Sunday, March 24, 2019

မကွေး၊ မတ်လ ၂၄ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ၉ နာရီခန့်မှ ၁၀ နာရီကျော်ခန့် အထိ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော်၊ မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီး ဇော်နိုင်၊ အမှတ်(၃)ရပ်ကွက် ရာအိမ်မှူး ဦးသိန်းထွန်း၊ မော်တော်ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီမှ ကြီးကြပ်ရေးမှူး ဦးဝင်းဆွေတို့ ဦးဆောင်သော ပူးပေါင်း အဖွဲ့သည် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ အဝေးပြေးကားကြီးဝန်းအတွင်း မင်းဘူး - အမ်း - စစ်တွေ ပြေးဆွဲသည့် ရွှေသဇင်ခိုင်၊ ဝင်းရွှေစင်၊ ပန်းတိုင်၊ အောင်လံစိုး၊ မျိုးချစ်သူ ကားဂိတ်များသို့ သွားရောက်ပြီး ခရီးသည် ဝင်/ထွက် စစ်ဆေးခြင်း၊ ဂိတ်မှူး၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည်များအား ယာဉ်/ လမ်းအန္တရာယ်ကင်းရှင်းရေး အသိ ပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video