Wednesday, February 27, 2019


မကွေးမြို့၊ ဖေဖော်ဝါရီလ ၂၆ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့် တွင် မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ငြိမ်းနှင့်အဖွဲ့သည် သုံးလုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မန်းရေနံမြေအတွှင်းရှိ "၀မ်းနိုင်း"လက်ဘက်ရည်ဆိုင် တွင် စောင့်ဆိုင်းနေစဉ် မင်းဘူးမြို့နယ်၊ မန်းရေနံမြေ ဘားတိုက်ဟောင်းနေ အောင်စိုး၊ ၅၈ နှစ်မှာ ၆၅ယ/၆၆၅၁၄ ဟွန်ဒါ ၁၁၀ ခဲ/နက်ရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာ၍ ရှာဖွေစစ်ဆေးရာ ၎င်းလွယ်ထားသော အနက်ရောင်လွယ်အိတ်အတွင်း သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ် ပစ္စည်းများ၊ VIVO အနီရောင်ဖုန်း (၁)လုံး၊ HUAWEI အဖြူရောင် ဖုန်း(၁)လုံး၊ ငွေစက္ကူရောရာ (၄၉၅၀၀)ကျပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ သဖြင့် အောင်စိုးအား မင်းဘူးမြို့မရဲစခန်း (ပ)၄၅၄/ ၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video