Saturday, April 27, 2019

မကွေး၊ ဧပြီလ ၂၇ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းလှိုင် သည် တာဝန်ဆောင်ရွက်နေစဉ် လူတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ထန်းကိုင်းကျေးရွာ၏ အနောက်မြောက်ဘက် (၁)မိုင်ခန့်အကွာ ထန်းကိုင်းရေနံမှော်ရှိ ကိုကျောက်ပြား၏ နေအိမ်တဲမြောက်ဘက်ကိုက် (၁၀၀)ခန့် အကွာ လူသွားလမ်း၏မြောက်ဘက်တွင် အမည်မသိ အသက်(၃၀)နှစ်ခန့်အမျိုးသားတစ်ဦးအား ၀ဲမျက်လုံးဘေး(၁)လက်မခန့်ပေါက်ပြဲ၊ ယာဂျိုစောင်း(၁.၅)လက်မခန့်ပေါက်ပြဲဒဏ်ရာတို့ဖြင့် သေဆုံး နေသည်ကို တွေ့ရှိရသဖြင့်  ပြစ်မှုကျူးလွန်သူ တရားခံအား စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် ဒုရဲမှူး သန်းလှိုင်မှ တရားလိုပြုလုပ်၍  မင်းလှမြို့မရဲစခန်း(ပ)၁၉၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမှုမှ သေဆုံးသူ အမည်မသိ အမျိုးသားနှင့်ပတ်သက်၍ မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းလှိုင်နှင့် အဖွဲ့မှ သေဆုံးသူ၏ ဓါတ်ပုံအား ဖြန့်ဝေစုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ မင်းလှမြို့နယ်၊ ဒီးဒုတ်ကန်ကျေးရွာနေ အောင်ကိုမင်း၊ ၃၅ နှစ်၊ (ဖ)ဦးငွေသီး ဖြစ်ကြောင်း ၎င်း၏မိဘများနှင့် တွေ့ဆုံအတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူ အောင်ကိုမင်းသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ ည ၆ နာရီခန့်တွင် ဒီးဒုတ်ကန် ကျေးရွာရှိ ၎င်း၏သူငယ်ချင်းဖြစ်သူ မောင်ပြည့်စုံအောင်၏ မင်္ဂလာဆောင်သို့ ရောက်ရှိခဲ့ပြီး ည ၉ နာရီခန့်တွင် ဒီးဒုတ်ကန်ကျေးရွာမှ ၎င်းအလုပ်လုပ်ကိုင်နေသည့် ထန်းကိုင်းရေနံမှော်သို့ ပြန်သွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှုမှ တရားခံ စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ပတ်ဝန်းကျင်သက်သေ၊ ကွင်းဆက်သက်သေ များအား အသေးစိတ် စစ်ဆေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ မြိုင်မြို့နယ်၊ ၀ယ်တောင် (မြောက်)ရွာနေ မျိုးမင်းခိုင်နှင့် ဇော်ဦး တို့ဖြစ်ကြောင်း သိရသဖြင့် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်အောင်လင်းမှ မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ခင်မောင်ကျော်ထံ ဆက်သွယ်၍ ဖမ်းဆီး ပေးရန် အကူအညီတောင်းခံခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်စွာဝင်းနှင့်အဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ၀ယ်တောင်(မြောက်)ကျေးရွာ - ဆင်စွယ်ကျေးရွာသွား လမ်းပေါ်ရှိ "မင်းသစ္စာ"စားသောက်ဆိုင်ရှေ့၌ တရားခံ မျိုးမင်းခိုင်၊ ၂၃ နှစ်နှင့် ဇော်ဦး၊ ၃၆ နှစ်တို့ (၂)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မျိုးမင်းခိုင်နှင့် ဇော်ဦးတို့(၂)ဦး၏ ထွက်ဆိုချက်များအရ အခင်းဖြစ်စဉ်က ဖိုးပွင့်(ခ)အောင်ပွင့်၊ ၄၇ နှစ် မှာလည်း ပါဝင်ကျူးလွန်ခဲ့ကြောင်း သိရသဖြင့် စုံစမ်းဖမ်းဆီးခဲ့ရာ ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်တွင် ဖမ်းဆီးရမိခဲ့၍ ဥပဒေနှင့်အညီ တရားစွဲတင်ပို့သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။





၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် မကွေးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ပြည့်ဖြိုးအောင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် မကွေးမြို့၊ နတ်မောက်လမ်းနှင့် မြို့ပတ်လမ်းဆုံ၊ ရန်နိုင်ရပ်ကွက်အရောက်တွင် မသင်္ကာဖွယ်လူငယ်တစ်ဦး တွေ့ရှိစစ်ဆေးရာ ၎င်းမှာ မကွေးမြို့နယ်၊ ချမ်းမြေ့သာယာကျေးရွာနေ ဖိုးချို(ခ)ဆန်းထွန်းလင်း၊ ၁၉ နှစ် ဖြစ်ပြီး ၎င်းထံတွင် ဆင်းကဒ်ပါ MI တံဆိပ်ပါ အနက်ရောင်ဖုန်း (၁)လုံး၊ ဆင်းကဒ်ပါ SAMSUNG GALAXY NEO တံဆိပ်ပါ အဖြူရောင်ဖုန်း(၁)လုံးတို့အား ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံ တစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိသည့်အပြင် မကွေးမြို့ပေါ်နေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်စစ်ဆေးသိရှိရ၍ ဖိုးချို(ခ)ဆန်းထွန်းလင်းအား မကွေးမြို့နယ်၊ မကွေး နယ်မြေရဲစခန်း (ပ)၃၄၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် အမှုမှ တရားခံ ဖိုးချို(ခ)ဆန်းထွန်းလင်းအား စစ်ဆေးရာ ၎င်းသည် လွန်ခဲ့သော (၅)ရက်ခန့်က HONOR အမျိုးအစား၊ အဖြူရောင်ဟမ်းဆက် တစ်လုံးအား မကွေးမြို့၊ ရန်အောင်ရပ်၊ (၁၆)လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ခိုးယူခဲ့ပြီး ချမ်းမြေ့သာယာကျေးရွာနေ ပြည့်ဖြိုးအောင်ထံ ငွေ(၄၀၀၀၀ိ/-)ဖြင့် ရောင်းချခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဖိုးချို(ခ)ဆန်းထွန်းလင်းအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၃၄၂/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ  အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။  
ဖိုးချို(ခ)ဆန်းထွန်းလင်းသည် လွန်ခဲ့သော(၁၅)ရက်ခန့်ကလည်း MI X5 အမျိုးအစား၊ အနက်ရောင် ဟမ်းစက်တစ်လုံးအား မကွေးမြို့၊ ရန်ပယ်ရပ်၊ အောင်ရတနာရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်းမှ ခိုးယူခဲ့ပြီး ချမ်းမြသာယာကျေးရွာနေ ကိုအေးလွင်ထံ ငွေ (၁၀၀၀၀၀ိ/-)ဖြင့် ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖိုးချို(ခ)ဆန်းထွန်းလင်းအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ) ၃၄၃/၂၀၁၉၊ ရာဇသတကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ  ထပ်မံအမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။



၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စု(မကွေး)မှ ရဲအုပ် သန်းဇော်လတ်၊ မင်းဘူးရဲစခန်းမှ ဒုရဲအုပ် ကျော်ငြိမ်းတို့ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ မင်းဘူး-စကုကားလမ်းဘေး မင်းဘူးမြို့အဝင် ဆိုင်းဘုတ်အနီးတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် စကုဘက်မှ မင်းဘူးဘက်သို့ရှေ့မှ ကျိန်ခတ်ဆွန်း မောင်းနှင်ပြီး နောက်မှ တင်စိုးဝင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ကျိန်ခတ်ဆွန်း၏ ယာဘက်လက်အတွင်း၌ အဖြူရောင်ပလတ်စတစ်အိတ်အခွံဖြင့်ထည့်လျှက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၃၆)ပြားအလေးချိန် (၃.၆)ဂရမ်ခန့်အားလည်းကောင်း ကျိန်ခတ်ဆွန်း လွယ်ထားသည့် AOJIALISI စာတန်းပါ အနက်ရောင်အိတ်အတွင်းမှ Red Ruby စီးကရက်ဗူးခွံ အတွင်း အဖြူရောင်ပလပ်စတစ်အိတ်ခွံ တစ်ခုဖြင့် ထုပ်ထားသည့် WYစာတန်းပါပန်းရောင် စိတ်ကြွ ဆေးပြား(၅၆)ပြားအလေးချိန်(၅.၆)ဂရမ်ခန့်အားလည်းကောင်း ကျိန်ခတ်ဆွန်းအမည်ပါ နိုင်ငံသား စိစစ်ရေးကတ်တစ်ခု မြန်မာ-တရုတ်နယ်စပ်သွားလာခွင့် လက်မှတ်တစ်ခု၊ ငွေစက္ကူရောရာ (၁၂၀၀၀)ကျပ်၊ IPhone-5 (၁)လုံးတို့အား လည်းကောင်း၊ တင်စိုးဝင်း၏ ယာဘက်လက်အတွင်းမှ KENBO အဖြူရောင် ဖုန်းတစ်လုံးတို့အား ရှာဖွေတွေ့ရှိရသဖြင့် ကျန်ခတ်ဆွန်းနှင့် တင်စိုးဝင်းတို့အား မင်းဘူးမြို့မရဲစခန်း မူးယစ်(ပ)၁/၂၀၁၉ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁(က) ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
    



၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲခန့်မှ ၁၀ နာရီခွဲခန့်ထိ တောင်တွင်းကြီးမြို့နယ် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်ညို ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ် ရေးမှူး၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြို့နယ်လမ်းဆုံတွင် မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် မောင်းနှင်သူမျာအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာပေး စတေကာတပ်ဆင် ပေးခြင်းများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။



Thursday, April 25, 2019

ပွင့်ဖြူမြို့နယ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေသူအား ဖမ်းဆီးအရေးယူမှု
မကွေး၊ ဧပြီလ ၂၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူ ဌာနစိတ်မှ ရဲအုပ် ဇင်မင်းထွန်း၊ ပွင့်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ် ရဲမွန် တို့ ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူ မြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်နေ ရန်အောင်သည် မူးယစ်ဆေးဝါးများ လိုက်လံရောင်းချနေကြောင်း သတင်းအရ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာလမ်းဆုံတွင် စောင့်ဆိုင်းနေစဉ် သတင်းရရှိသူ    ရန်အောင်၊ ၂၆ နှစ်မှာ နံပါတ်မပါ NULANG အနက်ရောင်ဆိုင်ကယ်စီးလာသဖြင့် ရပ်တန့်စစ်ဆေးရာ ကိုယ်တွင် လွယ်ထားသော NIKE စာတမ်းပါ လွယ်အိတ်အတွင်းမှ Premiun GOLD ဆေးလိပ်ဗူးခွံ အတွင်းမှ ကြွပ်ကြွပ်အိတ်အဖြူ/အမဲရောင်နှစ်ထပ်ဖြင့် ထုပ်ထားသော 88/1 စာတမ်းပါ စိတ်ကြွ ဆေးပြားများဟု ယူဆရသော ပန်းရောင်ဆေးပြား(၉၉)ပြား၊ ကြွေးစာရင်းစာအုပ်(၁)အုပ်၊ ပလပ်စတစ် ပိုက်(၁)ချောင်း၊ ပြုပြင်ထားသော အပြာရောင်မီးခြစ်(၁)လုံး၊ SAMSUNG လက်ကိုင်ဖုန်း(၁)လုံး၊ hello လက်ကိုင်ဖုန်း(၁)လုံးတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
သို့ဖြစ်ပါ၍ မူးယစ်ဆေးဝါးဆေးပြားများအား လက်ဝယ်ထားရှိရောင်းချသူ ရန်အောင်၊ ၂၆ နှစ်အား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း မယ(ပ)၁/၂၀၁၉ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။


မကွေး၊ ဧပြီလ ၂၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူ ဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်၊ ဗိုလ်ချုပ်ပန်းခြံတွင် အသွင်ယူ စောင့်ကြည့်သတင်းရယူနေစဉ် ဗိုလ်ချုပ်လမ်းနှင့် ပန်းခြံလမ်းထောင့်တွင် အမျိုးသမီးနှစ်ဦးထံမှ ပိုက်ဆံအိတ် ဆွဲယူထွက်ပြေးသွားကြောင်း သတင်းပို့ခဲ့ရာ ဒုရဲမှူး ကျော်သန်းနှင့်အဖွဲ့၊ ရဲအုပ် အေးမင်းထွန်းနှင့်အဖွဲ့၊ မကွေးမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လိုက်လံစုံစမ်းဖမ်းဆီးခဲ့ပါသည်။
ည ၉ နာရီခွဲခန့်တွင် ရာဇမုနိတောင်ပေါ်ဘုန်းကြီးကျောင်းအနီး ဧည့်ရိပ်သာလမ်းနှင့် လမ်းမတော် လမ်းထောင့်တွင် တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်နေ ဆန်းဝင်းထွန်း၊ ၁၇ နှစ် မောင်းနှင်ပြီး မကွေးမြို့နယ်၊ မကျည်းကန်ကျေးရွာနေ မောင်တူး(ခ)တိုးလွင်ပိုင်ဦး၊ ၁၉ နှစ် နောက်ထိုင်ပါလာ သည့် BOJIA အဖြူရောင်ကလစ် 125 ဆိုင်ကယ်အား ရပ်တန့်စေပြီး စစ်ဆေးခဲ့ရာ မောင်တူး(ခ) တိုးလွင်ပိုင်ဦး၏ ဘောင်းဘီအိတ်ကပ်အတွင်းမှ လုယူလာသည့် စစ်စိမ်းရောင်ပိုက်ဆံအိတ်တစ်လုံး (အတွင်းတွင် ငွေစက္ကူရောရာ ၁၅၁၈၀၀ိ/-၊ SAMSUNG J6+ အနီရောင်ဖုန်း(၁)လုံး၊ မမေမြတ်မိုး၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားတစ်ခု)အား တွေ့ရှိရသည့်အပြင် အရှည်(၈)လက်မခန့်ရှိ စကေဘာ (၁)ချောင်း၊ အရှည်(၉)လက်မခန့်ရှိ တိပ်အနက်ပတ်ထားသည့် စကေဘာထည့်သည့် သံပိုက်လုံး (၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဆန်းဝင်းထွန်းနှင့် မောင်တူး(ခ)တိုးလွင်ပိုင်ဦးတို့(၂)ဦးအား မမေမြတ်မိုးမှ တရားလိုပြုလုပ်၍ မကွေးမြို့မရဲစခန်း (ပ)၇၀၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရလည်းကောင်း၊ ရဲအုပ် ဇင်မင်းထွန်းမှ တရားလိုပြုလုပ်၍ မကွေးမြို့မရဲစခန်း(ပ)၇၀၈/၂၀၁၉ လက်နက် ၁၉(င) အရ လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ မောင်တူး(ခ)တိုးလွင်ပိုင်ဦးမှာ လွန်ခဲ့သော(၁)လခန့်က ယောက်ဖအရင်း ဖြစ်သူ ချစ်စန်းအောင်အား စကေဘာဖြင့်(၁)ချက်ထိုးခဲ့၍ ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေ ရဲစခန်း(ပ)၅၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၄ ဖြင့် အမှုဖွင့်ထားသည်ဟု သိရှိခဲ့ရကြောင်း  သတင်း ရရှိပါသည်။

 


မကွေး၊ ဧပြီလ ၂၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် သရက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်ဇော် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် PTTEP ရေနံရှာဖွေရေးကုမ္ပဏီတာဝန်ခံ ကိုစည်သူတို့အဖွဲ့နှင့်အတူ သောက်သုံးရေ ပြတ်လပ်လျှက်ရှိသော သရက်မြို့နယ်၊ ပိတောက်ပင် ကျေးရွာအုပ်စု၊ တောင်ဘောကျေးရွာနှင့် မြောက်ဘောကျေးရွာများသို့ သုံးရေ ဂါလံ(၃၆၀၀)ဆံ့ ရေသယ်ယာဉ်(၁)စီး၊ သောက်ရေ (၂၀)လီတာဆံ့ သောက်ရေဗူး(၇၀)ဗူး သွားရောက်လှူဒါန်းခဲ့ရာ ရွာသူ/ရွာသားများမှ လက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။








Tuesday, April 23, 2019


မကွေး၊ ဧပြီလ ၂၃ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်တွင် ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဌေးဝင်း၊ ချောက်မြို့မရဲစခန်းမှူး ဒုရဲမှူး လှနောင် ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် သောက်သုံးရေ ပြတ်လပ်လျှက်ရှိသော ချောက်မြို့နယ်၊ ဆင်ကအုပ်စု၊ ပရကုန်းကျေးရွာသို့ သုံးရေ ဂါလံ(၂၈၀၀)ဆံ့၊ ရေသယ်ယာဉ်(၁)စီး၊ သုံးရေဂါလံ(၄၀၀၀)ဆံ့၊ ရေသယ်ယာဉ်(၁)စီး သွားရောက် လှူဒါန်းခဲ့ရာ ပရကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဆောင်နှင့် ရွာသူ/ရွာသားများမှ လက်ခံ ခဲ့ကြောင်း သတင်းရရှိပါသည်။






Monday, April 22, 2019

မကွေး၊ ဧပြီလ ၂၂ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ နံနက် ၇ နာရ်ီခွဲမှ ၈ နာရီခန့်ထိ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်း ဂိတ်(၁)၀င်ပေါက်အနီးတွင် ရဲဝတ်ပစ္စည်းအရောင်းဆိုင် ဆိုင်းဘုတ်တင်ပွဲ နှင့် ဆိုင်ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ခင်မောင်လတ်၊ ဦးစီး(ပ)ဦး/ရေး/ထောက် ဒုတိယရဲမှူးကြီး တင်မိုး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး စောလေးဝါး၊ ရဲမှူး(ဦးစီး) ယာယီရဲမှူး ဌေးလွင်၊ အုပ်ချုပ်မှုတပ်ခွဲမှူး ရဲမှူး တင်တင်အေး၊ လုံခြုံရေးတပ်ခွဲမှူး ယာယီရဲမှူး ကြည်ကြည်ခိုင်တို့မှ ဦးစီး၍ အရာရှိတပ်ဖွဲ့ဝင်(၁၃)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲမှ အခြားအဆင့်တပ်ဖွဲ့ဝင် (၂၅)ဦးတို့ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။






Saturday, April 20, 2019


၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် ဆောမြို့နယ်၊ ကျောက်ပျဉ်းကျေးရွာနေ ဖိုးခွါး(ခ)အောင်မြင့်၊ ၄၇ နှစ်သည် ဖခင်ဖြစ်သူ ဦးချစ်တင်နှင့်အတူ တစ်အိမ်တည်းနေထိုင်ပြီး မိဘများ အား အမြဲရန်မူသည့်အပြင် နေအိမ်အောက်ထပ်ရှိ စပါးကျီ(၂)လုံးကြားတွင် ၀ါးနှီးထွေး(၂)ထုံး၊ ပီနံ အိတ်ခွံအစုတ်(၁)လုံးနှင့် ဆိုင်ကယ်လေလုံးကျွတ်အပြတ်(၁)ခုတို့အား ညှပ်ထားပြီး အဖြူရောင်ဂတ်စ် မီးခြစ်နှင့် နေအိမ်ကိုမီရှို့သဖြင့် အကူလောင်စာများ မီးစတင်စွဲနေစဉ် နေအိမ်ကြီးအား မီးမကူးမီ အိမ်နီးချင်းများဖြစ်သော ဦးဇော်ဝမ်း၊ ဦးမြမောင်၊ ဦးကျော်မောင်းတို့မှ မြင်လိုက်၍ မီးရှို့နေကြောင်း အော်ဟစ်ရာမှ ရွာသူ/သားများ ၀ိုင်းဝန်းရောက်ရှိ မီးငြိမ်းသတ်ခဲ့ရသဖြင့် ဖိုးခွါး(ခ)အောင်မြင့် အား ဆောမြို့နယ်၊ ကျောက်ထုနယ်မြေရဲစခန်း (ပ) ၆၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းမှူး ရဲအုပ် မင်းမင်းကျော်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ၎င်းကျေးရွာရှိ မြသိန်းတန်ဘုရားပွဲတွင် ကျင်းပ ပြုလုပ်သည့် "ရွှေပွဲချစ်"ဇာတ်ပွဲဝင်ပေါက်၌ ဇာတ်ရုံအတွင်းသို့ ၀င်ရောက်လာသူများအား တုတ်၊ ဓါး လက်နက်များရှာဖွေနေစဉ် ဂန့်ဂေါမြို့၊ မြို့သစ်ဦးရပ်ကွက်နေ မြသိန်း(ခ)မျိုးကို၊ ၃၂နှစ်ထံမှ အရှည် (၁၇)လက်မခန့်၊ လုံးပတ်(၁)လက်မခန့် အနက်ရောင် သံပိုက်လုံးဓါးအိမ်(၁)ခုနှင့် သံရိုးတပ်ထား သည့် အရိုးအသွား(၁၉)လက်မခန့်၊ ဗျက်(၁)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မြသိန်း(ခ)မျိုးကိုအား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း(ပ)၂၄၀/၂၀၁၉၊ လက်နက် ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။




မကွေး၊ ဧပြီလ ၁၉ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကျော် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် သောက်သုံးရေ ပြတ်လပ်လျှက် ရှိသော မြိုင် မြို့နယ်၊ မန်ကျည်းကန်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာသို့ သောက်သုံးရေ ဂါလံ(၆၀၀၀)ခန့် သွားရောက်လှူဒါန်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။





Wednesday, April 17, 2019

မကွေး၊ ဧပြီလ ၁၇ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ခင်မောင်လတ်၊ ဦးစီး(ပ)(ဦး/ရေး/ထောက်) ဒုရဲမှူးကြီး တင်မိုးတို့ ကြီးမှူး၍ မကွေးမြို့၊ အောင်မြေရတနာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကြီးနှင့် ပင့်သံဃာ(၅)ပါး ပင့်ဖိတ်၍ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ပရိတ်တော်နာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး ငါးပါးသီလ နာယူ ဆောက်တည်ခြင်း၊ ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားနာကြားခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။





Tuesday, April 16, 2019

မကွေး၊ ဧပြီလ ၁၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ ဒုရဲအုပ် တင်အောင်စန်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၅၀ အနီးတွင် ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေစဉ် မြောက်မြှားကုန်းကျေးရွာဘက်မှ ကန်တုတ် ကျေးရွာဘက်သို့ လမ်းလျှောက်လာသည့် မင်းလှမြို့နယ်၊ စက်စက်ယိုကျေးရွာနေ နိုင်မင်းထွေး၊ ၁၇နှစ်၏ ယာဘက်လက်အတွင်းမှ လက်ကိုင်အား ဆိုင်ကယ်ကျွတ်စဖြင့်ပတ်လျက် အရိုး/အသွား (၁၀)လက်မခန့်ရှိ သုံးမြှောင်ဦးချွန် စကေဘာ(၁)ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့၍ နိုင်မင်းထွေး အား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း(ပ)၁၈/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ  အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


