၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နေ့လည်
၁၂ နာရီခွဲခန့်တွင် ဆောမြို့နယ်၊ ကျောက်ပျဉ်းကျေးရွာနေ ဖိုးခွါး(ခ)အောင်မြင့်၊ ၄၇ နှစ်သည်
ဖခင်ဖြစ်သူ ဦးချစ်တင်နှင့်အတူ တစ်အိမ်တည်းနေထိုင်ပြီး မိဘများ အား အမြဲရန်မူသည့်အပြင်
နေအိမ်အောက်ထပ်ရှိ စပါးကျီ(၂)လုံးကြားတွင် ၀ါးနှီးထွေး(၂)ထုံး၊ ပီနံ အိတ်ခွံအစုတ်(၁)လုံးနှင့်
ဆိုင်ကယ်လေလုံးကျွတ်အပြတ်(၁)ခုတို့အား ညှပ်ထားပြီး အဖြူရောင်ဂတ်စ် မီးခြစ်နှင့် နေအိမ်ကိုမီရှို့သဖြင့်
အကူလောင်စာများ မီးစတင်စွဲနေစဉ် နေအိမ်ကြီးအား မီးမကူးမီ အိမ်နီးချင်းများဖြစ်သော ဦးဇော်ဝမ်း၊
ဦးမြမောင်၊ ဦးကျော်မောင်းတို့မှ မြင်လိုက်၍ မီးရှို့နေကြောင်း အော်ဟစ်ရာမှ ရွာသူ/သားများ
ဝိုင်းဝန်းရောက်ရှိ မီးငြိမ်းသတ်ခဲ့ရသဖြင့် ဖိုးခွါး(ခ)အောင်မြင့် အား ဆောမြို့နယ်၊
ကျောက်ထုနယ်မြေရဲစခန်း (ပ) ၆၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Saturday, April 20, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment