကြားနေရ၊သိနေရ ပါတယ်၊ အင်မတန်ကို မင်္ဂလာရှိတဲ့သတင်းတွေပေါ့ကွယ်” ဟု အဆိုပါကျေးရွာနေပြည်သူတစ်ဦးက ပြောသည်။
ကျော်သန်းဆွေ
Thursday, October 30, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment