Friday, March 22, 2019


၂၀၁၉ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် အေးနိုင်၊ ချောက်မြို့မရဲစခန်းမှ ရဲအုပ် မြစိုးတို့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ  ချောက်-ဂွေးချိုသွားကားလမ်း၊ မိုင်တိုင်အမှတ် ၄၀၂/၁ အနီး ကားလမ်းတောင်ဘက် ဘေးတွင် ဇောင်ချမ်း-၁၂၅ ကလပ်ဘီး အနက်ရောင်ဆိုင်ကယ်ပေါ်တွင် ထိုင်နေသော လူငယ်နှစ်ဦး အား စစ်မေးရာ ၎င်းတို့နှစ်ဦးမှာ ချောက်မြို့၊ အမှတ်(၁)ဈေး တန်းလျားရပ်နေ အောင်နိုင်မိုး၊ ၂၄ နှစ် နှင့် ချောက်မြို့၊ အမှတ်(၃)ရပ်ကွက်နေ ပြည့်ဖြိုးသူ၊ ၂၀ နှစ်တို့ဖြစ်ပြီး ၄င်းတို့နှစ်ဦး၏ အောင်နိုင်မိုး လွယ်ထားသည့် ညို/နက်ရောင် ချည်လွယ်အိတ်အတွင်းမှ အဖြူရောင်စက္ကူဖြင့် ထုတ်ထားသော ဆေးခြောက်ဟု ယူဆရ သည့် အရိုး၊ အရွက်၊ အစေ့ပါအထုပ်(၁)ထုပ်၊ အလေးချိန်(၂၇)ဂရမ်ခန့်၊ အနက်ရောင် ခေါက်ပိုက်ဆံအိတ် အတွင်းမှ ငွေစက္ကူရောရာ (၄၂၅၅၀ိ/-)၊ VIVO အနက်ရောင်ဖုန်း (၁)လုံး၊ ပြည့်ဖြိုးသူ၏ လက်အတွင်းမှ MI အနက်ရောင် ဖုန်း(၁)လုံးတို့အား တွေ့ရှိသိမ်ဆည်းရမိခဲ့ ပါသည်။
ဆက်လက်၍ အောင်နိုင်မိုးနှင့် ပြည့်ဖြိုးဦးတို့၏ ထွက်ဆိုချက်အရ အောင်နိုင်မိုး၏နေအိမ်အား ဆေးခြောက် များ ကျန်ရှိနေသေးကြောင်း ပြောဆိုသဖြင့် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ မူးယစ် ဆေးဝါးရှာဖွေ ဖမ်းဝရမ်းအမှတ်(၇/၂၀၁၉)ဖြင့် ၀င်ရောက်ရှာဖွေရာ  အိပ်ကုတင်ခေါင်းရင်းရှိ ပန်းရောင် ၀တ်ဝံရုပ်အတွင်း ထည့်ထားသော အဖုံးအနီပိတ်ပါ ပလပ်စတစ်ကော်ဘူးအတွင်းမှ ဆေးခြောက်ဟု ယူဆရသော အရိုး၊ အရွက်၊ အစေ့ပါ(၃)ဂရမ်ခန့်၊ စုစုပေါင်း(၃၀)ဂရမ်၊ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်နိုင်မိုးနှင့် ပြည့်ဖြိုးသူ တို့(၂)ဦးအား ချောက်မြို့၊ မြို့မရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာ ဥပေဒပုဒ်မ ၁၆(ဂ)/၂၀(က)/၂၁ အရ  အရေးယူဆောင်ရွက်လျက် ရှိပါသည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင်လည်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် အေးနိုင်၊ စလေနယ်မြေရဲစခန်းမှ ဒုရဲအုပ် မောင်မောင်စိုးတို့သည် သက်သေ များနှင့်အတူ စလေ-မိုလာကားလမ်း၊ မိုင်တိုင်အမှတ် ၁/၁ နှင့် ၁/၂ အကြား ပန်းနုရောင် တိုက်တန်း လမ်းဆုံတွင် ယာယီနံပါတ် ၁၀၂၂ တပ်ဆင်ထားသော DAYANG-110 ကျောက်စိမ်းရောင် ဆိုင်ကယ် ပေါ်တွင် မသင်္ကာဖွယ် လူငယ် နှစ်ဦး ထိုင်လျက်တွေ့ရှိရ၍ စစ်ဆေးရာ ချောက်မြို့နယ်၊ အမှတ်(၁) ဈေးတန်းလျားရပ်နေ ရှိုင်းထက်ကျော် (ခ)ပီနိုင်း၊ ၂၁ နှစ်နှင့် ချောက်မြို့နယ်၊ အမြားစုရပ်နေ ထက်မြက်အောင်၊ ၂၀ နှစ်တို့ ဖြစ်ပြီး ရှိုင်းထက်ကျော် (ခ)ပီနိုင်း ၀တ်ဆင်ထားသည့် အစိမ်းပုတ်ရောင် အနွေးထည်အင်္ကျီအတွင်းမှ ပလပ်စတစ်အဖြူရောင် အိတ်ဖြင့်ထည့်ထားသည့် ဆေးခြောက်ဟု ယူဆရသော အရိုး၊ အရွက်၊ အစေ့ပါအထုပ်(၁)ထုပ်၊ အလေးချိန်(၁၂၀)ဂရမ်၊ ထက်မြက်အောင် ၀တ်ဆင်ထားသည့် အနက်/အဖြူကြား သရီးကွာတား ဘောင်းဘီတို ၀ဲဘက်အိတ်ကပ်အတွင်းမှ ပလပ်စတစ်အနက်ရောင်ဖြင့် ထည့်ထားသည့် ဆေးခြောက် ဟုယူဆရသော အရိုး၊ အရွက်၊ အစေ့ပါ အထုပ်(၁)ထုပ်၊ အလေးချိန်(၃၀)ဂရမ်၊ စုစုပေါင်းဂရမ် (၁၅၀) ဂရမ်နှင့် လက်ကိုင်ဖုန်း(၂)လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ရှိုင်းထက်ကျော်(ခ)ပီနိုင်းနှင့်ထက်မြက်အောင် တို့(၂)ဦးအား ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ  အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video