Saturday, February 27, 2016












မင်းရွာကျေးရွာတွင် ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီး ဖွင့်ပွဲကျင်းပ
မင်းဘူး     ဖေဖော်ဝါရီ     ၂၇
          မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြိုနယ် မင်းရွာကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါကျေးရွာ ထရန်စဖော်မာစိုက်ထူ ထားသည့် ရွာလယ်ကွင်းတွင် ကျင်းပရာ မင်းရွာကျေးရွာ ကိုယ်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်၊ တိုင်းဒေသကြီး လျှပ်စစ် ဒုတိယ အင်ဂျင်နီယာမှူး ဦးထွားညွှန့််နှင့်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက ကိုယ်အားကိုယ်ကိုး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
          ဆက်လက်၍ မင်းရွာကျေားရွာ မီးလင်းရေးကော်မတီ နာယက ဦးဘိုစိန်မှ လျှပ်စစ်မီးလင်း ရေးနှင့်ပတ်သက်၍ပြောကြားရာတွင် ကျေးရွာမီးလင်းရေးကို(၂-၁၀-၂၀၁၂)ရက်နေ့မှ စတင်ကာ မီးတိုင်များစိုက်ထူခြင်း၊ လျှပ်စစ်မီးကြိုးများသွယ်တန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ငွေးကြေးပြည့်စုံလုံ လောက်မှုမရှိ၍ လုပ်ငန်းများရပ်ဆိုင်းထားရာမှ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ ကူညီပံ့ပိုးမှုဖြင့် လုပ်ငန်းများပြန်လည်ဆောင်ရွက်ခဲ့ပြီး မီးလင်းရန်ကျန်ရှိသည့် အဓိကပစ္စည်း (၂၀၀) KVA ထရန်စဖော်မာနှင့်ဆက်စပ်ပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ခေတ္တ ကူညီ ပံ့ပိုးမှုဖြင့် ဆက်လက်ဝယ်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ (၁၉-၂-၂၀၁၆)ရက်နေ့တွင် စတင်မီးလင်းခဲ့ ရာ ကျေးရွာအိမ်ခြေ(၁၉၇)အိမ်ရှိသည့်အနက် (၈၅)အိမ် လျှပ်စစ်မီးစတင်သုံးစွဲနေပြီဖြစ်ကြောင်း၊ လျှပ်စစ်မီးမရရှိသေးသည့် အိမ်ထောင်စုများအား ဆက်လက်ဆောင်ရွက်တပ်ဆင်ပေးလျှက်ရှိပါ ကြောင်း၊မင်းရွာကျေးရွာမီးလင်းရေးအတွက် ကုန်ကျငွေစုစုပေါင်း(၅၇၂)သိန်းကျော် ကုန်ကျခဲ့ပြီး ခေတ္တ ကူညီပံ့ပိုးငွေ သိန်း(၇၀)အားပြန်လည်ပေးဆပ်နိုင်ရန်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မင်းရွာ ကျေးရွာတွင်လျှပ်စစ်မီးရရှိနေပြီဖြစ်သည့်အတွက် ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ပေကုန်း၊ ရွှေလောင်း၊လျှော်ဖြူတောကျေး၇ွာများမှလည်း မီးလင်းရေးလုပ်ငန်းကို ကိုယ်အားကိုယ်ကိုးဆောင် ရွက်မည်ဆိုပါက မီးလင်းနိုင်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
          ထို့နောက် မင်းရွောကျေးရွာ ကိုယ်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲ အထိမ်းအမှတ် အလံများ ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီိးဝန်ကြီးချုပ်က လျှပ်စ်မီးလင်းရေးဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖြန်းပေးသည်။ ၄င်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည် ကျေးရွာအတွင်း လျှပ်စစ် သုံးစွဲမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာပြည်သူများ လျှပ်စ်မီးကို အန္တရာယ် ကင်းရှင်းစွာ အသုံးပြုဆောင်ရွက်နိုင်ရေး ပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးရန် တိုင်းဒေသ ကြီး ၀န်ကြီးချုပ်က တာဝန်ရှိသူများအား မှာကြားခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)

Thursday, February 25, 2016

နတ်မောက်မြို့ဆုတောင်းပြည့်စေတီတော်ဗုဒ္ဓပူဇနိရဘုရားပွဲတော်တွင်ကျင်းပရေးကော်မတီမှ
ကြီးကြပ်မြှုဖင့်ဘုရားပွဲဈေးသည်ကုသိုလ်အလှူရှင်များနှင့်မြို့ပေါ်ရှိအလှူရှင်များစုပေါင်း၍ဖေဖေါ်ဝါရီ
၂၃ရက်ညနေ၃နာရီကသံဃာတော်အပါး၂၁၀အားဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်းတွေ့ရစဉ်။ လှဝင်း(နတ်မောက်)
ထီးလင်းတွင် ကာကွယ်ဆေးတိုက်ကျွေး
ထီးလင်း ဖေဖော်ဝါရီ ၂၃
အမျိုးသားကာကွယ်ဆေးတိုက်နေ့များ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဖွင့်ပွဲကို ဖေဖော် ဝါရီ ဖေဖော်ဝါရီ ၂၀ ရက် နံနက်က ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနတွင်ပြုလုပ်ရာ မြို့နယ် ကျန်းမာရေးကော်မတီဥက္ကဌ ဦးတင်လတ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပို၊ မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးမောင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးတင် အောင်အေး၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ထီးလင်းမြို့နယ်တွင် အမျိုးသားကာကွယ်ဆေးတိုက်နေ့များဖြစ်သည့် ဖေဖော်ဝါရီ ၂၀ မှ ၂၂ ရက် အတွင်း မြို့နယ်အတွင်း ကျန်းမာရေးနယ်မြေအလိုက် ရပ်ကွက်/ကျေးရွာများ၌ မွေးကင်းစမှ ငါးနှစ်အရွယ် ကလေးများအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဂန့်ဂေါမြို့။

မီးနှင့်အမျိုးမျိုး အာမခံအကြောင်း သိကောင်းစရာ ပညာပေးဟောပြော
မကွေး ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ မီးနှင့်အမျိုးမျိုး အာမခံအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးတာဝန်ခံ ဦးကျော်မျိုး ဆွေက မီးနှင့်အမျိုးမျိုး အာမခံလုပ်ငန်းများအကြောင်း အကျယ်တ၀ံ့ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲသို့ စီးပွားရေးလုပ်ငန်းရှင် (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး လုပ်ငန်းရှင်များက မီးအာမခံထားရှိရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး တာဝန်ခံမှ အသေးစိတ် ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)





ZIKA Virus အကြောင်းနှင့်ပတ်သက်၍ မြို့နယ်အဆင့် အသိပညာပေးရှင်းလင်း

ငဖဲ     ဖေဖော်ဝါရီ      ၂၄
         

 မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ZIKA Virus အကြောင်းနှင့်ပတ်သက်၍ မြို့နယ်အဆင့် အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒေါက်တာအောင်ကျော်နိုင်က  ဇီကာရောဂါအကြောင်း သိကောင်းစ ရာများ ရောဂါကူးစက်ပုံနှင့် ရောဂါလက္ခဏာများ၊ ဇီကာရောဂါကူးစက်ဖြစ်ပွားမှုမရှိအောင် ကြိုတင် ကာကွယ်နေထိုင်ကြရန် ဆွေးနွေးပြောကြားကာ ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ မြို့နယ်ငှက်ဖျား အင်စပက်တော်ဦးအောင်နိုင်ဦးက ခြင်နှင့်ပတ်သက်သောရောဂါအကြောင်းနှင့်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို Power point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
          ထို့နောက် ငဖဲမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအဆင့်အထိ ဇီကာရောဂါကြိုတင် ကာ ကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)




ပွင့်ဖြူ     ဖေဖော်ဝါရီ     ၂၄
     မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာအုပ်စုနှင့် ဆင်လူးကျေးရွာအုပ်စု အတွင်းရှိ ရေပုတ်ကြီးကျေးရွာ၊လက်ယက်ကျေးရွာ၊ဆင်လူးကျေးရွာ များတွင်  ယခင်နှစ်များက နွေရာသီ သောက်သုံးရေ ရှားပါးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ ရေရှားပါးပြတ်လတ်မှုမရှိစေရေးအတွက်  ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးပါ တို့မှဦးဆောင်ကာ ကျေးရွာများရှိ စက်ရေတွင်းများနှင့်ရေတွင်းရေကန်များတွင် သောက်သုံးရေ ပြတ်လတ်မှုမရှိစေရေး လက်ရှိရေသုံးစွဲမှု၊ ရေလက်ကျန်အခြေအနေများအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
      ထို့ပြင် အဆိုပါ ကျေးရွာများရှိ ပူးပေါင်းဆောင်ရွက်မည့် ကျေးရွာကော်မတီ၊ လူမှုအဖွဲ့ အစည်းများနှင့်တွေ့ဆုံကာ အခက်အခဲကြုံတွေ့ပါက ဆက်သွယ်ဆောင်ရွက်မည့် တယ်လီဖုန်း နံပါတ်များပေးအပ်ထားရှိပြီး ဆောင်ရွက်မည့်အစီအစဉ်များအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)






ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်
မကွေး     ဖေဖော်ဝါရီ      ၂၅
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၂၅.၂.၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
          ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၈)ဦးတက်ရောက်၍ (၁၀၀) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
          ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင်ဦးရေ (၉)ဦးဖြင့် ဖွဲ့စည်းပြီး ၎င်းတို့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက တင်ပြပြီး ယင်းကော်မတီနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ၂၆.၂.၂၀၁၆ ရက်(သောကြာနေ့) လွှတ်တော်တတိယနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်၍ ၂၅.၂.၂၀၁၆ ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
          ၎င်းနောက် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဖွဲ့စည်းမည့် အဖွဲ့ဝင် များ၏အမည်စာရင်းကို  မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တင်ပြပြီး ယင်းအမည်စာရင်း နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၆.၂.၂၀၁၆ ရက် (သောကြာနေ့) လွှတ်တော် တတိယနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ပါ၍ ၂၅.၂.၂၀၁၆ ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
          ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီတွင် ဖွဲ့စည်းတာဝန် ပေးအပ်မည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို   မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တင်ပြရာ ကော်မတီဥက္ကဋ္ဌအဖြစ် မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်မျိုးဝင်းနှင့် အတွင်းရေးမှူး အဖြစ် မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်တို့ဖြစ်ကြောင်းတင်ပြပြီး ယင်းအမည်စာရင်း နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၆.၂.၂၀၁၆ ရက်(သောကြာနေ့) လွှတ်တော်တတိယနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်၍ ၂၅.၂.၂၀၁၆ ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ သည်။
          ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင်ဦးရေ(၉)ဦးဖြင့် ဖွဲ့စည်းပြီး ၎င်းတို့၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့ကို မင်းဘူး မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က တင်သွင်းပြီး ယင်းကော်မတီနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၆.၂.၂၀၁၆ ရက် (သောကြာနေ့) လွှတ်တော်တတိယနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်၍ ၂၅.၂.၂၀၁၆ ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
          ၎င်းနောက် မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်များ၏အမည်စာရင်းကို  မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တင်ပြပြီး ယင်း အမည်စာရင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၆.၂.၂၀၁၆ ရက် (သောကြာနေ့) လွှတ်တော်တတိယနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်၍ ၂၅.၂.၂၀၁၆ ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
          ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ တွင် ဖွဲ့စည်းတာဝန်ပေးအပ်မည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တင်ပြရာ ကော်မတီဥက္ကဋ္ဌအဖြစ် ဂန့်ဂေါမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးမြင့်ဇော် နှင့် အတွင်းရေးမှူးအဖြစ် အောင်လံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအေးကျော်တို့ဖြစ်ကြောင်း တင်ပြပြီး ယင်းအမည်စာရင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၆.၂.၂၀၁၆ ရက်(သောကြာနေ့) လွှတ်တော်တတိယနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်၍ ၂၅.၂.၂၀၁၆ ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်း နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၀း၃၀) အချိန်တွင် ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေး ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် (သောကြာနေ့) (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

Find Us on Facebook

Popular Posts

Video