မကွေး၊ မတ်လ ၂၇ ရက်
မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ငြိမ်း နှင့်အဖွဲ့သည်
မြို့ပေါ်ရပ်ကွက်များအတွင်း သက်သေများ နှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် ၂၀၁၉ ခုနှစ်၊
မတ်လ ၂၇ ရက်နေ့ နံနက် ၄ နာရီအချိန် မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်၊ မင်းဘူး-ကျောက်တန်းလမ်းအရောက်တွင်
မသင်္ကာဖွယ်လူငယ် (၂)ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးရာ လူငယ်(၁)ဦးမှာ ထွက်ပြေးသွားပြီး
ကျန်ရှိသည့် လူငယ်မှာ မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်နေ ကျော်ကိုချစ်၊ ၁၄ နှစ်ဖြစ်ပြီး
ထွက်ပြေးသွားသူမှာ တစ်ရပ်ကွက် တည်းနေ ယောက်ဖဖြစ်သူ မျိုးသိန်းထွေး၊ ၂၅ နှစ်ဖြစ်ကြောင်းနှင့်
လွန်ခဲ့သော(၁)လခန့်က ၎င်းနှင့် အတူ မျိုးသိန်းထွေး၊ အစ်မဖြစ်သူ မပပ(ခ)မဖူးပွင့်၊ ၂၂ နှစ်
တို့(၃)ဦးသည် မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက်၊ မြို့နယ်တရားရုံးအနီး အထည်နှင့် အလှကုန်ပစ္စည်းဆိုင်အတွင်းမှ
အလှကုန်ပစ္စည်း အမျိုးမျိုး စုစုပေါင်းတန်ဘိုး(၄၄၃၃၀၀)ကျပ်ခန့်အား ခိုးယူခဲ့ကြောင်း
ထွက်ဆိုချက်ဖြင့် ၎င်းတို့နေအိမ် မှ သိမ်းဆည်းရမိခဲ့၍ ကျော်ကိုချစ်ပါ(၃)ဦးတို့အား မင်းဘူးမြို့မရဲစခန်း(ပ)၆၀၅/၂၀၁၉၊
ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment