မကွေး၊ ဧပြီလ ၁၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင်
ပခုက္ကူမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ဝေလင်းဇော်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ
ပခုက္ကူမြို့၊ အမှတ်(၁၅) ရပ်ကွက်၊ မြကန်သာလမ်းဆုံတွင် ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေစဉ်
ပေါက်မြို့နယ်ဘက်မှ ပခုက္ကူ ဘက်သို့ ယာယီနံပါတ် F-32239 HONDA Click 125 ခဲ/နက်ကြားရောင်ဆိုင်ကယ်
မောင်းနှင်လာ သည့် ပခုက္ကူမြို့နယ်၊ ဆင်လမ်းကျေးရွာနေ စနေ(ခ)ထက်ပိုင်အောင်၊ ၂၄ နှစ်အား
ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ Xulitol စာတန်းပါ အဖြူရောင်ကော်ဗူးအသေးဖြင့်
ထည့်ထားသော မူးယစ်ဆေးဝါးဟု ယူဆရသည့် 88/1 စာတန်းပါ အညိုရောင် စိတ်ကြွရူးသွပ် ဆေးပြား(၁၇၂)ပြား၊
88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၈)ပြား၊ စုစုပေါင်း ဆေးပြား(၂၀၀)ပြား၊
အလေးချိန်(၂၀)ဂရမ်၊ တစ်ပြားလျှင် ၃၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး (၇၀၀၀၀၀)ကျပ်၊
SQUARE စာတမ်းပါ အနက်ရောင် ယောက်ျားကိုင် ပိုက်ဆံအိတ် (၁)လုံး၊ ငွေစက္ကူ ရောရာ (၉၀၀၀၀)ကျပ်၊
SUMSUNG ရွှေအိုရောင်ဖုန်း(၁)လုံး၊ OPPO ငွေမှင်ရောင် ဖုန်း(၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့၍
စနေ(ခ)ထက်ပိုင်အောင်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း မယ(ပ) ၃/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/ ၂၀(က) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment