မကွေး၊ မေလ ၁ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့ နံနက် ၁၂ နာရီခန့်တွင် မင်းလှမြို့နယ်၊
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်အောင်လင်း၊ မင်းလှမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းထွန်း၊
မြို့နယ်စည်ပင်အမှုဆောင် အရာရှိ ဦးမျိုးနိုင်၊ မြို့နယ်ကျေးလက်ဖွံဖြိုးရေးဦးစီးမှူး
ဦးမင်းဇော်ဟန်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ဇာဇာငြိမ်းတို့ ဦးဆောင် သော ပူးပေါင်းအဖွဲ့များသည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ
ဒုတပ်ကြပ် ကျော်ဇင်ဌေး မောင်းနှင်သော 6P/6539 Suzuki မော်တော်ယာဉ်ပါ (၆)စီးဖြင့် နွေရာသီရေရှားပါးမှု
ဖြစ်ပေါ်နေသည့် မင်းလှမြို့နယ်၊ ကျောက်ပန်းတောင်းကျေးရွာအုပ်စု၊ ပျဉ်းပင်စန်းကျေးရွာသို့သွားရောက်၍
သောက်ရေသန့် (၅)ဂါလံ ဆံ့ (၁၅၀)ဗူးနှင့် သုံးရေဂါလံပေါင်း(၂၇၆၀)ဂါလံခန့်အား သွားရောက်လှူဒါန်းခဲ့ရာ
ရွာသူ/ရွာသား များမှ လက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment