မကွေး၊ ဧပြီလ
၂၇ ရက်
၂၀၁၉
ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူး
သန်းလှိုင် သည် တာဝန်ဆောင်ရွက်နေစဉ် လူတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ
သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ထန်းကိုင်းကျေးရွာ၏ အနောက်မြောက်ဘက် (၁)မိုင်ခန့်အကွာ
ထန်းကိုင်းရေနံမှော်ရှိ ကိုကျောက်ပြား၏ နေအိမ်တဲမြောက်ဘက်ကိုက် (၁၀၀)ခန့် အကွာ လူသွားလမ်း၏မြောက်ဘက်တွင်
အမည်မသိ အသက်(၃၀)နှစ်ခန့်အမျိုးသားတစ်ဦးအား ၀ဲမျက်လုံးဘေး(၁)လက်မခန့်ပေါက်ပြဲ၊ ယာဂျိုစောင်း(၁.၅)လက်မခန့်ပေါက်ပြဲဒဏ်ရာတို့ဖြင့်
သေဆုံး နေသည်ကို တွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သူ
တရားခံအား စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် ဒုရဲမှူး သန်းလှိုင်မှ တရားလိုပြုလုပ်၍ မင်းလှမြို့မရဲစခန်း(ပ)၁၉၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ
၃၀၂ အရ အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမှုမှ သေဆုံးသူ
အမည်မသိ အမျိုးသားနှင့်ပတ်သက်၍ မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းလှိုင်နှင့် အဖွဲ့မှ
သေဆုံးသူ၏ ဓါတ်ပုံအား ဖြန့်ဝေစုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ မင်းလှမြို့နယ်၊
ဒီးဒုတ်ကန်ကျေးရွာနေ အောင်ကိုမင်း၊ ၃၅ နှစ်၊ (ဖ)ဦးငွေသီး ဖြစ်ကြောင်း ၎င်း၏မိဘများနှင့်
တွေ့ဆုံအတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူ အောင်ကိုမင်းသည်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ ည ၆ နာရီခန့်တွင် ဒီးဒုတ်ကန် ကျေးရွာရှိ ၎င်း၏သူငယ်ချင်းဖြစ်သူ
မောင်ပြည့်စုံအောင်၏ မင်္ဂလာဆောင်သို့ ရောက်ရှိခဲ့ပြီး ည ၉ နာရီခန့်တွင် ဒီးဒုတ်ကန်ကျေးရွာမှ
၎င်းအလုပ်လုပ်ကိုင်နေသည့် ထန်းကိုင်းရေနံမှော်သို့ ပြန်သွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှုမှ တရားခံ
စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ပတ်ဝန်းကျင်သက်သေ၊ ကွင်းဆက်သက်သေ များအား အသေးစိတ်
စစ်ဆေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ မြိုင်မြို့နယ်၊ ၀ယ်တောင် (မြောက်)ရွာနေ
မျိုးမင်းခိုင်နှင့် ဇော်ဦး တို့ဖြစ်ကြောင်း သိရသဖြင့် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး ထင်အောင်လင်းမှ မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ခင်မောင်ကျော်ထံ ဆက်သွယ်၍
ဖမ်းဆီး ပေးရန် အကူအညီတောင်းခံခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ည ၉ နာရီခွဲခန့်တွင်
မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်စွာဝင်းနှင့်အဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့်
ပူးပေါင်း၍ ၀ယ်တောင်(မြောက်)ကျေးရွာ - ဆင်စွယ်ကျေးရွာသွား လမ်းပေါ်ရှိ "မင်းသစ္စာ"စားသောက်ဆိုင်ရှေ့၌
တရားခံ မျိုးမင်းခိုင်၊ ၂၃ နှစ်နှင့် ဇော်ဦး၊ ၃၆ နှစ်တို့ (၂)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
မျိုးမင်းခိုင်နှင့် ဇော်ဦးတို့(၂)ဦး၏ ထွက်ဆိုချက်များအရ
အခင်းဖြစ်စဉ်က ဖိုးပွင့်(ခ)အောင်ပွင့်၊ ၄၇ နှစ် မှာလည်း ပါဝင်ကျူးလွန်ခဲ့ကြောင်း သိရသဖြင့်
စုံစမ်းဖမ်းဆီးခဲ့ရာ ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်တွင် ဖမ်းဆီးရမိခဲ့၍ ဥပဒေနှင့်အညီ
တရားစွဲတင်ပို့သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment