Friday, March 29, 2019

မကွေး၊ မတ်လ ၂၉ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်မှ ၁၂ နာရီခွဲခန့်အထိ မကွေးမြို့၊ ရန်ပယ်ရပ်၊ မဲထီးလမ်းနှင့် ဇီဇ၀ါလမ်းထောင့် ကောင်းမွန်မုန့်တိုက်ရှေ့နှင့် ရန်ပယ်ဈေးတို့တွင် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းပညာပေးပြခန်းယာဉ်အမှတ် 3H/3726 UD Counter ဖြင့် မဟာသင်္ကြန် ပွဲတော်မတိုင်မီ မှုခင်းကျဆင်းရေးအတွက် မှုခင်းအသိပညာပေးဟောပြောခြင်း၊ ယာဉ်/လမ်း စည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
မှုခင်းအသိပညာပေးဟောပြောပွဲသို့ ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာများ၊ စုစုပေါင်း(၃၀၀)ဦးခန့် လာရောက်လေ့လာခဲ့ပြီး မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင် ဦးစီးတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စု(မကွေး)မှ ရဲအုပ် သန်းဇော်လတ်၊ အမှတ်(၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မကွေး)မှ ဒုရဲမှူး ထွန်းလှအောင်တို့ ပူးပေါင်းအဖွဲ့မှ ရှင်းလင်းပြသပေးခဲ့ပါသည်။
မှုခင်းအသိပညာပေးဟောပြောပွဲတွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးမှ မှုခင်းပိုင်ဆိုင်ရာများ အသိပညာ ပေး ဟောပြောခြင်း၊ မကွေးမြို့မရဲစခန်းမှူးနှင့် မကွေးနယ်မြေရဲစခန်းမှူးတို့မှ မှုခင်းကျဆင်းရေး ဆိုင်ရာကိစ္စရပ်များ ဟောပြောခြင်း၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒုရဲမှူး ထွန်းလှအောင်မှ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းပိုင်းဆိုင်ရာများ ဟောပြောခြင်း၊ မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ် သန်းဇော်လတ်မှ မူးယစ် ဆေးဝါးဆိုင်ရာကိစ္စရပ်များ ဟောပြောခြင်း၊ လက်ကမ်းစာစောင်(၃၀၀)စောင် ဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video