မကွေး၊ ဧပြီလ ၁၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင်
မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ ဒုရဲအုပ် တင်အောင်စန်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ
ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၅၀ အနီးတွင် ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေစဉ် မြောက်မြှားကုန်းကျေးရွာဘက်မှ
ကန်တုတ် ကျေးရွာဘက်သို့ လမ်းလျှောက်လာသည့် မင်းလှမြို့နယ်၊ စက်စက်ယိုကျေးရွာနေ နိုင်မင်းထွေး၊
၁၇နှစ်၏ ယာဘက်လက်အတွင်းမှ လက်ကိုင်အား ဆိုင်ကယ်ကျွတ်စဖြင့်ပတ်လျက် အရိုး/အသွား (၁၀)လက်မခန့်ရှိ
သုံးမြှောင်ဦးချွန် စကေဘာ(၁)ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့၍ နိုင်မင်းထွေး အား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း(ပ)၁၈/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ
၁၉(င) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment