Wednesday, March 20, 2019

မကွေး၊ မတ်လ ၂၀ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ရေစကြိုမြို့မရဲစခန်းမှ ရဲအုပ် စိုးဝင်းခိုင် နှင့်အဖွဲ့သည် ရေစကြိုမြို့၊ အမှတ်(၂)စိတ္တသုခရပ် "ရိမ်းမိုး"လက်ဖက်ရည်ဆိုင်တွင် နှစ်လုံးထီ လောင်းကစား သတင်းအရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေရာ "ရိမ်းမိုး" လက်ဖက်ရည်ဆိုင် အနောက်ဘက်လမ်းကြားတွင် ရေစကြိုမြို့၊ အမှတ်(၂)တောင်သာရပ်ကွက်နေ ကျော်ခိုင်၊ ၅၈ နှစ်အား နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိခဲ့၍ ကျော်ခိုင်အား ရေစကြိုမြို့မရဲစခန်း(ပ)၂၂၅/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video