မကွေး၊ ဧပြီလ ၁၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ပခုက္ကူခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် အောင်သန်း၊ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆန်းဦး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဝေလင်းဇော်နှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများ နှင့်အတူ ခရိုင်ရဲတပ်ဖွဲ့မှူး၏မူးယစ်ဆေးဝါးနေအိမ် ၀င်ရောက်ရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ် (၃/ ၂၀၁၉)ဖြင့် ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်နေ ဒေါ်စန်းစန်း၊ ၃၈နှစ်၏နေအိမ်အား ၀င်ရောက် ရှာဖွေရာ နေအိမ်အတွင်း ဧည့်ခန်းကုတင်ပေါ်တွင် မူးယစ်ဆေးဝါး ရောင်း/၀ယ်ပြုလုပ်နေသူ အိမ်ရှင် ဒေါ်စန်းစန်း၏ သားဖြစ်သူ ကျော်ကျော်ခိုင်(ခ)ဖိုးခန့်(ခ)ခန့်ခန့်၊ ၁၉နှစ်၊ ပခုက္ကူမြို့နှင့် ကျွန်းဦးကျေးရွာ နေ ချမ်းမြေ့ဝေယံဝင်းလွင်(ခ)ချမ်းမြေ့၊ ၂၁ နှစ်၊ ပခုက္ကူမြို့၊ အမှတ်(၁၅)ရက်ကွက်နေ ရဲထိုက်အောင် (ခ)ဖက်တီး၊ ၂၁နှစ် တို့(၃)ဦးအား ကမ္ဘာလုံး တံဆိပ်ပါ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်အတွင်း ထည့်ထားသော စာတန်းမပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၃၂)ပြားစီပါ (၃)ထုပ်၊ စုစုပေါင်း (၃၉၆)ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် DIAMOND စာတမ်းပါ ခဲပြားလိပ် (၁)လိပ်တို့အားလည်းကောင်း၊ ရဲထိုက်အောင်(ခ)ဖက်တီးထံမှ HONOR အပြာရောင်ဖုန်း (၁)လုံး၊ ချမ်းမြေ့ဝေယံဝင်းလွင်(ခ)ချမ်းမြေ့ထံမှ OPPO အနက်ရောင် ဖုန်း(၁)လုံးနှင့် ငွေ(၁)သောင်းကျပ်အား လည်းကောင်း၊ ကျော်ကျော်ခိုင် (ခ)ဖိုးခန့်(ခ)ခန့်ခန့်ထံမှ OPPO ရွှေရောင်ဖုန်း(၁)လုံးတို့အား လည်းကောင်း သိမ်းဆည်းရမိခဲ့ပါသည်။
ဆက်လက်ရှာဖွေရာ အဆိုပါကုတင်အောက် ၀ဲဘက်ထောင့်မှ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်အတွင်း ထည့်ထားသော စာတန်းမပါ ပန်းရောင်စိတ်ကြွဆေးပြား (၁)ထုပ် လျှင်(၁၉၃)ပြားစီပါ (၉)ထုပ်၊ စုစုပေါင်းဆေးပြား(၁၇၃၇)ပြားအား တွေ့ရှိ၍ သိမ်းဆည်းနေစဉ် ဒေါ်စန်းစန်းမှာ နေအိမ်သို့ရောက်ရှိလာပြီး နေအိမ်အတွင်းခန်း ကုတင်ပေါ်တွင် စောင်ဖြင့် ဖုံးအုပ် ထားသော HUAWEI ဖုန်း ဗူးခွံအတွင်းမှ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ် အတွင်း ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁)ထုပ်လျှင် (၁၉၉)ပြားစီပါ (၂)ထုပ်၊ စုစုပေါင်း(၃၉၈)ပြားနှင့် စာတန်းမပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၉၉)ပြားတို့အား လည်းကောင်း၊ နေအိမ်အနောက်ဘက် မီးဖိုဆောင်ယာဘက်ထောင့်ရှိ တာယာမပါ ဆိုင်ကယ်ဘီး ခွေပေါ်တွင် ပလပ်စတစ်အကြည်ဖြင့် ပတ်ထားသော ကမ္ဘာလုံး တံဆိပ်ပါ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်အတွင်းထည့်ထားသော စာတမ်းမပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၉၄)ပြားစီပါ (၂၀)ထုပ်၊ စုစုပေါင်း(၃၈၈၀)ပြားအားလည်းကောင်း၊ နေအိမ်ဧည့်ခန်း ဗီဒိုပေါ်ရှိ အနက်ရောင် ပိုက်ဆံအိတ်အတွင်းမှ မူးယစ်ဆေးဝါးရောင်းရရှိငွေဟု ယူဆရသည့် ငွေစက္ကူရောရာ(၇၅၀၀၀) ကျပ်အား လည်းကောင်း၊ နေအိမ်ခြံဝန်းဝဲဘက်ထောင့်ရှိ အမှိုက်ပုံးမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် အချိုရည်ဗူးတွင် ပိုက်ငယ်များတပ်လျက် (၅)ဗူး၊ ဂတ်စ်မီးခြစ် အရောင်စုံ (၁၀)လုံး တို့အား သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း စာတန်းမပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၆၂၁၂)ပြား၊ အလေးချိန် (၆၂၁.၂)ဂရမ်၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၃၉၈)ပြား၊ အလေးချိန် (၃၉.၈)ဂရမ်၊ (တစ်ပြားလျှင် ၃၅၀၀ ကျပ်နှုန်းဖြင့်) စုစုပေါင်းတန်ဖိုး (၂၃၁၃၅၀၀၀)ကျပ် အား သိမ်းဆည်းရမိခဲ့၍ ဒေါ်စန်းစန်းပါ(၄)ဦးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း မယ(ပ)၄/၂၀၁၉၊ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ  အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မကွေး၊ ဧပြီလ ၁၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် ပခုက္ကူမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ဝေလင်းဇော်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၁၅) ရပ်ကွက်၊ မြကန်သာလမ်းဆုံတွင် ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေစဉ် ပေါက်မြို့နယ်ဘက်မှ ပခုက္ကူ ဘက်သို့ ယာယီနံပါတ် F-32239 HONDA Click 125 ခဲ/နက်ကြားရောင်ဆိုင်ကယ် မောင်းနှင်လာ သည့် ပခုက္ကူမြို့နယ်၊ ဆင်လမ်းကျေးရွာနေ စနေ(ခ)ထက်ပိုင်အောင်၊ ၂၄ နှစ်အား ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ Xulitol စာတန်းပါ အဖြူရောင်ကော်ဗူးအသေးဖြင့် ထည့်ထားသော မူးယစ်ဆေးဝါးဟု ယူဆရသည့် 88/1 စာတန်းပါ အညိုရောင် စိတ်ကြွရူးသွပ် ဆေးပြား(၁၇၂)ပြား၊ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၈)ပြား၊ စုစုပေါင်း ဆေးပြား(၂၀၀)ပြား၊ အလေးချိန်(၂၀)ဂရမ်၊ တစ်ပြားလျှင် ၃၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး (၇၀၀၀၀၀)ကျပ်၊ SQUARE စာတမ်းပါ အနက်ရောင် ယောက်ျားကိုင် ပိုက်ဆံအိတ် (၁)လုံး၊ ငွေစက္ကူ ရောရာ (၉၀၀၀၀)ကျပ်၊ SUMSUNG ရွှေအိုရောင်ဖုန်း(၁)လုံး၊ OPPO ငွေမှင်ရောင် ဖုန်း(၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့၍ စနေ(ခ)ထက်ပိုင်အောင်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း မယ(ပ) ၃/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/ ၂၀(က) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။



မကွေး၊ ဧပြီလ ၁၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ မြို့နယ်အသီးသီးတို့တွင် ရဲတပ်ဖွဲ့ဝင်များမှ လမ်းလျှောက်သင်္ကြန်နေရာများ၊ ရေကစားမဏ္ဍပ်များ၊ လူစည်ကားရာနေရာ များတွင် မလိုအပ်သော ခိုက်ရန်ပြဿနာကြောင့် ထိခိုက်ဒဏ်ရာရခြင်းများ လျှော့ချနိုင်ရေးအတွက် ပိတ်ဆို့စစ်ဆေးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သော တုတ်၊ ဓါး၊ လက်နက်များ၊ မျက်နှာဖုံးများ၊ မာကြောသော ဖန်ပုလင်းခွံ(အရက်ပုလင်း)များ ကိုင်ဆောင်သွားလာမှု မရှိစေရေး စစ်ဆေး သိမ်းဆည်းခြင်း၊ အရက်ပုလင်းများကို ရေသန့်ဗူးခွံ၊ ပလပ်စတစ်အိတ်များနှင့် လဲလှယ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


















Find Us on Facebook

Popular Posts

Video