Wednesday, February 27, 2019

မကွေးမြို့၊ ဖေဖော်ဝါရီလ ၂၆ ရက်     
၂၆.၂.၂၀၁၉ ရက်နေ့ ၁၁၂၅ အချိန် မကွေးတိုင်းဒေသကြီး၊ မှုခင်းအကူဌာနစုမှ ရဲအုပ် ဇင်မင်းထွန်း ၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးဇော်တို့ ဦးဆောင်သော ပူးပေါင်း အဖွဲ့သည် နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ စလင်းမြို့နယ်၊ မြောက်ချောင်းဖြူကျေးရွာနေ အောင်မျိုးလင်း၊ ၄၄ နှစ်၏ နေအိမ်အား မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၄/ ၂၀၁၉)ဖြင့် ၀င်ရောက်ရှာဖွေရာ အောင်မျိုးလင်းအား နေအိမ်ခေါင်းရင်းကပ်လျက်ရှိ သစ်ပင်အောက်တွင် ထိုင်လျက် ၎င်းရှေ့ စားပွဲပေါ်မှ သုံးလုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ HUAWEI ရွှေရောင်ဖုန်း(၁)လုံး၊ SAMSUNG အနက်ရောင်ဖုန်း(၁)လုံး၊ ငွေစက္ကူရောရာ(၄၁၂၀၀) ကျပ်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေရဲစခန်း(ပ)၁၃၆/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video