မကွေးမြို့၊ ဖေဖော်ဝါရီလ ၂၆ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၄ နာရီခန့်တွင် သရက်မြို့မ ရဲစခန်းမှ ဒုရဲအုပ် သူရအောင် နှင့်အဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်းတာဝန်ဆောင်ရွှက်နေစဉ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအ၀င် လမ်းမပေါ်တွင် မသင်္ကာဖွယ်လူ(၁)ဦးအား ဆိုင်ကယ်တွန်း လာသည်ကို တွေ့ရှိ၍ စစ်မေးရာ မင်းလှမြို့နယ်၊ ဆင်ဖြူကန်ကျေးရွာနေ အာကာဖြိုး၊ ၂၆ နှစ် ဖြစ်ပြီး ၎င်းတွန်းလာသည့် ၆၂ယ/ ၅၂၇၉၁ CANDA ဖြူ/နီကြားရောင် ဆိုင်ကယ် နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား ခိုင်လုံစွာပြောဆိုနိုင်ခြင်း မရှိသည့်အပြင် အဆောက်အဦတစ်ခုခု အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် တွေ့ရှိရသဖြင့် သရက်မြို့မရဲစခန်း(ပ)၁၂၆/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment