၂၀၁၉
ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်မှ ၁၀ နာရီခွဲခန့်အထိ
စလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်၊ ဆင်ဖြူကျွန်းနယ်မြေရဲစခန်းမှူး
ရဲအုပ် စည်သူဝင်းတို့ အဖွဲ့သည် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေအပိုင်၊
မြောက်ရှားတောကျေးရွာအုပ်စု၊ စံပညာကိုယ်ပိုင် အထက်တန်းကျောင်းရှေ့တွင်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ 3H/3726 UD Counter မှုခင်း ပညာပေးပြခန်းယာဉ်ဖြင့်
လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်း ရေး ဟောပြောခြင်း၊
ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းဆရာ/ဆရာမများ၊
ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာနေ ပြည်သူ များ လာရောက်ကြည့်ရှုခဲ့ကြပြီး
အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ ပါသည်။
ထို့နောက် နံနက်
၁၁ နာရီခန့်မှ နေ့လည် ၁၂ နာရီခန့်ထိ
စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ အမှတ် (၂)ရပ်ကွက်၊ ပရိက္ခရာရပ်၊
ပြည်သူ့ဈေးတောင်ဘက် အများပြည်သူသွားလာရာ လမ်းမအနီးတွင် မှုခင်းအသိပညာပေးပြခန်းယာဉ်ဖြင့်
ဥပဒေအကြောင်းအရာများနှင့် ပတ်သက်သည့် ပြစ်မှု/ပြစ်ဒဏ်
များ ရှင်းလင်းခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့်
မှုခင်းဖြစ်စဉ်များအား ရှင်းလင်းဟောပြောခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ
ဆောင်ရွက်ခဲ့ရာ ခရီးသွားပြည်သူများနှင့် ဈေးသွားဈေးလာ ပြည်သူများမှ လာရောက်လေ့လာ
ကြည့်ရှုခဲ့ကြပြီး ပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း
သတင်းရရှိ ပါသည်။
0 comments:
Post a Comment