Thursday, February 25, 2016

ထီးလင်းတွင် ကာကွယ်ဆေးတိုက်ကျွေး
ထီးလင်း ဖေဖော်ဝါရီ ၂၃
အမျိုးသားကာကွယ်ဆေးတိုက်နေ့များ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဖွင့်ပွဲကို ဖေဖော် ဝါရီ ဖေဖော်ဝါရီ ၂၀ ရက် နံနက်က ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနတွင်ပြုလုပ်ရာ မြို့နယ် ကျန်းမာရေးကော်မတီဥက္ကဌ ဦးတင်လတ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပို၊ မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးမောင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးတင် အောင်အေး၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ထီးလင်းမြို့နယ်တွင် အမျိုးသားကာကွယ်ဆေးတိုက်နေ့များဖြစ်သည့် ဖေဖော်ဝါရီ ၂၀ မှ ၂၂ ရက် အတွင်း မြို့နယ်အတွင်း ကျန်းမာရေးနယ်မြေအလိုက် ရပ်ကွက်/ကျေးရွာများ၌ မွေးကင်းစမှ ငါးနှစ်အရွယ် ကလေးများအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဂန့်ဂေါမြို့။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video