Thursday, February 28, 2019

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲခန့်မှ ၁၁ နာရီခွဲခန့်အထိ စလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်၊ စလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဇော်၊ ယာဉ်ထိန်း ဒုရဲအုပ် နေလင်း ဦးစီးတပ်ဖွဲ့ဝင်များနှင့် ဒုမြို့နယ်ဥပဒေအရာရှိ ဦးစောရန်နောင်ဦးတို့သည် စလင်းမြို့နယ်၊ ဈေးမရပ်ကွက်၊ ဈေးတောင်ဘက်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ 3H/3726 UD Counter မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး ဟောပြောခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ဈေးသူ/ဈေးသားများနှင့် ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင် များအား ဖြန့်ဝေပေးအပ်ခဲ့ပါသည်။
ထို့နောက် နေ့လည် ၃ နာရီခန့်မှ ၅ နာရီခန့်ထိ စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာရှေ့ စလင်း-စေတုတ္ထရာ ကားလမ်းဘေးတွင် မှုခင်းအသိပညာပေးပြခန်းယာဉ်ဖြင့် ဥပဒေအကြောင်းအရာများနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ ရှင်းလင်းခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက် သည့် မှုခင်းဖြစ်စဉ်များအား ရှင်းလင်းဟောပြောခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိ ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်သူလူထုများ လာရောက်လေ့လာကြည့်ရှုခဲ့ကြပြီး ပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။









မကွေး၊ ဖေဖော်ဝါရီလ ၂၅  ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆရာဒကာ လှူဒါန်းမှုအဖြစ် လစဉ် လှူဒါန်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင်လည်း မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော် ဦးဆောင်၍ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ခင်မောင်လတ်၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး စိုင်းခမ်းလူ၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး စောလေးဝါး ဒုယာဉ်ထိန်း တပ်ဖွဲ့ခွဲ (မကွေး)မှ ဒုတပ်ဖွဲ့ခွဲမှူး၊ မှုခင်းရဲတပ်ဖွဲ့(မကွေး) မှ တပ်ဖွဲ့စုမှူး၊ သတင်းရဲတပ်ဖွဲ့ (မကွေး)မှ ဒုတပ်ဖွဲ့ခွဲမှူးတို့ ပါဝင်သော တပ်ဖွဲ့များမှ စုပေါင်း၍ ရာဇမုနိဘုန်းတော်ကြီးကျောင်းသို့ ဆန်(၂)အိတ်၊ ဆီ(၅)ပိဿာ အား လည်းကောင်း၊ အောင်မြေရတနာဘုန်းတော်ကြီးကျောင်းသို့ ဆန်(၅)အိတ်၊ ဆီ(၁၀)ပိဿာအားလည်းကောင်း၊ ပုည၀တီ ဘုန်းတော်ကြီးကျောင်းသို့ ဆန်(၃)အိတ်၊ ဆီ(၁၀) ပိဿာအားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။



Wednesday, February 27, 2019

မကွေးမြို့၊ ဖေဖော်ဝါရီလ ၂၆ ရက်     
၂၆.၂.၂၀၁၉ ရက်နေ့ ၁၁၂၅ အချိန် မကွေးတိုင်းဒေသကြီး၊ မှုခင်းအကူဌာနစုမှ ရဲအုပ် ဇင်မင်းထွန်း ၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးဇော်တို့ ဦးဆောင်သော ပူးပေါင်း အဖွဲ့သည် နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ စလင်းမြို့နယ်၊ မြောက်ချောင်းဖြူကျေးရွာနေ အောင်မျိုးလင်း၊ ၄၄ နှစ်၏ နေအိမ်အား မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၄/ ၂၀၁၉)ဖြင့် ၀င်ရောက်ရှာဖွေရာ အောင်မျိုးလင်းအား နေအိမ်ခေါင်းရင်းကပ်လျက်ရှိ သစ်ပင်အောက်တွင် ထိုင်လျက် ၎င်းရှေ့ စားပွဲပေါ်မှ သုံးလုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ HUAWEI ရွှေရောင်ဖုန်း(၁)လုံး၊ SAMSUNG အနက်ရောင်ဖုန်း(၁)လုံး၊ ငွေစက္ကူရောရာ(၄၁၂၀၀) ကျပ်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေရဲစခန်း(ပ)၁၃၆/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။


မကွေးမြို့၊ ဖေဖော်ဝါရီလ ၂၆ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၄ နာရီခန့်တွင် သရက်မြို့မ ရဲစခန်းမှ ဒုရဲအုပ် သူရအောင် နှင့်အဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်းတာဝန်ဆောင်ရွှက်နေစဉ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအ၀င် လမ်းမပေါ်တွင် မသင်္ကာဖွယ်လူ(၁)ဦးအား ဆိုင်ကယ်တွန်း လာသည်ကို တွေ့ရှိ၍ စစ်မေးရာ မင်းလှမြို့နယ်၊ ဆင်ဖြူကန်ကျေးရွာနေ အာကာဖြိုး၊ ၂၆ နှစ် ဖြစ်ပြီး ၎င်းတွန်းလာသည့် ၆၂ယ/ ၅၂၇၉၁ CANDA ဖြူ/နီကြားရောင် ဆိုင်ကယ် နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား ခိုင်လုံစွာပြောဆိုနိုင်ခြင်း မရှိသည့်အပြင် အဆောက်အဦတစ်ခုခု အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် တွေ့ရှိရသဖြင့် သရက်မြို့မရဲစခန်း(ပ)၁၂၆/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။


 

မကွေးမြို့၊ ဖေဖော်ဝါရီလ ၂၆ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့် တွင် မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ငြိမ်းနှင့်အဖွဲ့သည် သုံးလုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မန်းရေနံမြေအတွှင်းရှိ "၀မ်းနိုင်း"လက်ဘက်ရည်ဆိုင် တွင် စောင့်ဆိုင်းနေစဉ် မင်းဘူးမြို့နယ်၊ မန်းရေနံမြေ ဘားတိုက်ဟောင်းနေ အောင်စိုး၊ ၅၈ နှစ်မှာ ၆၅ယ/၆၆၅၁၄ ဟွန်ဒါ ၁၁၀ ခဲ/နက်ရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာ၍ ရှာဖွေစစ်ဆေးရာ ၎င်းလွယ်ထားသော အနက်ရောင်လွယ်အိတ်အတွင်း သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ် ပစ္စည်းများ၊ VIVO အနီရောင်ဖုန်း (၁)လုံး၊ HUAWEI အဖြူရောင် ဖုန်း(၁)လုံး၊ ငွေစက္ကူရောရာ (၄၉၅၀၀)ကျပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ သဖြင့် အောင်စိုးအား မင်းဘူးမြို့မရဲစခန်း (ပ)၄၅၄/ ၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

 

မကွေး၊ ဖေဖေါ်ဝါရီလ ၂၆ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်တိုက်မှုကြောင့် သေဆုံး/ ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက် စီမံချက်တစ်ရပ် အနေဖြင့် မြို့နယ်အသီးသီးတွင် မိတ်ဖက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည် ဖော် ဆောင်ရွက် လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်လည်း သတ်မှတ်စည်းကမ်း ချက်များနှင့် ကိုက်ညီမှု မရှိသော မော်တော်ယာဉ်/မော်တော် ဆိုင်ကယ်များအား အောက်ပါအတိုင်း အရေးယူ ဆောင်ရွက်ခဲ့ ရကြောင်း သတင်းရရှိပါသည်
(၁) မကွေးခရိုင်ရှိ မြို့နယ်(၆)ခုတွင် ဦးထုပ်မဆောင်းမှု(၃၆)မှု၊ နောက်ကြည့်မှန်မတပ်ဆင်မှု(၉)မှု၊ 
      ယာဉ်မောင်းလိုင်စင်မပါ (၅၃)မှု၊ ယာဉ်လိုင်စင်မပါမှု(၃)မှု၊ သုံးယောက်စီးနင်းခြင်း(၁)မှု၊ စုစုပေါင်း(၁၀၂)မှု
(၂) မင်းဘူးခရိုင်ရှိ မြို့နယ်(၅)ခုတွင် ဦးထုပ်မဆောင်းမှု(၂၉)မှု၊ နောက်ကြည့်မှန်မတပ်မှု(၁)မှု၊ ယာဉ်မောင်း 
      လိုင်စင်မပါ(၁၈)မှု၊ ယာဉ်လိုင်စင်မပါရှိခြင်း(၃)မှု၊ သုံးယောက်စီးနင်းခြင်း(၂)မှု၊ စုစုပေါင်း(၅၆)မှု
(၃) သရက်ခရိုင်ရှိ မြို့နယ်(၆)ခုတွင် ဦးထုပ်မဆောင်းမှု(၂၆)မှု၊ စုစုပေါင်း(၂၆)မှု
(၄) ပခုက္ကူခရိုင်ရှိ မြို့နယ်(၅)ခုတွင် ဦးထုပ်မဆောင်း(၂၂)မှု၊ ထိုင်ခုံခါးပတ်မပတ်ခြင်း(၂)မှု၊ ယာဉ်မောင်း
      လိုင်စင်မပါ(၆၅)မှု၊ ယာဉ်လိုင်စင်မပါမှု(၁)မှု၊ စုစုပေါင်း(၉၀)မှု
(၅) ဂန့်ဂေါခရိုင်ရှိ မြို့နယ်(၃)ခုတွင် ဦးထုပ်မဆောင်းမှု(၁၂)မှု၊ စုစုပေါင်း(၁၂)မှု





Tuesday, February 26, 2019

မကွေးမြို့၊ ဖေဖော်ဝါရီလ ၂၆ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမ၌ သရက်ခရိုင်ရဲတပ်ဖွဲ့နယ်မြေအတွင်း အထောက်အထားမဲ့ ခိုးဝင် မွတ်စလင် များ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ကူညီခဲ့ကြသည့် ပြည်သူများအား ဆုချီးမြှင့်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊ တိုင်းဒေသကြီး အကျဉ်းဦးစီးမှူး ဦးချစ်လွင်၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ခင်မောင်လတ်၊ သရက်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး မောင်မောင်ဇော်၊ မင်းတုန်းမြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်သိန်းထွန်း၊ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်အောင်လင်း၊ မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်မောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အထောက် အထားမဲ့ ခိုးဝင်မွတ်စလင်များ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ပြည်သူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အထောက်အထားမဲ့ခိုးဝင်မွတ်စလင်များ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် (၆၀)ဦး နှင့် ပူးပေါင်းပါဝင်ခဲ့သည့် ပြည်သူ(၄၆)ဦး၊ စုစုပေါင်း(၁၀၆)ဦးတို့အား တစ်ဦးလျှင် ဆုငွေ (၂၀၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်း(၂၁၂၀၀၀၀ိ/-)နှင့် ထောက်ပံ့ငွေ (၁၃၀၄၀၀၀ိ/-)တို့အား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။



 

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ထီးလင်းမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းမင်း ဦးစီး ရဲတပ်ဖွဲ့ဝင်များသည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဒိနှင့် ပူးပေါင်း၍ ထီးလင်း မြို့နယ်၊ ထလင်းကျေးရွာ၊ ကျေးရွာစုရပ်ဆောင်တွင် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတန်းမြင့်အောင် ပါ ပြည်သူလူထု (၁၂၀)ဦးခန့်တို့အား တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး ကိစ္စများ၊ မှုခင်းအသိပညာပေးဟောပြောခြင်းနှင့် ရဲတပ်ဖွဲ့ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများတွင် ဆောင်ရွက် ပေးလျက်ရှိသည့် လုပ်ငန်းအမျိုးအစားများ ရှင်းလင်းပြောကြားခြင်း၊ မှုခင်းပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 




၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လည် ၃ နာရီခန့်မှ ၄ နာရီခွဲခန့်အချိန်ထိ စေတုတ္ထရာ မြို့နယ်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဆွေ ဦးစီးတပ်ဖွဲ့ဝင်များသည် စေတုတ္ထရာမြို့နယ်၊ မထိမ်း ကျေးရွာ၊ ကျေးရွာစုရပ်ဆောင်တွင် ကျေးရွာသူ/ကျေးရွာသားများအား မှုခင်းလျော့နည်း ကျဆင်းရေး နှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။






Find Us on Facebook

Popular Posts

Video