Saturday, April 27, 2019


၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် မကွေးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ပြည့်ဖြိုးအောင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် မကွေးမြို့၊ နတ်မောက်လမ်းနှင့် မြို့ပတ်လမ်းဆုံ၊ ရန်နိုင်ရပ်ကွက်အရောက်တွင် မသင်္ကာဖွယ်လူငယ်တစ်ဦး တွေ့ရှိစစ်ဆေးရာ ၎င်းမှာ မကွေးမြို့နယ်၊ ချမ်းမြေ့သာယာကျေးရွာနေ ဖိုးချို(ခ)ဆန်းထွန်းလင်း၊ ၁၉ နှစ် ဖြစ်ပြီး ၎င်းထံတွင် ဆင်းကဒ်ပါ MI တံဆိပ်ပါ အနက်ရောင်ဖုန်း (၁)လုံး၊ ဆင်းကဒ်ပါ SAMSUNG GALAXY NEO တံဆိပ်ပါ အဖြူရောင်ဖုန်း(၁)လုံးတို့အား ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံ တစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိသည့်အပြင် မကွေးမြို့ပေါ်နေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်စစ်ဆေးသိရှိရ၍ ဖိုးချို(ခ)ဆန်းထွန်းလင်းအား မကွေးမြို့နယ်၊ မကွေး နယ်မြေရဲစခန်း (ပ)၃၄၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် အမှုမှ တရားခံ ဖိုးချို(ခ)ဆန်းထွန်းလင်းအား စစ်ဆေးရာ ၎င်းသည် လွန်ခဲ့သော (၅)ရက်ခန့်က HONOR အမျိုးအစား၊ အဖြူရောင်ဟမ်းဆက် တစ်လုံးအား မကွေးမြို့၊ ရန်အောင်ရပ်၊ (၁၆)လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ခိုးယူခဲ့ပြီး ချမ်းမြေ့သာယာကျေးရွာနေ ပြည့်ဖြိုးအောင်ထံ ငွေ(၄၀၀၀၀ိ/-)ဖြင့် ရောင်းချခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဖိုးချို(ခ)ဆန်းထွန်းလင်းအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၃၄၂/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ  အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။  
ဖိုးချို(ခ)ဆန်းထွန်းလင်းသည် လွန်ခဲ့သော(၁၅)ရက်ခန့်ကလည်း MI X5 အမျိုးအစား၊ အနက်ရောင် ဟမ်းစက်တစ်လုံးအား မကွေးမြို့၊ ရန်ပယ်ရပ်၊ အောင်ရတနာရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်းမှ ခိုးယူခဲ့ပြီး ချမ်းမြသာယာကျေးရွာနေ ကိုအေးလွင်ထံ ငွေ (၁၀၀၀၀၀ိ/-)ဖြင့် ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖိုးချို(ခ)ဆန်းထွန်းလင်းအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ) ၃၄၃/၂၀၁၉၊ ရာဇသတကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ  ထပ်မံအမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video