၂၀၁၉ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ နံနက်
၉ နာရီခန့်မှ ၁၂ နာရီခန့်အထိ မြို့သစ်မြို့၊ မြို့မဈေး အနောက်ဘက်
ဗိုလ်မင်းရောင်လမ်းတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ 3H/3726 UD Counter မှုခင်းပညာပေးပြခန်းယာဉ်ဖြင့်
မြို့သစ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်တင့်၊ မကွေးမြို့၊ အမှတ်
(၁၅)မူးယစ်တပ်ဖွဲ့စုမှူး ယာယီရဲမှူး သန့်ဇော်၊ မြို့သစ်မြို့မရဲစခန်းမှူး ဒုရဲမှူး
ရွှေစိန်တို့ ပူးပေါင်းအဖွဲ့ မှ သက်ငယ်မုဒိမ်းမှုလျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှုအန္တရာယ်
တားဆီးကာကွယ်ရေး၊ မှုခင်း အသိပညာပေးဟောပြောခြင်း၊ ယာဉ်/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ
ပြုလုပ် ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ပါသည်။
Sunday, March 31, 2019
2:40 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၉ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ နံနက်
၈ နာရီခန့်မှ ၁၁ နာရီခန့်အထိ နတ်မောက်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်စိုး
ဦးစီးတပ်ဖွဲ့ဝင်များသည် မြို့နယ်မီးသတ်ဌာနမှ တပ်ကြပ် ဇော်နိုင်လင်း၊
မြို့နယ်ယာဉ်ကြီးကြပ်မှ ဦးအောင်မျိုးဝင်းတို့ ပူးပေါင်းပါဝင်သောအဖွဲ့သည်
နတ်မောက်မြို့၊ ဈေးရပ်ကွက်ရှိ ကြိဂံလမ်းဆုံ ကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူနှင့်
မော်တော်ယာဉ်များအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လက်ကမ်းစာစောင်(၁၁၀)ဖြန့်ဝေခြင်း၊
ရောင်ပြန်စတေကာများ ကပ်ပေးခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြော ခြင်းနှင့်
ယာဉ်မောင်းစဉ်လိုက်နာရမည့် စည်းကမ်းများ ရှင်းလင်းခြင်း၊ ပညာပေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိပါသည်။
2:38 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၉ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ နံနက်
၁၀ နာရီခန့်မှ ၁၁ နာရီခွဲခန့်အထိ ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဖေ ဦးစီးတပ်ဖွဲ့ဝင်များသည်
မြို့နယ်မီးသတ်ဌာနမှ တပ်ကြပ်ကြီး တင့်လွင့်ဦး၊ မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီ
အတွင်းရေးမှူး ဦးခင်မောင်တင့်၊ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ် ရေးမှူးများနှင့်အတူ
ရေစကြိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဂူကြီးဘုရားလမ်းဆုံတွင် ခရီးသွားပြည်သူ နှင့်
မော်တော်ယာဉ်များအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ ရောင်ပြန်စတစ်ကာများ
ကပ်ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
Friday, March 29, 2019
2:17 PM
minnthwin
Local News, Regional News
No comments
မကွေး၊ မတ်လ ၂၉ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက်
၉ နာရီခန့်မှ ၁၂ နာရီခွဲခန့်အထိ မကွေးမြို့၊ ရန်ပယ်ရပ်၊ မဲထီးလမ်းနှင့် ဇီဇ၀ါလမ်းထောင့်
ကောင်းမွန်မုန့်တိုက်ရှေ့နှင့် ရန်ပယ်ဈေးတို့တွင် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့၊
မှုခင်းပညာပေးပြခန်းယာဉ်အမှတ် 3H/3726 UD Counter ဖြင့် မဟာသင်္ကြန် ပွဲတော်မတိုင်မီ
မှုခင်းကျဆင်းရေးအတွက် မှုခင်းအသိပညာပေးဟောပြောခြင်း၊ ယာဉ်/လမ်း စည်းကမ်း အသိပညာပေးဟောပြောခြင်းများ
ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
မှုခင်းအသိပညာပေးဟောပြောပွဲသို့ ဈေးဝယ်သူများ၊
လမ်းသွားလမ်းလာများ၊ စုစုပေါင်း(၃၀၀)ဦးခန့် လာရောက်လေ့လာခဲ့ပြီး မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး ငွေတင် ဦးစီးတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စု(မကွေး)မှ ရဲအုပ်
သန်းဇော်လတ်၊ အမှတ်(၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မကွေး)မှ ဒုရဲမှူး ထွန်းလှအောင်တို့
ပူးပေါင်းအဖွဲ့မှ ရှင်းလင်းပြသပေးခဲ့ပါသည်။
မှုခင်းအသိပညာပေးဟောပြောပွဲတွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးမှ
မှုခင်းပိုင်ဆိုင်ရာများ အသိပညာ ပေး ဟောပြောခြင်း၊ မကွေးမြို့မရဲစခန်းမှူးနှင့် မကွေးနယ်မြေရဲစခန်းမှူးတို့မှ
မှုခင်းကျဆင်းရေး ဆိုင်ရာကိစ္စရပ်များ ဟောပြောခြင်း၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒုရဲမှူး ထွန်းလှအောင်မှ
ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းပိုင်းဆိုင်ရာများ ဟောပြောခြင်း၊ မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်
သန်းဇော်လတ်မှ မူးယစ် ဆေးဝါးဆိုင်ရာကိစ္စရပ်များ ဟောပြောခြင်း၊ လက်ကမ်းစာစောင်(၃၀၀)စောင်
ဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။11:35 AM
minnthwin
Local News, NEWS, Regional News
No comments
မကွေး၊ မတ်လ ၂၉ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့
ဆရာဒကာ လှူဒါန်းမှုအဖြစ် လစဉ်လှူဒါန်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့
နံနက် ၉ နာရီခန့်တွင်လည်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော် ဦးဆောင်၍
မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊ ဒုယာဉ်ထိန်းတပ်ဖွဲ့ခွဲ(မကွေး)မှ ဒုတပ်ဖွဲ့ခွဲမှူး၊
မှုခင်းရဲတပ်ဖွဲ့(မကွေး)မှ တပ်ဖွဲ့စုမှူး၊ သတင်းရဲတပ်ဖွဲ့(မကွေး)မှ ဒုတပ်ဖွဲ့ခွဲမှူးတို့
ပါဝင်သော တပ်ဖွဲ့များမှ စုပေါင်း၍ ရာဇမုနိဘုန်းတော်ကြီးကျောင်းသို့ ဆန်(၂)အိတ်၊ ဆီ(၅)ပိဿာအား
လည်းကောင်း၊ အောင်မြေရတနာဘုန်းတော်ကြီးကျောင်းသို့ ဆန်(၅)အိတ်၊ ဆီ(၁၀)ပိဿာအား လည်းကောင်း၊
ပုည၀တီဘုန်းတော်ကြီးကျောင်းသို့ ဆန်(၃)အိတ်၊ ဆီ(၁၀)ပိဿာအား လည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်း
သတင်းရရှိပါသည်။
Thursday, March 28, 2019
12:06 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေး၊ မတ်လ ၂၇ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ နံနက်
၉ နာရီခန့်မှ ၁၀ နာရီခွဲခန့်အထိ ထီးလင်းမြို့နယ်၊ ဆေးမင်တောနယ်မြေရဲစခန်းမှူး
ရဲအုပ် အောင်ကျော်ဝင်း ဦးစီးတပ်ဖွဲ့ဝင်များသည် နွယ်ပျဉ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဦးနှင့် ပြည်သူ(၈၀)ဦးခန့်တို့အား သက်ငယ်
မုဒိမ်း၊ မုဒိမ်းမှုများအကြောင်း၊ လူမှောင်ခို/လူကုန်ကူးမှုများအကြောင်း၊
မူးယစ်ဆေးဝါး အန္တရာယ်နှင့် ဆိုးကျိုးများ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာများ
အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
12:03 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေး၊ မတ်လ ၂၇ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ၂၁၄၅ အချိန် ပခုက္ကူမြို့နယ်၊
မြစ်ခြေနယ်မြေရဲစခန်းမှ ရဲအုပ် ကျော်သူရ ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
မြစ်ခြေ-ကမ္မ-ပခုက္ကူ ကားလမ်းဆုံတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် မြစ်ခြေဘက်မှ လယ်ယာကျေးရွာဘက်သို့
ပခုက္ကူမြို့၊ တိုးချဲ့ရပ်နေ လှမြိုင်၊ ၄၀ နှစ်၊ (ဖ)ဦးဖိုးကောင်း မောင်းနှင်လာသော Yinxiang
125 ခဲ/နက်ရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ လှမြိုင် လွယ်ထားသော ခရမ်း/အဖြူရောင် ကွက်စိတ်ချည်ထည်လွယ်အိတ်
အတွင်းမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ဓားဦးချွန်ဓားမြှောင်(၁)ချောင်း သိမ်းဆည်းရမိခဲ့သဖြင့် လှမြိုင်အား ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်း(ပ)၁၄/၂၀၁၉၊
လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
11:59 AM
minnthwin
Local News, NEWS, Regional News
No comments
မကွေး၊ မတ်လ ၂၇ ရက်
မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ငြိမ်း နှင့်အဖွဲ့သည်
မြို့ပေါ်ရပ်ကွက်များအတွင်း သက်သေများ နှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် ၂၀၁၉ ခုနှစ်၊
မတ်လ ၂၇ ရက်နေ့ နံနက် ၄ နာရီအချိန် မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်၊ မင်းဘူး-ကျောက်တန်းလမ်းအရောက်တွင်
မသင်္ကာဖွယ်လူငယ် (၂)ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးရာ လူငယ်(၁)ဦးမှာ ထွက်ပြေးသွားပြီး
ကျန်ရှိသည့် လူငယ်မှာ မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်နေ ကျော်ကိုချစ်၊ ၁၄ နှစ်ဖြစ်ပြီး
ထွက်ပြေးသွားသူမှာ တစ်ရပ်ကွက် တည်းနေ ယောက်ဖဖြစ်သူ မျိုးသိန်းထွေး၊ ၂၅ နှစ်ဖြစ်ကြောင်းနှင့်
လွန်ခဲ့သော(၁)လခန့်က ၎င်းနှင့် အတူ မျိုးသိန်းထွေး၊ အစ်မဖြစ်သူ မပပ(ခ)မဖူးပွင့်၊ ၂၂ နှစ်
တို့(၃)ဦးသည် မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက်၊ မြို့နယ်တရားရုံးအနီး အထည်နှင့် အလှကုန်ပစ္စည်းဆိုင်အတွင်းမှ
အလှကုန်ပစ္စည်း အမျိုးမျိုး စုစုပေါင်းတန်ဘိုး(၄၄၃၃၀၀)ကျပ်ခန့်အား ခိုးယူခဲ့ကြောင်း
ထွက်ဆိုချက်ဖြင့် ၎င်းတို့နေအိမ် မှ သိမ်းဆည်းရမိခဲ့၍ ကျော်ကိုချစ်ပါ(၃)ဦးတို့အား မင်းဘူးမြို့မရဲစခန်း(ပ)၆၀၅/၂၀၁၉၊
ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Wednesday, March 27, 2019
3:41 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေး၊ မတ်လ ၂၆ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက် ၈ နာရီခွဲခန့်မှ
၁၀ နာရီခွဲခန့်အထိ ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘိုဘိုထွဋ် ဦးစီးတပ်ဖွဲ့ဝင်များ၊
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးနေလင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ
တပ်ကြပ် မြင့်ဦး၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူး(၂)ဦးတို့ ပူးပေါင်း ပါဝင်သောအဖွဲ့သည်
ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။
3:37 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေး၊ မတ်လ ၂၆ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်မှ ၁၀
နာရီခွဲခန့်အထိ ထီးလင်းမြို့မရဲစခန်းမှူး ရဲအုပ် သိန်းဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
စာရေး(၁)ဦး ဇော်မင်းထွေး၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဇော်ဇော်မိုး၊ ပုဏ္ဏားကျေးရွာအုပ်ချုပ်ရေးမှူး
ဦးသိန်းလွင်တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့များသည် ထီးလင်း-ကျောက်ထုလမ်းဆုံတွင် ဖြတ်သန်းသွားလာ
နေသော မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း/ လမ်း စည်းကမ်းဆိုင်ရာ
စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
2:53 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေး၊ မတ်လ ၂၆ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ နေ့လည် ၂ နာရီခန့်မှ ၃
နာရီခွဲခန့်အထိ ချောက်မြို့မရဲစခန်းမှူး ဒုရဲမှူး လှနောင် ဦးစီးတပ်ဖွဲ့ဝင်များသည်
ချောက်မြို့နယ်၊ သွေးနက်ကျေးရွာအုပ်စု၊ သွေးနက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးငွေထွန်းနှင့် ကျေးရွာသူ/သား (၇၀)ဦးခန့်အားတို့အား သက်ငယ်မုဒိမ်းမှုလျော့နည်းကျဆင်းရေး၊
မူးယစ်ဆေးဝါးအန္တရာယ်၊ မှုခင်းလျော့နည်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာများအား
အသိပညာပေး ဟောပြောခြင်းများ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Sunday, March 24, 2019
2:18 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေး၊ မတ်လ ၂၄ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ၉ နာရီခန့်မှ ၁၀ နာရီကျော်ခန့် အထိ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော်၊ မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီး ဇော်နိုင်၊ အမှတ်(၃)ရပ်ကွက် ရာအိမ်မှူး ဦးသိန်းထွန်း၊ မော်တော်ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီမှ ကြီးကြပ်ရေးမှူး ဦးဝင်းဆွေတို့ ဦးဆောင်သော ပူးပေါင်း အဖွဲ့သည် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ အဝေးပြေးကားကြီးဝန်းအတွင်း မင်းဘူး - အမ်း - စစ်တွေ ပြေးဆွဲသည့် ရွှေသဇင်ခိုင်၊ ဝင်းရွှေစင်၊ ပန်းတိုင်၊ အောင်လံစိုး၊ မျိုးချစ်သူ ကားဂိတ်များသို့ သွားရောက်ပြီး ခရီးသည် ဝင်/ထွက် စစ်ဆေးခြင်း၊ ဂိတ်မှူး၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည်များအား ယာဉ်/ လမ်းအန္တရာယ်ကင်းရှင်းရေး အသိ ပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
2:01 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေး၊ မတ်လ ၂၄ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်မှ ၄ နာရီခန့်အထိ မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းလှိုင် ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးမောင်၊ မင်းလှမြို့၊ ရုံးရပ်တောင်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းမိုး၊ မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်၊ မြို့နယ်ယာဉ် ကြီးကြပ်ရေး ဥက္ကဌ ဦးသန်းမြင့်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဦးသန်းအေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းလှမြို့၊ ရုံးရပ်တောင်ပိုင်းရပ်ကွက်ရှိ မြို့အ၀င် လမ်းဆုံတွင် ခရီးသွားပြည်သူများအား ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း လိုက်နာစေရန်နှင့် ယာဉ်မတော်တဆမှုဖြစ်ပွားမှုများ လျော့နည်း ကျဆင်းရေး အသိ ပညာပေးဆောင်ရွက်ခဲ့ပြီး ယာဉ်/လမ်း စည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
Saturday, March 23, 2019
3:00 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်မှ ၁၀ နာရီခန့်အထိ
မြိုင်မြို့မရဲစခန်းမှူး ဒုရဲမှူး တင်ကိုကို၊ မြို့နယ်ထွေ/အုပ်စာရေး
ဦးစန်းမော်ဦး၊ မြို့နယ်မီးသတ်မှ တပ်ကြပ် သီဟကျော်တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့များသည်
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ မြိုင်မြို့နယ်၊
ပုသိမ်-မုံရွာ ကားလမ်း လမ်းဆုံတွင် ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများအား ယာဉ်စည်းကမ်း/
လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်(၈၀)ဖြန့်ဝေခြင်းများ
ဆောင်ရွက် ခဲ့ပါသည်။
ဆိတ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ဈေးလမ်းဆုံတွင် ဆိတ်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး ဘိုဘိုထွဋ် ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ထွေ/အုပ်မှ ဒုဦးစီးမှူး
ဦးနေလင်း၊ မြို့နယ်မီးသတ်မှ တပ်ကြပ်ကြီး သန်းထွေး တို့ ဦးဆောင်သော အဖွဲ့များသည် မြို့ပေါ်ရပ်ကွက်များမှ
အုပ်ချုပ်ရေးမှူးများနှင့်အတူ နံနက် ၈ နာရီမှ ၁၀ နာရီခွဲခန့်အထိ ဖြတ်သန်းသွားလာသော
ခရီးသွားပြည်သူများအား
ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း လက်ကမ်းစာစောင်(၃၀၀) ဖြန့်ဝေခြင်းများ
ဆောင်ရွက်ခဲ့ပါသည်။
ရေစကြိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေဂူကြီးဘုရားလမ်းဆုံတွင် ရေစကြိုမြို့မရဲစခန်းမှူး
ဒုရဲမှူး ဆန်းဦး ဦးစီးတပ်ဖွဲ့ဝင်များသည် နံနက် ၈ နာရီမှ ၁၀ နာရီခွဲခန့်အထိ ဖြတ်သန်းသွားလာသော
ခရီးသွားပြည်သူ များအား
ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင် (၃၀၀) ဖြန့်ဝေခြင်းများ
ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Posts (Atom)