မကွေး အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး၊မကွေးမြို့၌ ဒေသတွင်းလိုအပ်ချက်များအရ ခေတ်မီအသုံးအဆောင် များ၊ စက်ကိရိယာများ၊ အီလက်ထရောနစ်ဆိုင်ရာပစ္စည်းများ ရောင်းချသည့်ဈေးကွက်ကောင်းမွန်လျှက် ရှိသော်လည်း ကိုယ်ပိုင်ယာဉ်အသုံးပြုလိုသူများအနေဖြင့် မကွေးကား showroom များတွင်ဝယ်ယူမှုနည်း ပါးနေဆဲဖြစ်ပြီး ရန်ကုန်အရောင်းပြခန်းများတွင်သာ စိတ်ကြိုက်ရွေးချယ်ဝယ်ယူမှုများရှိကြောင်း သိရသည်။
“မကွေးမှာ ၀ယ်လိုအားနဲ့နေရာအခြေအနေပေါ်မူတည်ပြီး ကားအများကြီးတင်မထားနိုင်ပါ ဘူး ၊ showroom ဖွင့်တဲ့ တစ်နှစ်လောက်အတွင်းမှာ အစီး၆၀ လောက်ရောင်းရပေမယ့် ဒေသခံတွေက တော့ ရန်ကုန်ကိုပဲ ပိုအားသန်နေတာကို တွေ့ရပါတယ် ၊ ဂျပန်ကားသီးသန့်ရောင်းတဲ့အတွက် ပစ္စည်း ကောင်းရမယ်၊ရန်ကုန်ဈေးကွက်ပေါက်ဈေးအတိုင်း ၀ယ်လို့ရမယ်၊ ၆လတစ်ကြိမ် အခမဲ့စစ်ဆေးပေးနေပါ တယ် ”ဟု FARMER AUTO Showroom မကွေးတာဝန်ခံ မှ ပြောသည်။
“၀န်ဆောင်မှုလည်းတူမယ်၊စိတ်ကြိုက်ရွေးချယ်ဖို့အခွင့်အလမ်းလည်းရမယ် ဆိုရင်တော့ မကွေး ကားအရောင်းပြခန်းတွေအဆင်ပြေနိုင်ပါတယ် ၊ ၀ယ်ဝယ်ချင်းကားတန်ဖိုးရဲ့ ၃၀%ပဲ ပေးရပြီး ၊၁၂ လ နဲ့ ၂၄ လ အရစ်ကျ စနစ်တွေရှိတဲ့အတွက်လည်း အရစ်ကျစနစ်နဲ့ပေးတာကိုသဘောကျသူတွေ ရှိပါတယ် ၊ကျွန်တော်တို့လို အေ၇ာင်တွေ၊ဒီဇိုင်းတွေ ရွေးချင်တဲ့သူတွေကတော့ ရန်ကုန်ကိုပဲသွားနေကြ ဦးမှာပဲ ” ဟု ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးအောင်သိန်းလင်းမှ ၄င်း၏ထင်မြင်ချက်ကို ပြောသည်။
လက်ရှိတွင် မကွေးမြို့၌ အရောင်းပြခန်း(၃)ခုသာရှိသေးပြီး နယ်ဝယ်လက်များ၏ အနည်းငယ်သာ အဆိုပါ Showroom များတွင်ဝယ်ယူအသုံးပြုမှုရှိကြောင်း ၊ ဈေးနှုန်းသင့်တင့်သော သိန်း ၆၀နှင့်၇၀ ကြားရှိ Hijet မီနီထရပ်၊သိန်း ၉၀ကျော်ရှိ Nissan AD Vanများအရောင်းသွက်ကြောင်း ၊ Light Truck နှင့် အခြားအိမ်စီးကားအများစုကိုမူ ရန်ကုန်သို့ဆင်းဝယ်နေကြကြောင်း၊ကားပွဲစားတွေလည်း ဈေးကွက်အရ ကားလဲထပ်လုပ်ချင်သူတွေနဲ့ ကွက်ကျန်လောက်သာ အလုပ်ဖြစ်ပြီး ရပ်တည်မှု မရေရာကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။ ဇေယျတု(မကွေး)
Thursday, October 30, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment