မကွေး၊ မတ်လ ၂၉ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့
ဆရာဒကာ လှူဒါန်းမှုအဖြစ် လစဉ်လှူဒါန်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့
နံနက် ၉ နာရီခန့်တွင်လည်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော် ဦးဆောင်၍
မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊ ဒုယာဉ်ထိန်းတပ်ဖွဲ့ခွဲ(မကွေး)မှ ဒုတပ်ဖွဲ့ခွဲမှူး၊
မှုခင်းရဲတပ်ဖွဲ့(မကွေး)မှ တပ်ဖွဲ့စုမှူး၊ သတင်းရဲတပ်ဖွဲ့(မကွေး)မှ ဒုတပ်ဖွဲ့ခွဲမှူးတို့
ပါဝင်သော တပ်ဖွဲ့များမှ စုပေါင်း၍ ရာဇမုနိဘုန်းတော်ကြီးကျောင်းသို့ ဆန်(၂)အိတ်၊ ဆီ(၅)ပိဿာအား
လည်းကောင်း၊ အောင်မြေရတနာဘုန်းတော်ကြီးကျောင်းသို့ ဆန်(၅)အိတ်၊ ဆီ(၁၀)ပိဿာအား လည်းကောင်း၊
ပုည၀တီဘုန်းတော်ကြီးကျောင်းသို့ ဆန်(၃)အိတ်၊ ဆီ(၁၀)ပိဿာအား လည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment