Wednesday, March 20, 2019

မကွေး၊ မတ်လ ၂၀ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခန့်ထိ ရေနံချောင်းမြို့နယ်၊ မာန်မြေ ကျေးရွာအုပ်စု၊ မာန်မြေအနောက်စုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်လယ်မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြို့နယ် ပြည်တွင်း အခွန်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူရေးဌာနတို့ပူးပေါင်း ပါဝင်သော မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)မှ ပြည်သူများ အမှန်တကယ် ဆောင်ရွက်လိုသည့် လုပ်ငန်း များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ကျေးရွာသူ/ကျေးရွာသားများ စုစုပေါင်းအင်အား(၃၀၀)ဦးခန့် တက်ရောက်ခဲ့ ပါသည်။
အဆိုပါရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ဦးမန်ကိုဟောမှ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခြင်း၊ ရဲမှူး ဇော်မင်းမှ ရဲတပ်ဖွဲ့မှ ကူညီဆောင်ရွက် ပေးမှုများနှင့် မှုခင်းလျော့နည်း ကျဆင်းရေး ဟောပြောရှင်းလင်းခြင်း၊ မှုခင်းလျော့နည်းကျဆင်းရေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးခြင်းနှင့် အခြားဌာနများမှလည်း အသီးသီး ၀န်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video