Thursday, February 25, 2016


မီးနှင့်အမျိုးမျိုး အာမခံအကြောင်း သိကောင်းစရာ ပညာပေးဟောပြော
မကွေး ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ မီးနှင့်အမျိုးမျိုး အာမခံအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးတာဝန်ခံ ဦးကျော်မျိုး ဆွေက မီးနှင့်အမျိုးမျိုး အာမခံလုပ်ငန်းများအကြောင်း အကျယ်တ၀ံ့ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲသို့ စီးပွားရေးလုပ်ငန်းရှင် (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး လုပ်ငန်းရှင်များက မီးအာမခံထားရှိရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး တာဝန်ခံမှ အသေးစိတ် ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video