မကွေး၊ မတ်လ ၂၇ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ၂၁၄၅ အချိန် ပခုက္ကူမြို့နယ်၊
မြစ်ခြေနယ်မြေရဲစခန်းမှ ရဲအုပ် ကျော်သူရ ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
မြစ်ခြေ-ကမ္မ-ပခုက္ကူ ကားလမ်းဆုံတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် မြစ်ခြေဘက်မှ လယ်ယာကျေးရွာဘက်သို့
ပခုက္ကူမြို့၊ တိုးချဲ့ရပ်နေ လှမြိုင်၊ ၄၀ နှစ်၊ (ဖ)ဦးဖိုးကောင်း မောင်းနှင်လာသော Yinxiang
125 ခဲ/နက်ရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ လှမြိုင် လွယ်ထားသော ခရမ်း/အဖြူရောင် ကွက်စိတ်ချည်ထည်လွယ်အိတ်
အတွင်းမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ဓားဦးချွန်ဓားမြှောင်(၁)ချောင်း သိမ်းဆည်းရမိခဲ့သဖြင့် လှမြိုင်အား ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်း(ပ)၁၄/၂၀၁၉၊
လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment