မကွေး၊ ဧပြီလ
၃၀ ရက်
၂၀၁၉
ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ည ၂၃ နာရီကျော်ခန့်တွင် ငဖဲမြို့နယ်၊
ပဒါန်းနယ်မြေရဲစခန်းမှူး ရဲအုပ် ဆောင်းတင် ဦးစီးတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ၊ ချင်းစုရပ်ကွက်နေ မမော်မော်၊ ၃၇
နှစ်၏နေအိမ်အား မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ရှာဖွေ
ဖမ်းဆီးခွင့်ဝရမ်းအမှတ်(၂/၂၀၁၉)ဖြင့် ၀င်ရောက်ရှာဖွေရာ မီးဖိုဆောင်အတွင်းမှ
အဖြူရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထည့်လျက် (အရိုး၊ အရွက်၊ အစေ့အခြောက်)
ဆေးခြောက်(၄၀)ကျပ်သားခန့် ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မမော်မော်အား
ပဒါန်းနယ်မြေရဲစခန်း မူးယစ်(ပ)၃/၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment