မကွေးမြို့၊ ဖေဖော်ဝါရီလ ၂၆ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမ၌ သရက်ခရိုင်ရဲတပ်ဖွဲ့နယ်မြေအတွင်း အထောက်အထားမဲ့ ခိုးဝင် မွတ်စလင် များ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ကူညီခဲ့ကြသည့် ပြည်သူများအား ဆုချီးမြှင့်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊ တိုင်းဒေသကြီး အကျဉ်းဦးစီးမှူး ဦးချစ်လွင်၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ခင်မောင်လတ်၊ သရက်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး မောင်မောင်ဇော်၊ မင်းတုန်းမြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်သိန်းထွန်း၊ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်အောင်လင်း၊ မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်မောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အထောက် အထားမဲ့ ခိုးဝင်မွတ်စလင်များ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ပြည်သူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အထောက်အထားမဲ့ခိုးဝင်မွတ်စလင်များ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် (၆၀)ဦး နှင့် ပူးပေါင်းပါဝင်ခဲ့သည့် ပြည်သူ(၄၆)ဦး၊ စုစုပေါင်း(၁၀၆)ဦးတို့အား တစ်ဦးလျှင် ဆုငွေ (၂၀၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်း(၂၁၂၀၀၀၀ိ/-)နှင့် ထောက်ပံ့ငွေ (၁၃၀၄၀၀၀ိ/-)တို့အား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment