Sunday, March 24, 2019

မကွေး၊ မတ်လ ၂၄ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်မှ ၄ နာရီခန့်အထိ မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းလှိုင် ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးမောင်၊ မင်းလှမြို့၊ ရုံးရပ်တောင်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းမိုး၊ မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်၊ မြို့နယ်ယာဉ် ကြီးကြပ်ရေး ဥက္ကဌ ဦးသန်းမြင့်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဦးသန်းအေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းလှမြို့၊ ရုံးရပ်တောင်ပိုင်းရပ်ကွက်ရှိ မြို့အ၀င် လမ်းဆုံတွင် ခရီးသွားပြည်သူများအား ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း လိုက်နာစေရန်နှင့် ယာဉ်မတော်တဆမှုဖြစ်ပွားမှုများ လျော့နည်း ကျဆင်းရေး အသိ ပညာပေးဆောင်ရွက်ခဲ့ပြီး ယာဉ်/လမ်း စည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။


 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video