၂၀၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်မှ ၁၀ နာရီခန့်အထိ
မြိုင်မြို့မရဲစခန်းမှူး ဒုရဲမှူး တင်ကိုကို၊ မြို့နယ်ထွေ/အုပ်စာရေး
ဦးစန်းမော်ဦး၊ မြို့နယ်မီးသတ်မှ တပ်ကြပ် သီဟကျော်တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့များသည်
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ မြိုင်မြို့နယ်၊
ပုသိမ်-မုံရွာ ကားလမ်း လမ်းဆုံတွင် ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများအား ယာဉ်စည်းကမ်း/
လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်(၈၀)ဖြန့်ဝေခြင်းများ
ဆောင်ရွက် ခဲ့ပါသည်။
ဆိတ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ဈေးလမ်းဆုံတွင် ဆိတ်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး ဘိုဘိုထွဋ် ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ထွေ/အုပ်မှ ဒုဦးစီးမှူး
ဦးနေလင်း၊ မြို့နယ်မီးသတ်မှ တပ်ကြပ်ကြီး သန်းထွေး တို့ ဦးဆောင်သော အဖွဲ့များသည် မြို့ပေါ်ရပ်ကွက်များမှ
အုပ်ချုပ်ရေးမှူးများနှင့်အတူ နံနက် ၈ နာရီမှ ၁၀ နာရီခွဲခန့်အထိ ဖြတ်သန်းသွားလာသော
ခရီးသွားပြည်သူများအား
ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း လက်ကမ်းစာစောင်(၃၀၀) ဖြန့်ဝေခြင်းများ
ဆောင်ရွက်ခဲ့ပါသည်။
ရေစကြိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေဂူကြီးဘုရားလမ်းဆုံတွင် ရေစကြိုမြို့မရဲစခန်းမှူး
ဒုရဲမှူး ဆန်းဦး ဦးစီးတပ်ဖွဲ့ဝင်များသည် နံနက် ၈ နာရီမှ ၁၀ နာရီခွဲခန့်အထိ ဖြတ်သန်းသွားလာသော
ခရီးသွားပြည်သူ များအား
ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင် (၃၀၀) ဖြန့်ဝေခြင်းများ
ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment