Tuesday, April 16, 2019

မကွေး၊ ဧပြီလ ၁၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ပခုက္ကူခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် အောင်သန်း၊ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆန်းဦး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဝေလင်းဇော်နှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများ နှင့်အတူ ခရိုင်ရဲတပ်ဖွဲ့မှူး၏မူးယစ်ဆေးဝါးနေအိမ် ၀င်ရောက်ရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ် (၃/ ၂၀၁၉)ဖြင့် ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်နေ ဒေါ်စန်းစန်း၊ ၃၈နှစ်၏နေအိမ်အား ၀င်ရောက် ရှာဖွေရာ နေအိမ်အတွင်း ဧည့်ခန်းကုတင်ပေါ်တွင် မူးယစ်ဆေးဝါး ရောင်း/၀ယ်ပြုလုပ်နေသူ အိမ်ရှင် ဒေါ်စန်းစန်း၏ သားဖြစ်သူ ကျော်ကျော်ခိုင်(ခ)ဖိုးခန့်(ခ)ခန့်ခန့်၊ ၁၉နှစ်၊ ပခုက္ကူမြို့နှင့် ကျွန်းဦးကျေးရွာ နေ ချမ်းမြေ့ဝေယံဝင်းလွင်(ခ)ချမ်းမြေ့၊ ၂၁ နှစ်၊ ပခုက္ကူမြို့၊ အမှတ်(၁၅)ရက်ကွက်နေ ရဲထိုက်အောင် (ခ)ဖက်တီး၊ ၂၁နှစ် တို့(၃)ဦးအား ကမ္ဘာလုံး တံဆိပ်ပါ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်အတွင်း ထည့်ထားသော စာတန်းမပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၃၂)ပြားစီပါ (၃)ထုပ်၊ စုစုပေါင်း (၃၉၆)ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် DIAMOND စာတမ်းပါ ခဲပြားလိပ် (၁)လိပ်တို့အားလည်းကောင်း၊ ရဲထိုက်အောင်(ခ)ဖက်တီးထံမှ HONOR အပြာရောင်ဖုန်း (၁)လုံး၊ ချမ်းမြေ့ဝေယံဝင်းလွင်(ခ)ချမ်းမြေ့ထံမှ OPPO အနက်ရောင် ဖုန်း(၁)လုံးနှင့် ငွေ(၁)သောင်းကျပ်အား လည်းကောင်း၊ ကျော်ကျော်ခိုင် (ခ)ဖိုးခန့်(ခ)ခန့်ခန့်ထံမှ OPPO ရွှေရောင်ဖုန်း(၁)လုံးတို့အား လည်းကောင်း သိမ်းဆည်းရမိခဲ့ပါသည်။
ဆက်လက်ရှာဖွေရာ အဆိုပါကုတင်အောက် ၀ဲဘက်ထောင့်မှ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်အတွင်း ထည့်ထားသော စာတန်းမပါ ပန်းရောင်စိတ်ကြွဆေးပြား (၁)ထုပ် လျှင်(၁၉၃)ပြားစီပါ (၉)ထုပ်၊ စုစုပေါင်းဆေးပြား(၁၇၃၇)ပြားအား တွေ့ရှိ၍ သိမ်းဆည်းနေစဉ် ဒေါ်စန်းစန်းမှာ နေအိမ်သို့ရောက်ရှိလာပြီး နေအိမ်အတွင်းခန်း ကုတင်ပေါ်တွင် စောင်ဖြင့် ဖုံးအုပ် ထားသော HUAWEI ဖုန်း ဗူးခွံအတွင်းမှ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ် အတွင်း ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁)ထုပ်လျှင် (၁၉၉)ပြားစီပါ (၂)ထုပ်၊ စုစုပေါင်း(၃၉၈)ပြားနှင့် စာတန်းမပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၉၉)ပြားတို့အား လည်းကောင်း၊ နေအိမ်အနောက်ဘက် မီးဖိုဆောင်ယာဘက်ထောင့်ရှိ တာယာမပါ ဆိုင်ကယ်ဘီး ခွေပေါ်တွင် ပလပ်စတစ်အကြည်ဖြင့် ပတ်ထားသော ကမ္ဘာလုံး တံဆိပ်ပါ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်အတွင်းထည့်ထားသော စာတမ်းမပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၉၄)ပြားစီပါ (၂၀)ထုပ်၊ စုစုပေါင်း(၃၈၈၀)ပြားအားလည်းကောင်း၊ နေအိမ်ဧည့်ခန်း ဗီဒိုပေါ်ရှိ အနက်ရောင် ပိုက်ဆံအိတ်အတွင်းမှ မူးယစ်ဆေးဝါးရောင်းရရှိငွေဟု ယူဆရသည့် ငွေစက္ကူရောရာ(၇၅၀၀၀) ကျပ်အား လည်းကောင်း၊ နေအိမ်ခြံဝန်းဝဲဘက်ထောင့်ရှိ အမှိုက်ပုံးမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် အချိုရည်ဗူးတွင် ပိုက်ငယ်များတပ်လျက် (၅)ဗူး၊ ဂတ်စ်မီးခြစ် အရောင်စုံ (၁၀)လုံး တို့အား သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း စာတန်းမပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၆၂၁၂)ပြား၊ အလေးချိန် (၆၂၁.၂)ဂရမ်၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၃၉၈)ပြား၊ အလေးချိန် (၃၉.၈)ဂရမ်၊ (တစ်ပြားလျှင် ၃၅၀၀ ကျပ်နှုန်းဖြင့်) စုစုပေါင်းတန်ဖိုး (၂၃၁၃၅၀၀၀)ကျပ် အား သိမ်းဆည်းရမိခဲ့၍ ဒေါ်စန်းစန်းပါ(၄)ဦးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း မယ(ပ)၄/၂၀၁၉၊ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ  အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video