မကွေး၊ ဖေဖော်ဝါရီလ ၂၅ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့
ဆရာဒကာ လှူဒါန်းမှုအဖြစ် လစဉ် လှူဒါန်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈
ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင်လည်း မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်
ဦးဆောင်၍ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ခင်မောင်လတ်၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး
ယာယီဒုရဲမှူးကြီး စိုင်းခမ်းလူ၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး စောလေးဝါး ဒုယာဉ်ထိန်း တပ်ဖွဲ့ခွဲ
(မကွေး)မှ ဒုတပ်ဖွဲ့ခွဲမှူး၊ မှုခင်းရဲတပ်ဖွဲ့(မကွေး) မှ တပ်ဖွဲ့စုမှူး၊ သတင်းရဲတပ်ဖွဲ့
(မကွေး)မှ ဒုတပ်ဖွဲ့ခွဲမှူးတို့ ပါဝင်သော တပ်ဖွဲ့များမှ စုပေါင်း၍ ရာဇမုနိဘုန်းတော်ကြီးကျောင်းသို့
ဆန်(၂)အိတ်၊ ဆီ(၅)ပိဿာ အား လည်းကောင်း၊ အောင်မြေရတနာဘုန်းတော်ကြီးကျောင်းသို့ ဆန်(၅)အိတ်၊
ဆီ(၁၀)ပိဿာအားလည်းကောင်း၊ ပုည၀တီ ဘုန်းတော်ကြီးကျောင်းသို့ ဆန်(၃)အိတ်၊ ဆီ(၁၀) ပိဿာအားလည်းကောင်း
သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment