Thursday, February 28, 2019

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲခန့်မှ ၁၁ နာရီခွဲခန့်အထိ စလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်၊ စလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဇော်၊ ယာဉ်ထိန်း ဒုရဲအုပ် နေလင်း ဦးစီးတပ်ဖွဲ့ဝင်များနှင့် ဒုမြို့နယ်ဥပဒေအရာရှိ ဦးစောရန်နောင်ဦးတို့သည် စလင်းမြို့နယ်၊ ဈေးမရပ်ကွက်၊ ဈေးတောင်ဘက်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ 3H/3726 UD Counter မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး ဟောပြောခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ဈေးသူ/ဈေးသားများနှင့် ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင် များအား ဖြန့်ဝေပေးအပ်ခဲ့ပါသည်။
ထို့နောက် နေ့လည် ၃ နာရီခန့်မှ ၅ နာရီခန့်ထိ စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာရှေ့ စလင်း-စေတုတ္ထရာ ကားလမ်းဘေးတွင် မှုခင်းအသိပညာပေးပြခန်းယာဉ်ဖြင့် ဥပဒေအကြောင်းအရာများနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ ရှင်းလင်းခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက် သည့် မှုခင်းဖြစ်စဉ်များအား ရှင်းလင်းဟောပြောခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိ ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်သူလူထုများ လာရောက်လေ့လာကြည့်ရှုခဲ့ကြပြီး ပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video