Tuesday, February 26, 2019


၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ထီးလင်းမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းမင်း ဦးစီး ရဲတပ်ဖွဲ့ဝင်များသည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဒိနှင့် ပူးပေါင်း၍ ထီးလင်း မြို့နယ်၊ ထလင်းကျေးရွာ၊ ကျေးရွာစုရပ်ဆောင်တွင် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတန်းမြင့်အောင် ပါ ပြည်သူလူထု (၁၂၀)ဦးခန့်တို့အား တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး ကိစ္စများ၊ မှုခင်းအသိပညာပေးဟောပြောခြင်းနှင့် ရဲတပ်ဖွဲ့ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများတွင် ဆောင်ရွက် ပေးလျက်ရှိသည့် လုပ်ငန်းအမျိုးအစားများ ရှင်းလင်းပြောကြားခြင်း၊ မှုခင်းပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video